အင်ဒိုနီးရှားစစ်တပ်၏ခေတ်သစ်အလတ်စားတင့်ကား (Modern Medium Weight Tank – MMWT)

Militarily

အင်ဒိုနီးရှားစစ်တပ်၏ ခေတ်သစ်အလတ်စားတင့်ကား (Modern Medium Weight Tank – MMWT)လိုအပ် ချက်အရ တူရကီ FNSS နှင့် အင်ဒို PT Pindad တို့ပူး ပေါင်းပြီး Kaplan(Medium tank)ကို ၂၀၂၀ တွင် ထုတ် လုပ်ပေးခဲ့သည်။ တူရကီမှ Kaplan(tiger) ဟုခေါ်တွင်ပြီး၊ အင်ဒိုမှ Harimu(tiger) သို့မဟုတ် Harimau Hitam (black tiger)ဟု ခေါ်တွင်သည်။ အင်ဒိုအတွက် ပထမအသုတ် Kaplan တင့်ကား ၁၈ – ၂၀ စီး မှာယူထားကာ ဘင်္ဂလားဒေ့ရှ် နှင့် ဖိလစ်ပင်းတို့မှ အစီး ၄၀ – ၅၀ အထိ မှာယူ ထားသည်။ Kaplan တင့်ကား၏ လက်နက်တပ်ဆင်သည့် ဆုံလည်မှာ Cockerill 3105 two-man turret ဖြစ်သည်။ အဆိုပါ turret ကို ဘယ်လ်ဂျီယံ CMI Defense မှထုတ်လုပ်ပေး ခြင်းဖြစ်သည်။

ပင်မအမြောက်အနေဖြင့် NATO စံပြု ၁၀၅ မမ ကျည်များကို ထည့်သွင်းပစ်ခတ်သည့် 105 mm rifled high-pressure gun ကို တပ်ဆင်ပေးထားသည်။ ပင်မ အမြောက်မှ ၄ ကီလိုမီတာ အကွာအဝေး အထိ ပစ်ခတ်နိုင် သည်။ ထည့်သွင်းအသုံးပြုသည့် ကျည်များအနေဖြင့် သံချပ် ကာဖောက်ကျည်များ၊ ပေါက်ကွဲအားပြင်းကျည်များနှင့် မီးခိုး မှိုင်းကာချသည့် ကျည်များကို ထည့်သွင်းပစ်ခတ်သည်။ ကျည်ထိုးစနစ်အနေဖြင့် rotary automatic loading system ကိုအသုံးပြုသောကြောင့် driver, gunner,commander ဟုဆိုကာ Crew ၃ ဦး လိုက်ပါဆောင်ရွက်သည်။ ကျည် ၁၆ တောင့် ကို autoloader တွင် ready to use အနေဖြင့် သိမ်းဆည်းထားရှိသည်။ ၇.၆၂ မမ ယှဥ်တွဲစက်သေနတ် အပြင် ၇.၆၂ မမ စက်သေနတ် ၁ လက်(သို့မဟုတ်) ၁၂.၇ မမ စက်သေနတ်ကြီး ၁ လက် ကိုလည်း အမိုးဖွင့်တံခါးနားတွင် တပ်ဆင်အသုံးပြုနိုင်သည်။

ပြောင်းချောအမြောက်ဖြစ်သည့် အတွက် Falarick 105(ATGW) လေဆာလမ်းညွှန်ပဲ့ထိန်း တင့်ဖျက်ဒုံးများကိုလည်း ထည့်သွင်းပစ်ခတ်နိုင်သည်။ Falarick တွင် tandem shaped charge warhead ကို တပ်ဆင်ပစ်ခတ်သဖြင့် ERAနောက်ကွယ်ရှိ ၅၅၀ မီလီမီတာ အထူရှိသော steel armor ကိုဖောက်ထွင်း နိုင်စွမ်းရှိသည်။Kaplan တင့်ကားသည် ရှေ့ထွက်အမြောက်ပါ အလျား ၉.၁ မီတာ၊ hull အလျား ၇ မီတာ၊ အကျယ် ၃.၂ မီတာ၊ အမြင့် ၂.၇ မီတာ အရွယ်အစားရှိပြီး ၃၂ တန် အလေးချိန် ရှိသော် လည်း add-on armor တပ်ဆင်ပါက ၃၅ တန် အလေးချိန် ရှိသည်။ မြင်းကောင်ရေ ၆၅၀ ရှိသော တာဘိုဒီဇယ်အင်ဂျင် ကို တင့်ကား၏ နောက်ဘက်တွင် တပ်ဆင်ထားပြီး တစ်နာရီ ၇၀ ကီလိုမီတာ အမြန်နှုန်းဖြင့် ၄၅၀ ကီလိုမီတာ အထိတိုက် ရိုက်မောင်းနှင်ကာ ရေအနက် ၁.၂ မီတာ ကိုဖြတ်သန်းမောင်း နှင်နိုင်သည်။

Kaplan တင့်ကားတွင် ခေတ်သစ် ပစ်ခတ်မှု ထိန်းချုပ်ရေးစနစ်နှင့်အတူ thermal imaging sights အပြင် အကွာအဝေးတိုင်းတာသည့် laser rangefinder စသည်ဖြင့် တပ်ဆင်ပေးထားသည့်အပြင် စစ်မြေပြင်စီမံ ခန့်ခွဲရေးအတွက် battlefield management system ကို လည်း တပ်ဆင်ပေးထားသည်။ Kaplan ၏ သံချပ်ကာမှာ modular armor ဖြစ်ကာ ၁၄ ၅ မမ သံချပ်ကာဖောက် ကျည်၏ ပစ်ခတ်မှုကို ခံနိုင်ရည်ရှိသော်လည်း higher level of protection အတွက် add-on armor တပ်ဆင်ပါက ၂၅ မမ သံချပ်ကာဖောက်ကျည်၏ ပစ်ခတ်မှုကိုပင် ခံနိုင်ရည် ရှိလာသည်။ Kaplan ၏ hull အောက်ပိုင်းမှာ TNT ယမ်း ၁၀ ကီလိုဂရမ် ရှိသော ပေါက်ကွဲမှုကို ခံနိုင်ရည်ရှိသည်။ NBC protection system အပြင် အလိုအလျောက်မီးငြိမ်းသတ်ရေးစနစ်ပါရှိသည့် ခေတ်သစ်အလတ်စားတင့် ဟုဆိုသည်။ laser warning system ၏ ကြိုတင်သတိ ပေးမှုကြောင့် ရန်သူ၏ လေဆာလမ်းညွှန်ဖြင့် တိုက်ခိုက်မှု ကိုရှောင်ရှားနိုင်သည်။ Kaplan ၏ 360° vision အတွက် ကင်မရာများကို တပ်ဆင်ပေးထားသည်။

credit – KokolinOo

Leave a Reply