■အကျိုးထိရောက်မှုမြင့်မားသည့် သဲပူပူထဲမြုပ်နှံထားရသောကုထုံး

Article Knowledge World

TheGeekText.com Copyright©2021 ကူးယူဖော်ပြခွင့်လုံးဝခွင့်မပြုပါ။

■အကျိုးထိရောက်မှုမြင့်မားသည့် သဲပူပူထဲမြုပ်နှံထားရသောကုထုံး

သင်ဟာ အရွယ်ရောက်လာလို့ သဲထူတဲ့ ကမ်းခြေကို သွားရတာ နှစ်သက်တယ်ဆိုရင်တော့ သဲထဲမှာ ကိုယ့်ကိုယ်ကိုယ်မြှုပ်ထားရတဲ့ လှုပ်ရှားမှု ကို အကြောင်းပြချက်တစ်ခုမဟုတ် တစ်ခုကြောင့် ပြုလုပ်မယ်ဆိုတာ သေချာပါတယ်။
ကလေးတွေအတွက်ကတော့ ဒါဟာ ပျော်စရာကြီးပါ။

ကမ္ဘာရဲ့တစ်ခြားနေရာတွေမှာတော့ သဲပြင်အောင်မှာ အမြှုပ်ခံတာဟာ အလွန်အကျိုးထိရောက်မှုရှိပြီး ထူးခြားတဲ့ ကုထုံးနည်းတစ်မျိုးပဲဖြစ်ပါတယ်။
နွေရာသီကုထုံးလို့ ခေါ်လို့ရတဲ့ သဲပူပူကုထုံးဟာ မော်ရိုကိုနိုင်ငံမှာ လူသိများပြီး မရေမတွက်နိုင်တဲ့ အားလပ်ရက်ရသူလူအများစုဟာ ဒီ ကုထုံးနည်းကို စမ်းသပ်ဖို့အတွက် ကမ်းခြေကို လာရောက်ကြပါတယ်။

လူတွေပြောကြတာကတော့ ဒီကုထုံးဟာ အရိုးပွရောဂါနှင့်ကျောက်ကပ်ဆိုင်ရာ ပြဿနာများကိုဖြေရှင်းပေးပြီး အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါများနှင့် အခြားသော အထွေထွေရောဂါများကို ကုသပေးနိုင်ပါတယ်တဲ့။
၎င်းဟာ ခန္ဓာကိုယ် မွေးရာပါ ရောင်ရမ်းမှုကိုလဲ အကျိုးသက်ရောက်မှုရစေပါတယ်။

ထပ်ဖြည့်ရမယ်ဆိုရင်တော့ ဒီလိုမျိုး မတူကွဲပြားတဲ့ သဲအမျိုးအစားတွေမှာ ဘယ်လိုမျိုးသေချာတဲ့ ကုသနိုင်စွမ်းတွေရှိမလဲဆိုတာ ပြောပြပါမယ်။
ရွှေရောင်သဲဟာ ကျောက်များပြီး အနီရောင်သဲဟာ မီးတောင် ကျောက်တုံးများနှင့်ပြည့်နေပါတယ်။

ထို့အတူ အဖြူရောင်သဲဟာ ကြေမွနေတဲ့ခရုခွံတွေအပြည့်နဲ့ပါ။
သို့သော်လည်းပဲ သတိထားရမယ့်အချက်ကတော့ ဒီနွေရာသီကုထုံးဟာ မြင့်မားတဲ့အပူချိန်ကိုလိုအပ်ပါတယ်။
ပရိသတ်ကြီးရော သဲပူပူကို ခံနိုင်ရည်ရှိသလား ?
Ref:youtube
Trans:thegeektext

zawgyi







Ref:youtube
Trans:thegeektext