အင်ဒိုနီးရှားရေငုပ်သင်္ဘောရေငုပ်သွားတဲ့နေရာနားမှာ ဆီကွက်ကြီးတွေ့ရှိ

News

အင်ဒိုနီးရှားရေငုပ်သင်္ဘောရေငုပ်သွားတဲ့နေရာနားမှာ ဆီကွက်ကြီးတွေ့ရှိတယ်လို့ဆိုပါတယ်။အဲ့ဒီရေငုပ်သင်္ဘောဟာ ယနေ့မနက် အင်ဒိုနီးရှားစံတော်ချိန်မနက် ၃ နာရီမှာ ရေငုပ်ခွင့်တောင်းခံပါတယ်။ရေအောက်ငုပ်သွားပြီးမကြာခင်မှာပဲ အဆက်အသွယ်ပြတ်ကာ စုပ်စမြုပ်စပျောက်သွားခဲ့ပါတယ်။မနက် ၇ နာရီမှာတော့ အဲ့ဒီရေငုပ်သွားရာနေရာနားမှာ ဆီကွက်ကြီးဖြစ်နေတာကိုတွေ့ရတယ်လို့ဆိုပါတယ်။အင်ဒိုနီးရှားကာချုပ်က မနက်ကျရင်အဲ့ဒီနေရာကိုလိုက်သွားမယ်လို့ဆိုပါတယ်။အရင်ကအင်ဒိုနီးရှားမှာ ဆိုဗီယက်လုပ်အပါအဝင် ရေငုပ်သင်္ဘော ၁၂ စီးရှိခဲ့ရာက အခုပျောက်ဆုံးနေတဲ့ KRI Nanggala 402 အပါအဝင် ၅ စီးပဲကျန်တာဖြစ်ပါတယ်။

ပျောက်ဆုံးနေတဲ့ KRI Nanggala 402 မှာ အမွှာဖြစ်သူ KRI Cakra 401 ရှိပါတယ်။ ၁၉၈၀ အနောက်ဂျာမနီရှိ Howaldtswerke သင်္ဘောကျင်းမှာ ပုံစံတူနှစ်စီးအတူဆောက်ခဲ့တာဖြစ်ပါတယ်။ဗဟုသုတအနေနဲ့ပြောရရင် ဒီရေငုပ်သင်္ဘောမှာ ဩစတေးလျရေတပ်နဲ့ ရာဇဝင်ရှိပါတယ်။အရှေ့တီမောမှာ နိုင်ငံသားတွေက အင်ဒိုနီးရှားထံမှ လွတ်လပ်ရေးရယူ၍ အရှေ့တီမောနိုင်ငံထူထောင်ရေး ရွေးကောက်ပွဲလုပ်စဉ်မှာ နိုင်ငံတကာငြိမ်းရေးတပ်ဖွဲ့ INTERFET အတွက် ဩစတေးလျစစ်သင်္ဘော HMAS Kanimbla က နယူဇီလန်ရေတပ်ဖရီဂိတ်နှစ်စီးနဲ့အတူ အင်ဒိုနီးရှားရေပိုင်နက်ကိုဝင်စဉ်မှာ ပြဿနာတက်ပါတယ်။အရင်ကအရှေ့တီမောကပေါ်တူဂီကိုလိုနီမို့လို့ ပေါ်တူဂီရေပိုင်နက်ဖြစ်ခဲ့ပေမယ့် ပေါ်တူဂီအထွက်မှာ အင်ဒိုတပ်တွေဝင်လာလို့ အင်ဒိုရေပိုင်နက်သဘောဖြစ်နေတာပါ။

အရှေ့တီမောအတွက်ဖွဲ့တဲ့ နိုင်ငံတကာငြိမ်းရေးတပ်ဖွဲ့ INTERFET ဟာ ကုလသမဂ္ဂ UN လက်အောက်ကမဟုတ်ပါ။အင်ဒိုရေငုပ်သင်္ဘောကပ္ပတိန်က တိုပီဒိုနဲ့ပစ်ဖို့ပြင်ဆင်ရန်အမိန့်ပေးပါတယ်။နယူးဇီလန်ရေတပ်ဖရီဂိတ်သင်္ဘောက အင်ဒိုရေငုပ်သင်္ဘောရှိနေတာကို ထောက်လှမ်းတွေ့ရှိပေမယ့် ဘယ်နေရာမှာရှိမှန်းအတိအကျမပြောနိုင်ပါ။ဩစတေးလျအစိုးရက အင်ဒိုအစိုးရကိုလှမ်းပြောတဲ့အတွက် ပြဿနာမဖြစ်ပဲပြီးသွားခဲ့တာပါ။အခုရေငုပ်သင်္ဘောပျောက်ဆုံးနေတော့ ဩစတေးလျရော၊ စင်ကာပူရော၊ အိန္ဒိယကပါ ကူညီရှာဖွေပေးဖို့ ပြောထားပါတယ်။ရေငုပ်သင်္ဘောတွေမှာ ပြဿနာတစ်ခုခုဖြစ်ရင် သင်္ဘောသားအားလုံးပါသွားတတ်တဲ့ပြဿနာရှိပါတယ်။အိန္ဒိယရေငုပ်သင်္ဘော Sindhurakshak ဆိုရင် ပြဿနာအကြိမ်ကြိမ်တက်ခဲ့ကာ နောက်ဆုံးမီးလောင်ပေါက်ကွဲပြီးသင်္ဘောသားတွေသေဆုံးခဲ့ဖူးပါတယ်။အဲ့ဒီအကြောင်းကို ဗဟုသုတအဖြစ်နောက်နေ့မှဆက်ရေးပါမယ်။

credit – Richard Myo Thant

Leave a Reply