TheGeekText.com Copyright©2021 ကူးယူဖော်ပြခွင့်လုံးဝခွင့်မပြုပါ။
■ဟယ်ရီပေါ်တာဇာတ်လမ်းထဲမှ ဇာတ်ကောင်နဲ့တူအောင် မိတ်ကပ်များနဲ့အတုလုပ်ထားရသော နီဗီး
ကျွန်တော်တို့ ဟယ်ရီပေါ်တာဇာတ်လမ်းကို ကြိုက်နှစ်သက်တဲ့အကြောင်းအရင်း ထောင်ပေါင်းများစွာရှိသည့်အထဲက တစ်ခုကတော့ ရင်ထဲစွဲကျန်ရစ်နေတဲ့ ဇာတ်ကောင်များပဲဖြစ်ပါတယ်။
သင်တို့လည်း ကျွန်တော်လို့ပဲ အတွေးတူတယ်မလား ရုပ်ရည်အားဖြင့် ကြည့်ပါက ဟယ်ရီနှင့်စာလျှင် ဝဝဖြိုးဖြိုးနဲ့ ကိုးရိုးကားယားနိုင်လွန်းတဲ့ ဆယ်ကျော်သက်ကောင်လေး နီဗီး လောင်ဘော့တန်ဟာ စာရင်းထိပ်ဆုံးမှာ ရှိမနေပါဘူး။ ဒရာကို မာဖွိုင်း၊ ဗစ်တာ ခရမ်နှင့် ကိုရိုးကားရား ရွန်တောင်မှ ပိုပြိး လူသိများပါသေးတယ်။ နီဗီး ဇာတ်ကောင်သရုပ်ဆောင် မက်သရူးလူးဝစ်ဟာ နီဗီး နဲ့ တူအောင် ပြင်ဆင်ခဲ့ရတာပါ။
ဒါပေမဲ့ ဒါဟာဇာတ်လမ်းရဲ့ နောက်ဆုံးအပိုင်း ထိပါပဲ.။ သင်သာ ဟယ်ရီပေါ်တာဇာတ်လမ်းကိုကြိုက်နှစ်သက်သူတစ်ဦးဆိုလျှင် နီဗီး အသက်ကြီးလာပြီးနောက် အလွန်ခန့်ညားတဲ့အမျိုးသားတစ်ဦးအဖြစ် ပြောင်းလဲသွားတဲ့ အမိုက်စားအခန်းကို ကျိန်းသေပေါက် မှတ်မိနေမှာပါ။
ဒီလိုပြောင်းလဲခြင်းမျိုးက ပုံမှန်ဖြစ်လေ့ဖြစ်ထတော့မရှိပါဘူး။ ဟော့ဒ်ဝပ် အပြင်မှာ မှော်ပညာကို အသုံးချတာလဲဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ဟာသပြောတာပါ။ ဒီလို ရုပ်ရည်သွင်ပြင်ပြောင်းလဲလာတာဟာ မှော်ပညာဂါထာတွေနှင့် မသက်ဆိုင်ပါဘူး။ ဇာတ်ကားများတစ်လျောက် မိတ်ကပ်ပညာရှင်တွေဟာ မက်သရူးရုပ်ကို ရယ်စရာကောင်းအောင် သေချာပြုလုပ်ခဲ့ကြတာပါ။
သူဟာ အဝါရောင်သွားအတုများ တပ်ခဲ့ရပြီး ပါးဖောင်းဖောင်းလေးရရန်လည်း ပါးစောင်ထဲ ပါးဖောင်းအိတ်ခလေးများထည့်ခဲ့ရပါသေးတယ်။ နောက်ပြီး နားရွက်များပိုကားစေရန်လည်း ထောက်အတုများထည့်ခဲ့ရပါတယ်။ ဒီဒုက္ခတွေကို တွေးကြည့်ပါ။ ဇာတ်လမ်းနောက်ဆုံးပိုင်းလေးသာ ဖြစ်သော်လည်း မိတ်ကပ်များ ဖယ်လိုက်ရချိန် မက်သရူးဘယ်လောက်ပျော်ရွှင်လိုက်မလဲ တွေးကြည့်ပါ။
Ref:youtube
Trans:thegeektext
zawgyi
Ref:youtube
Trans:thegeektext