TheGeekText.com Copyright©2021 ကူးယူဖော်ပြခွင့်လုံးဝခွင့်မပြုပါ။
■ သံလိုက်လူသားမိုက်ကယ် ဖာစဘန်တာလိုမျိုး သတ္တုပစ္စည်းတွေကပ်နိုင်တဲ့ နစ်ကိုလိုင်း ကာရာဂလီရာချန်ကို

နစ်ကိုလိုင်းကတော့ ရုရှားနိုင်ငံက သာမန်ကလေးတစ်ယောက်ဖြစ်ပြီး သူ့နဲ့ပတ်သက်ပြီးထူးခြားတာဘာမှမရှိဘူးလို့ဆိုနိုင်ပါတယ်။ ဒါပေမယ့်လည်း အရာအားလုံးဟာပြောင်းလဲခဲ့ပါပြီ။

အသက်၁၂ အရွယ်သားလေးဟာကြီးမားတဲ့ဓာတ်လိုက်မှုကိုခံစားခဲ့ရပြီး သူမှီထားတဲ့ မီးတိုင်ကနေ ဝိုင်ယာလျှော့ဖြစ်ခဲ့တာပါ။ ဒီလို ဓာတ်လိုက်မှုဟာ သူ့ကိုသေလုမျောပါးဖြစ်စေခဲ့ပါတယ်။ ဒါပေမယ့်လည်း ကောင်လေးဟာ အသက်ရှင်နိုင်ခဲ့ပီး နောက်ပိုင်းမှာတော့ ဒီမတော်တဆဖြစ်မှူကြီးက သူ့ကို စူပါစွမ်းအားတွေလိုမျိုးပေးခဲ့တာကို သိခဲ့ရပါတယ်။

သူဟာ သံလိုက်လူသားမိုက်ကယ် ဖာစဘန်တာလိုမျိုး သတ္တုပစ္စည်းတွေဟာ သူ့အသားအရည်ကို ကပ်နိုင်ခဲ့ပါတယ်။ ကာတွန်းရုပ်ပြစာအုပ်တွေရဲ့ပရိသတ်ဖြစ်တဲ့ကောင်လေးဟာ ရဲသားဖြစ်ချင်ခဲ့တာပါ။ ဒါပေမယ့် သူကတော့ စွမ်းအားတွေရှိခဲ့တော့ စူပါဟီးရိုးဖြစ်ချင်တယ်ဆိုပြီးတော့တောင်ပြောင်းလဲခဲ့ပါတယ်။

ဘယ်လောက်တောင်စိတ်ဝင်စားစရာကောင်းလိုက်ပါသလဲ။ ဒါပေမယ့် သိပ္ပံပညာရှင်တွေကတော့ အရမ်း မအံ့သြခဲ့ပါဘူး။ သူတို့သိတာကတော့ ကောင်လေးဟာ သတ္တုတွေကို ကပ်နိုင်တဲ့အရေပြားရှိခဲ့တာပါ။

ကောင်လေးဟာ ဘာမှ မထိမကိုင်ထားပဲနဲ့ ရင်ဘတ်တစ်ခုတည်းနဲ့ အိုးတစ်လုံးကိုတောင် ကိုင်ထားနိုင်ခဲ့ပါတယ်။ ဒါဟာ သံလိုက်ကြောင့်ပဲလား အရေပြားကပဲ ကပ်နေတာလားဆိုတာကတော့ မေးခွန်းထုတ်စရာပါပဲ။
ref:youtube
trans:thegeektext
zawgyi
ref:youtube
trans:thegeektext