အခုတေလာ အရမ္းေဟာ့ေနတဲ့ က်ပ္ ၁၀၀၀၀ တန္ကို အတုအစစ္ အလြယ္တကူ ခြဲျခားသိျမင္ႏိုင္သည့္ အခ်က္အလက္မ်ား…

အခုတေလာ အရမ္းေဟာ့ေနတဲ့ က်ပ္ ၁၀၀၀၀ တန္ကို အတုအစစ္ အလြယ္တကူ ခြဲျခားသိျမင္ႏိုင္သည့္ အခ်က္အလက္မ်ား…
ယမန္ေန႔က ပူတာအိုၿမိဳ႕ မူလာရွီးဒီးတြင္ စစ္ေဆးေတြ႕ရွိမိသည့္ ေငြစကၠဴအတုမ်ားမွ အခ်ိဳ႕စကၠဴမ်ားကိုမူ ဖေယာင္းရည္ ေလာင္းထားသည္ဟု ေဒသခံတစ္ဦးက ေျပာသည္။
“ကိုင္ၾကည့္ရင္သိသာတယ္။ အေပၚေထာင္လိုက္ရင္ ၾကာပန္းတို႔ နံပါတ္ေတြက မျမင္ရဘူး။ အေသးစိတ္ၾကည့္စရာကို မလိုဘူး။ အရမ္းသိသာလို႔ တခ်ိဳ႕တစ္႐ြက္တေလဆို ဖေယာင္းသြင္းထားတဲ့ဟာေတာင္ ပါတယ္။ ဖေယာင္းသြင္းထားတဲ့ဟာက ေရစိုခံတယ္။
မ်က္စိနဲ႔ၾကည့္ရင္ အစစ္အတိုင္းပဲ၊ သိပ္မသိသာဘူး။ ကိုင္ၾကည့္မွ သိသာတယ္။ ၿပီးရင္ မ်က္လုံးေကာင္းမွ သိႏိုင္တယ္။ မ်က္လုံးမေကာင္းရင္ မသိႏိုင္ဘူး”ဟု ေဒသခံတစ္ဦးက ယမန္ေန႔က ၎တို႔ေတြ႕ျမင္ခဲ့ရသည့္ ၁၀၀၀၀ တန္ ေငြစကၠဴအေၾကာင္း ကိုေျပာျပသည္။
မ်က္စိအျမင္ျဖင့္ ေငြစကၠဴအတုအစစ္ ခြဲျခားႏိုင္ရန္ခက္ခဲၿပီး လက္ျဖင့္ကိုင္ၾကည့္ျခင္း၊ ေငြစကၠဴ၏ ဘယ္ဘက္ျခမ္းတြင္ရွိသည့္ CBM ဆိုသည့္ စာသားႏွင့္ ၾကာပန္းပုံတို႔ကို အလင္းေရာင္ထိုးကာ စစ္ေဆးၾကည့္ျခင္းမ်ားျဖင့္ သိႏိုင္သလို ဂဏန္းေနရာမ်ားကို လက္ျဖင့္ပြတ္ၾကည့္ပါက ၾကမ္းတမ္းေနမည္ျဖစ္ၿပီး ေငြႀကိဳးကို အလင္းေရာင္ထဲတြင္ၾကည့္ပါက ပန္းခရမ္းေရာင္ႏွင့္ အစိမ္းေရာင္ႏွစ္မ်ိဳး တလွည့္စီ ေတြ႕ျမင္ရမည္ျဖစ္ေၾကာင္း သိရသည္။ ထို႔အျပင္ ေငြကၠဴကို ေရေလာင္းၾကည့္ျခင္းျဖင့္လည္း စမ္းသပ္ႏိုင္ေၾကာင္း ျမစ္ႀကီးနားၿမိဳ႕ဘဏ္တြင္ လုပ္ခဲ့ဖူးသည့္ CDM ဝန္ထမ္းတစ္ဦးက ေျပာသည္။
