အခုလိုချိန်မှာ ပိုက်ဆံမကိုင်ချင်ရင် ဘာတွေဝယ်ထားပြီး ဘယ်လို အမြတ်ရအောင် လုပ်မလဲ

အခုလိုချိန်မှာ ပိုက်ဆံမကိုင်ချင်ရင် ဘာတွေဝယ်ထားပြီး ဘယ်လို အမြတ်ရအောင် လုပ်မလဲ













အခုလိုချိန်မှာ ပိုက်ဆံမကိုင်ချင်ရင် ဘာတွေဝယ်ထားပြီး ဘယ်လို အမြတ်ရအောင် လုပ်မလဲ..

ဘာတွေဝယ်ထားသင့်သလဲမေးတိုင်း မိမိက (ကုန်သည် မဟုတ်တဲ့အတွက်) ကျောင်းဆရာရှူထောင့်ကနေကြည့်ပြီး liquidity ဖြစ်မှုကိုသာ ဦးစားပေးကာ ငွေသား ဒေါ်လာ ($ cash) ဒါမှမဟုတ် ရွှေကိုသာ လက်ဝယ်ထားဖို့ပြောလေ့ရှိပါတယ်။ ကုန်သည်ရှူထောင့်က ကြည့်မယ်ဆိုရင်တော့ အမြတ်ရနိုင် တာတွေအများကြီးရှိပါတယ်။

ဥပမာ – ဆောက်လုပ်ရေးမှာ အဆက်စပ်ရှိရင် သံချောင်းတွေက နိုင်ငံခြားကနေဒေါ်လာ နဲ့ဝယ်သွင်းရတာဖြစ်လို့၊ ဒေါ်လာစျေးတက်ရင်၊ အသွင်းရ ခက်ရင်.. မြတ်မယ် မဟုတ်လားဗျာ။ ဘိလပ်မြေလိုပစ္စည်းကတော့ ပြည်တွင်းကလည်းထွက်တယ်၊ မိုးရာသီမှာ ခဲနိုင်တယ်၊ ဆောက်လုပ်ရေးတွေပါးမယ်ဆိုတော့ ဗဟုသုတတော့ ရှိထားဖို့လိုမှာပေါ့။

အလားတူပဲ မီးဖိုချောင်သုံးပစ္စည်းဆိုရင် စားဆီကပြည်ပက တင်သွင်းရတယ်။ လောက်ငှတယ်ဆိုတာ ဘယ်တုံးကမှ မရှိဘူး။ ဒီတော့ တစ်ဒေါ်လာဘယ်စျေးနဲ့ သွင်းခွင့်ရမလဲ၊ ဆီတန်ချိန် အဝင်ဘယ်လောက်ရှိလဲ၊ ဘယ်တော့ သင်းဘောတွေ ဆိုက်မလဲဆိုတာလောက်သိရင် ဝယ်ထားလို့ရတာပေါ့။

တောင်သူထွက်ကုန်ဆိုရင် ပဲမျိုးစုံရှိတယ်။ ပိုးထိုးမှာလား။ ဘယ်လိုထားသိုရမလဲ၊ ဘယ်ရာသီထွက်လို့ ဘယ်ရာသီမှာ ရောင်းရမှာလည်းလောက်သိရင်၊ အဆက်စပ်ရှိရင်လုပ်လို့ ရနိုင်မှာပေါ့။ ကြက်သွန်နီလိုမျိုးကတော့ ခြောက်လေပေါ့ပြီး အလေးချိန်လျော့လေ၊ ကြာလေခြောက်လေ၊ နေရာကျယ်ကျယ်မှာ လှောင်ရတော့ သိရုံနဲ့မရ၊ နေရာပါရှိမှ ရမယ်ပေါ့။

ပြောချင်တာကတော့ဗျာ.. မျက်စိဖွင့်၊ နားစွင့်ရှိရမဲ့အပြင် မိတ်ကောင်း၊ ဆွေကောင်းပေါရင်တော့ လုပ်စရာတွေအများကြီးသူ့နေရာနဲ့သူ ရှိပါတယ်။ ပြောခဲ့သလိုပဲ အသိနဲ့ဆက်စပ်မှု လေးတွေတော့လိုတာပေါ့။

ဓါတ်မြေဩဇာဝယ်ထားချင်ရင် ဘယ်သူ၊ ဘယ်ကာလမှာ၊ ဘာအတွက်သုံးမှာလည်းလောက်တော့ ကိုယ်တိုင်လည်းသိရမှာပေါ့။ ဒီလိုပစ္စည်းတွေတင်သွင်း ရောင်းချနေသူတွေက ခရိုနီ၊ စိမ်း၊ ဝါ၊ ပြာတွေ မဟုတ်လားဗျာ။ (Kyaw San)



Post Views:
4








Crd