အကျင့်ပျက်ချစားမှု အနည်းဆုံးနိုင်ငံတွေ စာရင်းမှာ ဇယားအောက်ဆုံး ကပ်လာတဲ့ မြန်မာပြည်

အကျင့်ပျက်ချစားမှု အနည်းဆုံးနိုင်ငံတွေ စာရင်းမှာ ဇယားအောက်ဆုံး ကပ်လာတဲ့ မြန်မာပြည်

ကမ္ဘာ့နိုင်ငံများအလိုက် အကျင့်ပျက်ချစားမှုအညွှန်းဇယား ၂၀၂၂ ခုနှစ် (Corruption Perceptions Index 2022) အရ.. မြန်မာပြည်ဟာ အကျင့်ပျက်ချစားမှုအနည်းဆုံးနိုင်ငံတွေ စီရာမှာ နံပါတ်စဉ် (၁၅၇) အဖြစ်ထိုးကျသွားပါတယ်။ မြန်မာအောက်မှာ ဇင်ဘာဘွေ၊ ကွန်ဂို၊ ဆူဒန်၊ မြောက်ကိုရီးယား၊ လစ်ဗျား စတဲ့နိုင်ငံတွေပဲရှိပါတော့တယ်။

ရင်နာစရာက ကမ္ဘာမှာ အကျင့်ပျက်ချစားမှု အရမ်းများတဲ့နိုင်ငံအဖြစ် နာမည်ပျက်နေတဲ့ ကမ်ဘောဒီယားက အဆင့် (၁၅၀) အထိတက်လာကာ ကိုယ့်အပေါ်ရောက်သွားတာပဲဖြစ်ပါတယ်။ လာအိုက အဆင့် (၁၂၆) မှာရှိပြီး ဗီယက်နမ်က အဆင့် (၇၇) မှာရှိပါတယ်။ ထိုင်းကအဆင့် (၁၀၁) နဲ့ အင်ဒိုက အဆင့် (၁၁၀) မှာရှိပါတယ်။

စင်ကာပူက အဆင့် (၅) နဲ့ဟိုးထိပ်ဆုံးမှာရှိပါတယ်။ စင်ကာပူက အဆင့် (၄) ကနေ တစ်နေရာလျောကျတာပါ။ စင်ကာပူအထက်မှာ နံပါတ် (၁) က ဒန်းမတ်၊ (၂) က ဖင်လန်၊ (၃) က နယူးဇီလန်၊ (၄) က နော်ဝေတို့ရှိကြပါတယ်။ ၂၀၂၂ တနှစ်လုံးအခြေအနေကိုသုံးသပ်ပြီး ၂၀၂၃ နှစ်ဆန်းပိုင်းမှာ ထုတ်ပြန်တာဖြစ်ပါတယ်။

မြန်မာဟာ ၂၀၂၁ မှာ အဆင့် (၁၄၀) ရှိနေရာက ၂၀၂၂ မှာ အဆင့် (၁၅၇) ကိုဆင်းသွားတာပါ။ မြန်မာဟာ ၂၀၂၀ တုန်းက အဆင့် (၁၃၇) ကနေ အောက်ကိုဇောက်ထိုးဆင်းလာတာဖြစ်ပါတယ်။

အကျင့်ပျက်ချစားမှုဇယားမှာ အောက်ဆုံးရောက်လာလေ ကမ္ဘာ့ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းရှင်ကြီးတွေက ရှောင်ခွာလေဖြစ်လာတာပါ။ အဲ့ဒီမှာအလုပ်လက်မဲ့ပိုပေါလာကာ အကျင့်ပျက်ချစားမှုပိုများလာပြီး သမ္မာအာဇီဝနဲ့ သောကကင်းကင်းစီးပွားရှာခွင့်ရမှု ပိုမိုခက်လာပါတယ်။ (Richard Myo Thant)

1

Crd

Crd