“အတုနဲ႔ အစစ္က ေတာ္ေတာ္ကြာတယ္၊ အခုေနာက္ပိုင္းအတုေတြက အစစ္နီးနီး တူမယ္ထင္တယ္။ အရင္အတုကေတာ့ ကြာတယ္။ ကိုင္ၾကည့္တာနဲ႔ တန္းသိႏိုင္တယ္။ အခုအတုဘဲ မေျပာတက္ဘူး။ အဲဒီအျဖဴေရာင္ေနရာမွာ ေနထိုးၾကည့္လိုက္ရင္ တန္းသိႏိုင္တယ္။ ပါတဲ့ ေငြႀကိဳးလည္း (မတူဘူး) ကြဲတယ္”ဟု ရွင္းျပသည္။
စစ္အာဏာသိမ္းၿပီးေနာက္ စီးပြားေရးအၾကပ္အတည္းဆိုက္လာသည့္ ယခုကာလတြင္ ေငြစကၠဴအတု ေရာင္းဝယ္မႈ၊ သုံးစြဲမႈ ျပႆနာမ်ားလည္း ျဖစ္ေပၚျပန႔္ႏွံ႔လာပါသည္။
ကခ်င္ျပည္နယ္တြင္ ျမစ္ႀကီးနားၿမိဳ႕အျပင္ ေျမာက္ဖ်ားပိုင္း ပူတာအိုၿမိဳ႕အထိ ၁၀၀၀၀ တန္ ေငြစကၠဴအတုမ်ားကို ရည္႐ြယ္ခ်က္ရွိရွိ ကိုင္ေဆာင္သုံးစြဲလာသည့္ ပုံစံမ်ားကို ေတြ႕ျမင္လာရပါသည္။
ယမန္ေန႔ ဩဂုတ္လ ၂၄ ရက္ေန႔တြင္ ပူတာအိုၿမိဳ႕ မူလာရွီးဒီးရပ္ကြက္၌ တစ္ေသာင္းတန္ က်ပ္ေငြစကၠအတုျဖင့္ ေဈးလာဝယ္သူတစ္ဦးသည္ က်ပ္ေငြအတုသိန္းခ်ီကိုင္ေဆာင္ကာ ေဈးလိုက္ဝယ္ေနသည္ဟု သိရသည္။Kachinwaves
Unicodeအခုတလော အရမ်းဟော့နေတဲ့ ကျပ် ၁၀၀၀၀ တန်ကို အတုအစစ် အလွယ်တကူ ခွဲခြားသိမြင်နိုင်သည့် အချက်အလက်များ…
ယမန်နေ့က ပူတာအိုမြို့ မူလာရှီးဒီးတွင် စစ်ဆေးတွေ့ရှိမိသည့် ငွေစက္ကူအတုများမှ အချို့စက္ကူများကိုမူ ဖယောင်းရည် လောင်းထားသည်ဟု ဒေသခံတစ်ဦးက ပြောသည်။
“ကိုင်ကြည့်ရင်သိသာတယ်။ အပေါ်ထောင်လိုက်ရင် ကြာပန်းတို့ နံပါတ်တွေက မမြင်ရဘူး။ အသေးစိတ်ကြည့်စရာကို မလိုဘူး။ အရမ်းသိသာလို့ တချို့တစ်ရွက်တလေဆို ဖယောင်းသွင်းထားတဲ့ဟာတောင် ပါတယ်။ ဖယောင်းသွင်းထားတဲ့ဟာက ရေစိုခံတယ်။
မျက်စိနဲ့ကြည့်ရင် အစစ်အတိုင်းပဲ၊ သိပ်မသိသာဘူး။ ကိုင်ကြည့်မှ သိသာတယ်။ ပြီးရင် မျက်လုံးကောင်းမှ သိနိုင်တယ်။ မျက်လုံးမကောင်းရင် မသိနိုင်ဘူး”ဟု ဒေသခံတစ်ဦးက ယမန်နေ့က ၎င်းတို့တွေ့မြင်ခဲ့ရသည့် ၁၀၀၀၀ တန် ငွေစက္ကူအကြောင်း ကိုပြောပြသည်။
