TheGeekText.com Copyright©2021 ကူးယူဖော်ပြခွင့်လုံးဝခွင့်မပြုပါ။
■သွေးစုပ်ဖုတ်ကောင်ဆိုသည်နှင့် သတိရသွားစေမည့် ဒရက်ကူလာရဲတိုက်

ရိုမေးနီးယား လို့ ကြားလိုက်တာနဲ့ ပရိတ်သတ်ကြီးက သွေးစုပ်ဖုတ်ကောင်တွေ ကို တန်းပြီးသတိရသွားတတ်တဲ့ နိုင်ငံပါ။

အဲ့တော့ ဒီနိုင်ငံမှာ ဟောလိုးဝင်းဆိုရင်ရော ဘယ်မှာကျင်းပကြလဲ ကျွန်မတွေးကြည့်တာပေါ့။ ထူးဆန်းတဲ့တော်ဝင် ရိုမန်လူမျိုး ဇာတ်ရုပ်ကိုအခြေခံပြီး ရဲတိုက်တစ်ခုမှာ ရိုက်ကူးထားတဲ့ ဇာတ်လမ်းကိုသိကြမှာပါ။

အဲ့တာက တခြားမဟုတ်ပါဘူး Bran ရဲတိုက်ပါ။ သူကတော့ ထရန်စယ်ဗေးနီးယား နယ်ထဲမှာရှိတာပါ။ သရဲဇာတ်ကြောင်းတွေ အများဆုံး အခြေတည်တဲ့ ဒီနေရာကတော့ ပါတီတွေ အလည်အပတ်သွားစရာတွေက ထုံးစံလို ဖြစ်နေတာပါ။

စိတ်ဝင်စားဖို့ကောင်းတာ တစ်ခုက အဲ့ရဲတိုက်မှာ ကျင်းပတဲ့ ပွဲတော်တစ်ခုရဲ့ နာမည်က ‘The day of Dracula’ လို့ခေါ်ပါတယ်။အဲ့တာကတော့ အရမ်းအံသြစရာကောင်းတဲ့ ကျင်းပမှုမျိုးပါ။ ရဲတိုက်ထဲမှာ ဟိုတယ်လို နေလို့ရမှာဖြစ်ပြီး အိပ်စက်အနားယူဖို့ ကတ္တီပါ ခင်းထားတဲ့ အခေါင်းလေးတောင်ပေးထားဦးမှာပါ။

ဒါ့အပြင် ပါတီ အချိန်တွင်းဆိုရင် အရသာရှိတဲ့ အနက်ရောင် vodka လေးတောင်သောက်ရဦးမှာပါ။ စိတ်ဝင်စားဖို့ကောင်းတယ်ဟုတ်။
Ref:youtube
Trans:thegeektext
zawgyi
Ref:youtube
Trans:thegeektext