အခေါက်ရွှေတွေ ဝယ်တဲ့အခါ ဘာဖြစ်လို့ မီးဖုတ်ကြည့်ကြတာလဲ

အခေါက်ရွှေတွေ ဝယ်တဲ့အခါ ဘာဖြစ်လို့ မီးဖုတ်ကြည့်ကြတာလဲ

အောက်တွင် Unicode ဖြင့်ဖတ်နိုင်ပါသည်။

အေခါက္ေ႐ႊေတြ ဝယ္တဲ့အခါ ဘာျဖစ္လို႔ မီးဖုတ္ၾကည့္ၾကတာလဲ

ေ႐ႊဟာ တျခားသတၱဳအေရာ မပါဘဲ သူ႔ခ်ည္းပဲရွိတဲ့ အေျခအေနမွာ ဘယ္လိုအပူရွိန္နဲ႔ပဲ ေတြ႕ေတြ႕ ပုံေဆာင္ခဲဘဝ ျပန္ေရာက္တဲ့အခ်ိန္မွာ

မူလအေရာင္ကေနေသြဖည္သြားျခင္း မရွိပါဘူး။ ဒါကိုက သတၱဳေတြထဲမွာ ထူးျခားတဲ့ဂုဏ္သတၱိကိုပိုင္ဆိုင္ထားတာပါ။

ထိုနည္းတူ ေဘာ္စစ္စစ္ (ေငြစင္) သတၱဳဟာလည္း ဒီဂုဏ္သတၱိကို ပိုင္ဆိုင္ထားပါတယ္။

တျခားသတၱဳေတြကေတာ့ မီးဖုတ္လိုက္တဲ့အခါ မည္းသြားတာတို႔ အေရာင္ေျပာင္းသြားတာတို႔ ျဖစ္ေလ့ရွိပါတယ္။

ဒါေၾကာင့္ေ႐ႊတစ္က်ပ္သားထဲကို ၁၅ ပဲရည္စပ္လို႔ ေၾကးနီ တစ္ပဲ ေရာစပ္လိုက္တဲ့အခါမ်ိဳးမွာ အဲဒီေ႐ႊကို မီးဖုတ္လိုက္ရင္ မည္းသြားတာကို ေတြ႕ရပါတယ္။

ဒါဟာ အျခားသတၱဳတစ္မ်ိဳး စပ္လိုက္လို႔ပါ။ပန္းထိမ္အေခၚ အငန္ရည္လို႔ ေခၚပါတယ္။

အကယ္၍ ေ႐ႊတစ္က်ပ္သားထဲကို ေဘာ္ (ေငြစင္) တစ္ပဲသား စပ္လိုက္ရင္ေတာ့ အဲဒီေ႐ႊ ၁၅ပဲရည္ဟာ မီးဖုတ္တဲ့အခါ မည္းသြားျခင္း မရွိဘဲ မူလေ႐ႊေရာင္ကဲ့သို႔လင္းေနဦးမွာပါ။

သို႔ေသာ္ မသိမသာ ေငြနဲ႔ေရာစပ္ထားတဲ့အေရာင္ (ပန္းထိမ္အေခၚ အဖန္ေရာင္) ဘက္ကို သိသာစြာ ယိမ္းသြားမွာပါ။

ဒီနည္းကိုေတာ့ ထိုင္းေ႐ႊေတြက အသုံးျပဳပါတယ္။ က်ေနာ္တို႔ေစ်းကြက္မွာ အဖန္ရည္လို႔ ေခၚပါတယ္။

ဟိုးတုန္းက ေ႐ႊရည္တိုင္းတဲ့စက္ေတြ မေပၚလာခင္တုန္းက အေခါက္ေ႐ႊထဲကို တစ္က်ပ္သားလွ်င္ ေဘာ္ႏွစ္ေ႐ြးခန္႔စပ္ၿပီး ေရာင္းခ်ခဲ့တာမ်ိဳးေတြ ရွိခဲ့ပါတယ္။

ဒီဘက္ေခတ္ Density တိုင္းတဲ့စက္ေတြေပၚလာတဲ့အခါမွာေတာ့ အဲဒီလိုေရာစပ္တာမ်ိဳးေတြ မရွိေတာ့ဘဲ အေခါက္စစ္စစ္ အရည္ျပည့္မီတာေတြပဲ ေရာင္းဝယ္ျပဳလုပ္လာၾကပါတယ္။

ေ႐ႊအထည္ပ်က္ ဝယ္ယူျခင္းလုပ္ငန္းေတြမွာ ၁၅၊ ၁၄.၅၊ ၁၄၊ ၁၃.၅၊ ၁၃ ပဲ စတာေတြကို မွတ္ၾကမ္း (သို႔) မဟူရာမွတ္ေခ်ာနဲ႔ ၾကည့္ၿပီး၊

အဲဒီအရည္ေအာက္ေရာက္တဲ့ ေ႐ႊအထည္ပ်က္ေတြကိုေတာ့ မွတ္ေခ်ာေပၚတင္ ငရဲမီးစမ္းၿပီးအရည္ခြဲၾကပါတယ္။

အေခါက္ (သို႔) အေခါက္ပ်က္ေ႐ႊမ်ိဳးကိုေတာ့ မွတ္ေခ်ာပြတ္ၾကည့္၊ ၿပီးရင္ မူလအေရာင္အတိုင္း က်န္မက်န္၊ ဖန္သလား ငန္သလား၊

