အခု နောက်ဆုံးမျိုးဆက် လျှပ်စစ်ကား (EV) တွေရဲ့ Battery အနှစ် ဘယ်လောက် အသုံးခံမလဲ..
လျှပ်စစ်ကား (EV) တွေရဲ့ Battery LiFePo4 ကို ကြေညာထားတာက 80% DOC မှာ အကြိမ် ၆၀၀၀ ခံမယ်လို့ရေးထားပါတယ်။ အလကားတော့ ရေးထားတာမဟုတ်ပါဖူး။ Test lab တွေကို ပိုပြီးမှာ Certify လုပ်ပြီး ကြော်ညာ ကြတာပါ။ Brand battery တွေကိုပြောတာပါ။
အဓိပ္ပာယ်ကတော့ တကြိမ်ကို ၈၀ % အထိ ကျအောင် သုံးရင် အကြိမ် ၆၀၀၀ သုံးလို့ရပါတယ် ပြောတဲ့ သဘောပါပဲ။ အဲတော့ ၆၀၀၀ ကို ၃၆၅ နဲ့ စားရင် ၁၆ နှစ်လောက် သုံးရမယ် ဆိုတဲ့ သဘောပါပဲ။ ဒါတောင် တနေ့ ၈၀% အထိ သုံးရင်ပြောတာပါ။ ဒါကြောင့်မို့ (EV) လျှပ်စစ်ကားတွေထုတ်တဲ့ သူတွေက ၈ နှစ် မိုင် တသိန်း warranty ပေးကျပါတယ်။
ဒီမှာ တချို့က warranty ပြောရင် အဲဒီအချိန် ပျက်မှာလား။ မဟုတ်ပါ။ warranty သဘောက အာမခံပါ။ လျော်မယ့် သဘောပါ။ warranty ထက် အများကြီး ကျော်သုံးရပါတယ်။ တချို့က Nissan Leaf ကို ကြည့်ပြီး နှိုင်းယှည် ကျတယ်။ မတူတော့ပါဘူး။ Technology ကတော့ အမြဲ ပြောင်းလဲနေတာပါ။ ဖုန်းတွေ laptop တွေ ကိုကြည့်ပါ။
အဲတော့ ကျွန်တော်ရဲ့ အတွေ့အကြုံအရတော့ အခု ထုတ်တဲ့ Grade A LiFePo4 battery တွေကတော့ အနဲဆုံး ၁၅ နှစ်လောက်တော့ သုံးရမယ်ထင်ပါတယ်။ နောက်ဆုံး အခုထုတ်နေတဲ့ CATL battery ကတော့ကြမ်းတယ်။ အခုထုတ်မဲ့ battery တွေ ကတော့ မိုင်တသန်းနှစ်သိန်း 1.2 miiloin miles နဲ့ ၁၆ နှစ် warranty ပေးပါတယ်တဲ့။
ယုံတာမယုံတာတော့ မိတ်ဆွေတွေရဲ့ သဘောပါ။ Industry မှာလုပ်နေတဲ့ သူတွေ ဆိုရင်တော့ Certify သဘောတရားကို နားလည်ကျမှာပါ။ အလကားတော့ လျှောက်ရေး ကြော်ငြာလို့ မရပါဖူး။ ကျေးဇူးပါ ခင်ဗျာ..
Kyaw Oo (Ei Engineering)
Post Views:
5