■အကြားအာရုံကိုပါ တစ်သက်လုံးဆုံးရှုံးသွားနိုင်သည့် LRAD Sound Cannon

Article Knowledge Militarily World

TheGeekText.com Copyright©2021 ကူးယူဖော်ပြခွင့်လုံးဝခွင့်မပြုပါ။

■အကြားအာရုံကိုပါ တစ်သက်လုံးဆုံးရှုံးသွားနိုင်သည့် LRAD Sound Cannon

အသံကို လက်နက်အဖြစ် အသုံးပြုနေတာ အချိန်တော်တော်တော့ ကြာနေခဲ့ပါပြီ သာမန်အားဖြင့်တော့ လူတွေရဲ့နားကမကြားနိုင်တဲ့ အသံလှိုင်းတွေကို အသုံးမပြုကြပါဘူး သေစေနိုင်တဲ့လောက်တာမဟုတ်တဲ့ အသံလက်နက်တွေမှာ အဲ့တာနဲ့ ဆန့်ကျင်ဘက်ဖြစ်တဲ့ အရမ်းကျယ်လောင်တဲ့အသံတွေကို ထုတ်လွှတ်ပြီး တစ်ဖက်ရန်သူတွေကို တန့်စေပြီး ကြောက်လန့်အောင် နှောင့်ယှက်ပါတယ်။

ဒီလိုအကြောင်းပြချက်တွေနဲ့ LRAD Sound Cannonကို တီထွင်ခဲ့တာပဲဖြစ်ပါတယ် ဒီလက်နက်ဟာ ၁၆၂ ဒယ်ဆီဘယ်လ် အထိမြင့်တဲ့ အသံအကျယ်ကြီးတွေကို ထုတ်လွှတ်ပါတယ် ဒါကို မျက်စိထဲမြင်အောင် ရှင်ပြရမယ်ဆိုရင် ခေတ်ပေါ် ဂျက်လေယာဥ် တစ်စင်းဟာ ၁၃၀ ကနေ ၁၄၀ ဒက်ဆီဘယ်လ်ထိရှိတဲ့ အသံတွေကိုထုတ်လွှတ်ပါတယ် တကယ်တမ်းပြောရရင် ဒါက ဂျက်လေယာဥ်ဘေးမှာ မတ်တပ်သွားရပ်နေရသလိုပါပဲ ။

LRAD Sound Cannon(အယ်လ်ရက်တ် ဆောင်းဒ် ကန်နန်)က ဒီထက်တောင် အသံကျယ်သေးတယ်ဆိုတော့ သူ့အသံကို ၅.၅မိုင် ဒါမဟုတ် ၉ကီလိုမီတာကနေတောင် အတိုင်းသားကြားရပါတယ် ဒါပေမယ့် ဒီလက်နက်ကို ကန့်ကွက်ဆန္ဒပြသူတွေ လက်နက်ကိုင်လူအုပ်စုတွေလို အရမ်းနီးနီးကပ်ကပ်ရပ်နေတဲ့လူတွေကို ချုပ်ထိန်းတဲ့နေရာမှာ အသုံးပြုကြပါတယ်။

ဒီအသံလက်နက်ရဲ့ ထိရောက်မှုရှိတဲ့ အကျယ်အဝန်းကတော့ ပေ ၃၃၀ ဒါမှမဟုတ် ပေ ၁၀၀အတွင်းမှာဆိုရင် အရမ်းဆိုးရွားတဲ့ ခေါင်းကိုက်ဝေဒနာကို ခံစားရမှာဖြစ်ပြီးတော့ ပေ ၅၀ နဲ့ ၁၅ မီတာ အတွင်းမှာဆိုရင်တော့ အကြားအာရုံကို တစ်သက်လုံး ဆုံးရှုံးသွားနိုင်ပါတယ် LRAD Sound Cannon(အယ်လ်ရက်တ် ဆောင်းဒ် ကန်နန်)ဟာ အရမ်းအင်အားကြီးတဲ့ အသံလှိုင်းနဲ့ လုံးဝမျက်စိလည်လမ်းပျောက်မှုကို ဖြစ်စေနိုင်တဲ့အတွက်ကြောင့် အရမ်းဝေဖန်ခံနေရပါတယ်။

ဒီလက်နက်ဟာ ရန်မူနေတဲ့လူတစ်ယောက်ချင်းကို မခြောက်လန့်နိုင်ဘဲ ကြောက်လန့်ပြီး ထွက်ပြေးရမယ့်အစား ဒီလူတွေက စိတ်ဖောက်ပြီး တစ်နေရာထဲမှာပဲရပ်နေတော့ သူတို့ရဲ့အကြားအာရုံတောင် ဆုံးရှုံးရမယ့်အထိဖြစ်နိုင်တာကြောင့် သူ့လိုရင်းကိုမဖြည့်ဆည်းပေးနိုင်ပါဘူး ဒီလက်နက်ကိုရော လူမဆန်ဘူးလို့ ခင်ဗျားတို့ ထင်ကြလား?
Ref:youtube
Trans:thegeektext

zawgyi







Ref:youtube
Trans:thegeektext