သံမဏိဗိုလ်ချုပ်ကြီး (သို့မဟုတ်) ယူကရိန်းကို ကာကွယ်ပေးနေသူ

သံမဏိဗိုလ်ချုပ်ကြီး (သို့မဟုတ်) ယူကရိန်းကို ကာကွယ်ပေးနေသူ
ရုရှား-ယူကရိန်းစစ်ပွဲအကြောင်းတော့ သိပြီးသားဖြစ်ပါလိမ့်မယ်။ ၂၀၂၂ ခုနှစ်၊ဖေဖော်ဝါရီလက စခဲ့တဲ့စစ်ပွဲမှာ ယူကရိန်းဖက်ကဦးဆောင်ပြီး ရွံ့ရွံ့ချွန်ချွန် ဦးဆောင်ခုခံနေတဲ့ စစ်ဗိုလ်ချုပ်ကြီးတစ်ယောက်ကိုတော့ သိပ်သိကြမယ် မထင်ပါဘူး။
သူဟာ ဗိုလ်ချုပ်ကြီးရာထူး ရယူထားပေမဲ့ မနှစ်ကနွေဦးမှာမှ အသက် (၄၉) နှစ်ပြည့်ခဲ့သူ ဖြစ်ပါတယ်။ သူ့အကြောင်း တင်ပြပါရစေနော်။
ဗိုလ်ချုပ်ကြီးအမည်က Valerii Zaluzhnyi ဖြစ်ပါတယ်။ ၄၉ နှစ်ပြည့် မွေးနေ့မှာ သူဟာ တိုက်ပွဲအတွင်းမှာ ရှိနေခဲ့ပါတယ်။ စစ်ပွဲအတွင်းကျရောက်တဲ့ မွေးနေ့ရှင်ပေါ့။
သူဟာ ယူကရိန်းလက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ အကြီးအကဲ (Commander in Chief) ဖြစ်ပါတယ်။ သူက သိုသိုသိပ်သိပ် နေရတာကို နှစ်သက်ပါတယ်။
ဒါပေမဲ့ သူ့လုပ်ရပ်တွေက စကားလုံးတွေထက် ပိုကျော်ကြားပါတယ်။ သူ့ကို စစ်သားမိသားစုကပဲ မွေးဖွားလာတာပါ။ ဘွဲ့ရတော့လည်း အမျိုးသားကာကွယ်ရေး အကယ်ဒမီ (National Defence Academy) ကပါပဲ။ ဒီအကယ်ဒမီက ကိယက်ဗ်မြို့မှာ ရှိပါတယ်။
၂၀၁၄ ခုနှစ်မှာ ဒွန်ဘတ်စ် (Donbas) က ရုရှားလိုလားသူတွေရဲ့ ချုပ်ကိုင်မှုကို ခံလိုက်ရပါသေးတယ်။ ဗိုလ်ချုပ်ကြီး Valerii ဟာ ဒွန်ဘတ်စ်ကို ဦးဆောင်တိုက်ခိုက်သူအဖြစ်နဲ့ သွားရောက်ခဲ့ပါတယ်။ သူက Debaltseve ကနေ ကွပ်ကဲပါတယ်။
တကယ့်သွေးချောင်းစီးစစ်ပွဲတစ်ပွဲ ဖြစ်ခဲ့တာပါ။ ၂၀၁၉ ခုနှစ်မှာတော့ သူဟာ မြောက်ပိုင်းတိုက်ခိုက်ရေး တပ်မဟာမှူးအဖြစ် ခန့်အပ်ခံရပါတယ်။
“ကျနော်က ရိုးရိုးသာမန်လိုပဲ ရာထူးရမယ်ထင်တာပါ။ အခုလို ဗိုလ်ချုပ်အဆင့်ထိရမယ်လို့ မမျှော်လင့်ထားဘူးဗျ” လို့ သူကပြောပါတယ်။
သူဟာ ယူကရိန်းစစ်သည်တွေရဲ့ စွမ်းဆောင်ရည်ကို မြှင့်တင်ပေးနိုင်မယ့် နည်းလမ်းများစွာကို ရှာဖွေအသုံးပြုပါတယ်။စစ်မြေပြင်မှာ အလိုအလျောက် ဆုံးဖြတ်ချက်ချနိုင်အောင် လေ့ကျင့်ပေးပါတယ်။ သူကိုယ်တိုင်လည်း ရွံ့ရွံ့ချွန်ချွန်တိုက်ပွဲဝင်ခဲ့လို့ အခုဆို ယူကရိန်းရဲ့ သူရဲကောင်းဖြစ်လာပါပြီ။
သူကျဆုံးခဲ့ရင်တောင် ယူကရိန်းနဲ့ အမေရိကန်ကပြားတစ်ဦးက ဒေါ်လာတစ်သန်းကို သူ့ရဲ့သေတမ်းစာမှာ ထည့်ဝင်လှူဒါန်းဖို့ ကတိပြုထားပါတယ်တဲ့။
ဗိုလ်ချုပ်ကြီးဟာ သူ့ရဲ့ ရဲဘော်ရဲဘက်တွေကို လှူဒါန်းထောက်ပံ့ဖို့လည်း လက်မနှေးပါဘူး။ သူ ဘယ်သူ့ကိုမှ ပြောမပြတဲ့ ဇာတ်လမ်းတစ်ခုလည်း ရှိပါတယ်။ ဒီဇာတ်လမ်းကို သိရှိသွားသူကတော့ အမေရိကန် သတင်းသမားတစ်ယောက် ဖြစ်ပါတယ်။
ဒါပေမဲ့ သူက ပုခုံးလေးတွန့်ပြီး ကျုပ်က ဘာလုပ်ရမှာလည်းလို့ပဲ ပြောပါတယ်။ သတင်းသမားကလည်း ဒီအကြောင်း မရေးသေးလို့ ဘယ်သူမှ မသိသေးပါဘူးတဲ့။
ဗိုလ်ချုပ်ကြီး Valerii ဟာ ယူကရိန်း အောင်မြင်မှုအတွက် အရေးပါသူ ဖြစ်နေတာကတော့ အသေအချာ ဖြစ်ပါတယ်။
Knight News Team
Knight News © 2022
Crd
Crd