မျက်စိအမြင်ဖြင့် ငွေစက္ကူအတုအစစ် ခွဲခြားနိုင်ရန်ခက်ခဲပြီး လက်ဖြင့်ကိုင်ကြည့်ခြင်း၊ ငွေစက္ကူ၏ ဘယ်ဘက်ခြမ်းတွင်ရှိသည့် CBM ဆိုသည့် စာသားနှင့် ကြာပန်းပုံတို့ကို အလင်းရောင်ထိုးကာ စစ်ဆေးကြည့်ခြင်းများဖြင့် သိနိုင်သလို ဂဏန်းနေရာများကို လက်ဖြင့်ပွတ်ကြည့်ပါက ကြမ်းတမ်းနေမည်ဖြစ်ပြီး ငွေကြိုးကို အလင်းရောင်ထဲတွင်ကြည့်ပါက ပန်းခရမ်းရောင်နှင့် အစိမ်းရောင်နှစ်မျိုး တလှည့်စီ တွေ့မြင်ရမည်ဖြစ်ကြောင်း သိရသည်။ ထို့အပြင် ငွေက္ကူကို ရေလောင်းကြည့်ခြင်းဖြင့်လည်း စမ်းသပ်နိုင်ကြောင်း မြစ်ကြီးနားမြို့ဘဏ်တွင် လုပ်ခဲ့ဖူးသည့် CDM ဝန်ထမ်းတစ်ဦးက ပြောသည်။
“အတုနဲ့ အစစ်က တော်တော်ကွာတယ်၊ အခုနောက်ပိုင်းအတုတွေက အစစ်နီးနီး တူမယ်ထင်တယ်။ အရင်အတုကတော့ ကွာတယ်။ ကိုင်ကြည့်တာနဲ့ တန်းသိနိုင်တယ်။ အခုအတုဘဲ မပြောတက်ဘူး။ အဲဒီအဖြူရောင်နေရာမှာ နေထိုးကြည့်လိုက်ရင် တန်းသိနိုင်တယ်။ ပါတဲ့ ငွေကြိုးလည်း (မတူဘူး) ကွဲတယ်”ဟု ရှင်းပြသည်။
စစ်အာဏာသိမ်းပြီးနောက် စီးပွားရေးအကြပ်အတည်းဆိုက်လာသည့် ယခုကာလတွင် ငွေစက္ကူအတု ရောင်းဝယ်မှု၊ သုံးစွဲမှု ပြဿနာများလည်း ဖြစ်ပေါ်ပြန့်နှံ့လာပါသည်။
ကချင်ပြည်နယ်တွင် မြစ်ကြီးနားမြို့အပြင် မြောက်ဖျားပိုင်း ပူတာအိုမြို့အထိ ၁၀၀၀၀ တန် ငွေစက္ကူအတုများကို ရည်ရွယ်ချက်ရှိရှိ ကိုင်ဆောင်သုံးစွဲလာသည့် ပုံစံများကို တွေ့မြင်လာရပါသည်။
ယမန်နေ့ ဩဂုတ်လ ၂၄ ရက်နေ့တွင် ပူတာအိုမြို့ မူလာရှီးဒီးရပ်ကွက်၌ တစ်သောင်းတန် ကျပ်ငွေစက္ကအတုဖြင့် ဈေးလာဝယ်သူတစ်ဦးသည် ကျပ်ငွေအတုသိန်းချီကိုင်ဆောင်ကာ ဈေးလိုက်ဝယ်နေသည်ဟု သိရသည်။Kachinwaves
Crd