မိသားစုမှာ မောင်နှမတွေက တစ်နှစ်ပတ်လုံး အသေးအမွှားကိစ္စကြောင့် အချင်းချင်း ရန်ဖြစ်လေ့ရှိကြပါတယ်။ မကြာသေးမီက အမျိုးသားတစ်ဦးဟာ လမ်းပေါ်မှာ မီးနီကြောင့် ဆိုင်ကယ်ရပ်ထားချိန် သူ့ရဲ့အသိမိတ်ဆွေတစ်ဦးကို မတော်တဆတွေ့လိုက်ပြီး သူစိမ်းလို့ထင်ခဲ့ပေမဲ့ သူ့ရဲ့အချစ်ဆုံးညီမလေး ဖြစ်နေခဲ့ပါတယ်။ အစ်ကိုဖြစ်သူကို ဖုန်းဆက်တုန်းက အလုပ်မှာရှိနေတယ်လို့ပြောတဲ့ ညီမလေးက အခုတော့ တခြားကောင်လေးရဲ့ နောက်မှာ ဆိုင်ကယ်လိုက်စီးနေတဲ့ အဖြစ်ကို အစ်ကိုက တွေ့လိုက်ရပါတယ်။
အစ်ကိုဖြစ်သူက သူ့ညီမလေးကို မေးမြန်းချင်တဲ့စိတ်နဲ့ ဆိုင်ကယ်ပေါ်ကနေတောင် ဆင်းပြီး စကားပြောခဲ့တာပါ။ သူ့ညီမလေးလိုက်စီးတဲ့ ကောင်လေးက Mask တပ်ထားတော့ ကောင်လေးရဲ့ mask ကို ဖယ်လိုက်တဲ့အခါ သူ့ရဲ့အချစ်ဆုံးသူငယ်ချင်းဖြစ်နေခဲ့တာပါ။ အချစ်ဆုံးသူငယ်ချင်းက သူ့ညီမကို တိတ်တဆိတ် ချိန်းတွေ့နေတယ်ဆိုတာကို ဖမ်းမိသွားတဲ့နောက် အမျိုးသားက အံ့ဩသွားခဲ့ရပါတယ်။
JRose(Tgidailynews)
Zawgyi
အချစ်ဆုံးသူငယ်ချင်းက သူ့ရဲ့ညီမနဲ့ တိတ်တခိုးချိန်းတွေ့နေတာကို လမ်းမအလယ်မှာ ဖမ်းမိသွားတဲ့ အမျိုးသား
JRose(Tgidailynews)
Crd
Post Views:
20