TheGeekText.com Copyright©2021 ကူးယူဖော်ပြခွင့်လုံးဝခွင့်မပြုပါ။
■အခန်းတွင်းအရာအားလုံးကို သွေးရောင်တွေနဲ့အလှဆင်ထားတဲ့ vampire cafe

တိုကျိုမှာရှိတဲ့ ဗန်ပိုင်းယား ကဖေးဟာဆိုရင်တော့ သင့်ရဲ့အိမ်မက်က ထိတ်လန့်ခြောက်ခြားစရာတွေနဲ့ ပြည့်နှက်နေတဲ့ အစားအသောက်တွေကိုစားချင်နေတာဆိုရင် သွားဖို့အသင့်တော်ဆုံးနေရာဖြစ်ပါတယ်။ ဗန်ပိုင်းယားကဖေးမှာရှိတဲ့ အရာအားလုံးကတော့ ဗန်းပိုင်းယားနဲ့ သက်ဆိုင်တဲ့အရာတွေပေါ့။

ခန်းစီးတွေ ကြမ်းပြင်တွေနဲ့ အခန်းတွင်းအရာအားလုံးကို သွေးရောင်တွေနဲ့ အလှဆင်ထားပြီး မှန်တွေဟာဆိုရင်လဲ သွေးရည်စိမ်ထားတာနဲ့တူအောင် ပြင်ဆင်ထားပါတယ် စားသောက်စရာတွေတင်တဲ့ စားပွဲကိုတော့ ခေါင်းတလားပုံစံဖန်တီးထားတဲ့အပြင် ညသန်းခေါင်မှ လာစားချင်တယ်ဆိုရင်လဲ အဆင်ပြေအောင်ဆောင်ရွက်ပေးပါတယ်။

စားပြီးပိုက်ဆံမပေးနိုင်ရင် ဒီခေါင်းထဲထည့်ထားမှာကိုလဲ စိုးရိမ်စရာမလိုပါဘူး သူတို့အဲလိုမခြောက်လှန့်တတ်ပါဘူး ဝန်ထမ်းတွေအားလုံးကတော့ ဗန်ပိုင်းယားလိုဝတ်ဆင်ထားပြီး အပြောအဆိုတွေကအစ ဗန်ပိုင်းယားတွေလို ပြောဆိုကျမှာပါ ။

ရွေးချယ်စရာမီနူးတွေအများကြီးရှိပြီး ထူးထူးဆန်းဆန်းပုံစံနဲ့အစားအစာတွေ ထင်းမီးနဲ့ကင်ထားတဲ့အသားတွေနဲ့ သင်တို့ထင်ထားသလို ဗန်ပိုင်းယားကဖေးက အစားအစာတွေကို ကြက်သွန်ဖြူမပါပဲ ချက်တာလုံးဝမဟုတ်ပါဘူး နောက်ပြီး ဗန်ပိုင်းယားမန်နေဂျာကြီးနဲ့ စကားစမြည်ပြောချင်ပြောနိုင်ပါသေးတယ်။
Ref:youtube
Trans:thegeektext
zawgyi
Ref:youtube
Trans:thegeektext