ဂေဟ ဘယ္ေလာက္မ်ားသလဲဆိုတာမ်ိဳးေတြကို မီးဖုတ္ၾကည့္ၿပီးမွ ဆုံးျဖတ္ႏိုင္တာမို႔ အေခါက္(သို႔) အေခါက္ပ်က္မ်ား ဝယ္ယူတဲ့အခါ မီးဖုတ္ၾကည့္ၾကတာ ျဖစ္ပါတယ္။

Credit – Ye Man Aung

Unicode

အခေါက်ရွှေတွေ ဝယ်တဲ့အခါ ဘာဖြစ်လို့ မီးဖုတ်ကြည့်ကြတာလဲ

ရွှေဟာ တခြားသတ္တုအရော မပါဘဲ သူ့ချည်းပဲရှိတဲ့ အခြေအနေမှာ ဘယ်လိုအပူရှိန်နဲ့ပဲ တွေ့တွေ့ ပုံဆောင်ခဲဘဝ ပြန်ရောက်တဲ့အချိန်မှာ

မူလအရောင်ကနေသွေဖည်သွားခြင်း မရှိပါဘူး။ ဒါကိုက သတ္တုတွေထဲမှာ ထူးခြားတဲ့ဂုဏ်သတ္တိကိုပိုင်ဆိုင်ထားတာပါ။

ထိုနည်းတူ ဘော်စစ်စစ် (ငွေစင်) သတ္တုဟာလည်း ဒီဂုဏ်သတ္တိကို ပိုင်ဆိုင်ထားပါတယ်။

တခြားသတ္တုတွေကတော့ မီးဖုတ်လိုက်တဲ့အခါ မည်းသွားတာတို့ အရောင်ပြောင်းသွားတာတို့ ဖြစ်လေ့ရှိပါတယ်။

ဒါကြောင့်ရွှေတစ်ကျပ်သားထဲကို ၁၅ ပဲရည်စပ်လို့ ကြေးနီ တစ်ပဲ ရောစပ်လိုက်တဲ့အခါမျိုးမှာ အဲဒီရွှေကို မီးဖုတ်လိုက်ရင် မည်းသွားတာကို တွေ့ရပါတယ်။

ဒါဟာ အခြားသတ္တုတစ်မျိုး စပ်လိုက်လို့ပါ။ပန်းထိမ်အခေါ် အငန်ရည်လို့ ခေါ်ပါတယ်။

အကယ်၍ ရွှေတစ်ကျပ်သားထဲကို ဘော် (ငွေစင်) တစ်ပဲသား စပ်လိုက်ရင်တော့ အဲဒီရွှေ ၁၅ပဲရည်ဟာ မီးဖုတ်တဲ့အခါ မည်းသွားခြင်း မရှိဘဲ မူလရွှေရောင်ကဲ့သို့လင်းနေဦးမှာပါ။

သို့သော် မသိမသာ ငွေနဲ့ရောစပ်ထားတဲ့အရောင် (ပန်းထိမ်အခေါ် အဖန်ရောင်) ဘက်ကို သိသာစွာ ယိမ်းသွားမှာပါ။

ဒီနည်းကိုတော့ ထိုင်းရွှေတွေက အသုံးပြုပါတယ်။ ကျနော်တို့စျေးကွက်မှာ အဖန်ရည်လို့ ခေါ်ပါတယ်။

ဟိုးတုန်းက ရွှေရည်တိုင်းတဲ့စက်တွေ မပေါ်လာခင်တုန်းက အခေါက်ရွှေထဲကို တစ်ကျပ်သားလျှင် ဘော်နှစ်ရွေးခန့်စပ်ပြီး ရောင်းချခဲ့တာမျိုးတွေ ရှိခဲ့ပါတယ်။

ဒီဘက်ခေတ် Density တိုင်းတဲ့စက်တွေပေါ်လာတဲ့အခါမှာတော့ အဲဒီလိုရောစပ်တာမျိုးတွေ မရှိတော့ဘဲ အခေါက်စစ်စစ် အရည်ပြည့်မီတာတွေပဲ ရောင်းဝယ်ပြုလုပ်လာကြပါတယ်။

ရွှေအထည်ပျက် ဝယ်ယူခြင်းလုပ်ငန်းတွေမှာ ၁၅၊ ၁၄.၅၊ ၁၄၊ ၁၃.၅၊ ၁၃ ပဲ စတာတွေကို မှတ်ကြမ်း (သို့) မဟူရာမှတ်ချောနဲ့ ကြည့်ပြီး၊

အဲဒီအရည်အောက်ရောက်တဲ့ ရွှေအထည်ပျက်တွေကိုတော့ မှတ်ချောပေါ်တင် ငရဲမီးစမ်းပြီးအရည်ခွဲကြပါတယ်။

အခေါက် (သို့) အခေါက်ပျက်ရွှေမျိုးကိုတော့ မှတ်ချောပွတ်ကြည့်၊ ပြီးရင် မူလအရောင်အတိုင်း ကျန်မကျန်၊ ဖန်သလား ငန်သလား၊

ဂဟေ ဘယ်လောက်များသလဲဆိုတာမျိုးတွေကို မီးဖုတ်ကြည့်ပြီးမှ ဆုံးဖြတ်နိုင်တာမို့ အခေါက်(သို့) အခေါက်ပျက်များ ဝယ်ယူတဲ့အခါ မီးဖုတ်ကြည့်ကြတာ ဖြစ်ပါတယ်။

Credit – Ye Man Aung

Crd

Crd