ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီမြန်မာနိုင်ငံဆိုင်ရာအထူးအစည်းအဝေးအခုပဲခေတ္တရပ်နားပါတယ်။ ပြန်စရင် NGO အဖွဲ့တွေရဲ့ပြောကြားချက်ကိုကြားနာပါမယ်။ယခုအထိကြားနာခဲ့သမျှမှာ ပထမဦးဆုံးမြန်မာနိုင်ငံဆိုင်ရာအထူးအစီရင်ခံရသူ Thomas Andews က အပြင်းထန်ဆုံးအစီရင်ခံပြီးတောင်းဆိုသွားပါတယ်။

သေနတ်နဲ့အပစ်သတ်ခံရတဲ့ အကြမ်းမဖက်ပဲဆန္ဒပြတဲ့ ကလေးမလေးအကြောင်းထည့်ပြောသွားပါတယ်။ အရေးယူမှုတွေကိုစာရွက်ပေါ်မှာပဲမလုပ်ဖို့တကယ်အက်ရှင်ပါဖို့ထည့်ပြောသွားပါတယ်။မြန်မာကိုယ်စားလှယ်အလှည့်မှာ နောက်ကခွေးလိုက်ဆွဲနေသလို – ခါးပိုက်နှိုက်အသည်းအသန်ပြေးနေရတဲ့လေသံနဲ့ စာရွက်ကိုအမြန်ဖတ်ပြသွားပါတယ်။မြန်မာပြည်ကကြက်တူရွေးက ဒီပွဲမျိုးတက်ရတာသနားစရာပါ။ မျက်နှာဆီးစေ့လောက်ရှိပါတယ်။
ခန်းမထဲမှာအဲကွန်းပိတ်ခံထားရသလိုပါ။အခုထိကြားနာခဲ့သမျှနိုင်ငံတွေထဲမှာ …ဥရောပနိုင်ငံများကိုအလွန်အားရပါတယ်။ဒန်းမတ်က တရားမဝင်အစိုးရလို့ထည့်ပြောသွားတယ်။ကျန်နိုင်ငံတွေက မြန်မာပြည်သူလူထုရဲ့လူ့အခွင့်အရေးအရဆန္ဒထုတ်ဖော်မှုကိုလေးစားဖို့၊ အကြမ်းမဖက်ဖို့၊ အင်တာနက်လိုင်းတွေမဖြတ်ဖို့၊ ဖမ်းဆီးထားတဲ့ခေါင်းဆောင်များကိုပြန်လွှတ်ဖို့ ပြောသွားပါတယ်။ အထူးသဖြင့်စကားပြောတာနဲ့အာဏာသိမ်းမှုကို အပြင်းထန်ဆုံးအထိရှုံ့ချကြောင်းပြောသွားပါတယ်။
အမေရိကန်သံအမတ်ကြီးဟာ စကားကို ၁။ ၂။ ၃။ ၄။ ၅။ နံပတ်ထိုးပြီးအတိုဆုံးပြောသွားပါတယ်။အလွန်ကောင်းတဲ့ပြောကြားချက်ပါ။ အထူးသဖြင့်သူတို့နဲ့အတူအရေးယူမှုမှာ ပူးပေါင်းပါဝင်ဖို့ပြောသွားပါတယ်။နယူဇီလန်ပြောကြားချက်ပြင်းထန်ပါတယ်။ နယူးဇီလန်ကမြန်မာပြည်သူတွေဘက်က တော်တော့ကိုပြင်းပြင်းထန်ထန်ပြောသွားတာပါ။အာစီယံနိုင်ငံများကတော့ မလေးလိုပြောရရင် – တာဘိုလေးပါ။ (သုံးမရပါ။)
ထူးထူးခြားခြားဖိလစ်ပိုင်ကမြန်မာပြည်သူတွေဘက်ကပြောသွားပါတယ်။တရုတ်၊ရုရှား – မျှော်လင့်ထားတဲ့အတိုင်းပါ။ ဒီလင့်မှာကြည့်လို့ရပါတယ်။
https://fb.watch/3CeRqxLpyX/
ကဲ … ပြန်စပြီး ဆုံးဖြတ်ချက်ထွက်မှ ဆက်တင်ပေးမယ်နော်။
credit – Richard Myo Thant