အင်ဒိုနီးရှားက ယူကရိန်းဆီကနေ R-27 Air to Air Missileတွေ ဝယ်ယူသွားဘို့ရှိ
အင်ဒိုနီးရှားလေတပ်ဟာဆိုရင် သူတို့ရဲ့ SU-27နဲ့ SU-30တိုက်လေယာဉ်တွေမှာ တပ်ဆင်အသုံးပြုနိုင်ရန်အတွက် ယူကရိန်းတို့ရဲ့ R-27ဝေဟင်မှ ဝေဟင်ပစ်ဒုံးကျည်တွေကို ဝယ်ယူသွားဘို့ရှိတယ်လို့ Progressရဲ့ ပြောကြားချက်ကိုကိုကားပြီး Topwar.ruမှာ ရေးသားထားတာ တွေ့ရပါတယ်။

R-27ဒုံးကျည်တွေကို ဆိုဗီယက်ရုရှားက မူရင်းထုတ်လုပ်တာဖြစ်ပြီးယူကရိန်းက အဆိုပါ R-27ဒုံးကျည်တွေကို ဆိုဗီယက်ခေတ်မှာကတည်းက လိုင်စင်ယူထုတ်လုပ်နေတာဖြစ်ပါတယ်။ ဒုံးကျည်ဝယ်ယူမှုအသေးစိပ်နဲ့ပတ်သက်ပြီး Progressကရော အင်ဒိုနီးရှားဘက်ကပါ အသေးစိတ်ထုတ်ဖော်ပြောဆိုတာ မရှိသေးပါဘူး။ အင်ဒိုနီးရှားဟာ ရုရှားအပေါ်မှာ ပိတ်ဆို့ကန့်သတ်မှုအချို့ရှိနေတာကြောင့်မို့လို့ ယူကရိန်းကနေတစ်ဆင့် ဝယ်ယူလို့ကြိုးစားနေတာဖြစ်ပါတယ်။

Artemသတင်းအချက်အလက်တွေအရ R-27ဒုံးကျည်တွေဟာ တာလတ်ပစ် ဝေဟင်မှဝေဟင်ပစ် ပဲ့ထိန်းဒုံးကျည်အမျိုးအစားတွေဖြစ်ပါတယ်။ R-27ဒုံးတွေမှာ homing head, warhead, solid-propellant rocket motor and three hardpointsစနစ်တွေပါရှိပြီး SUနဲ့ MIGတိုက်လေယာဉ်တွေအတွက် အထူးသင့်လျော်တဲ့ လက်နက်စနစ်တွေဖြစ်တယ်လို့ သိရပါတယ်။

Credit – နိုင်ငံတကာရေးရာ သတင်း/ဆောင်းပါးများ