TheGeekText.com Copyright©2021 ကူးယူဖော်ပြခွင့်လုံးဝခွင့်မပြုပါ။
■သဲခုံပေါ်မှာလမ်းလျှောက်ရင်း ပိုက်ဆံလည်းသုံးစွဲစရာမလိုသည့် Burning Man festival

အနုပညာပွဲတော်။Burning Man festival ကိုသင်ကြားဖူးပါသလား?လူသန်းပေါင်းများစွာကဒီပွဲတော်ကိုတက်ရောက်ဖို့စိတ်ကူးယဥ်ကြပါတယ်။ဒီပွဲတော်ကို Nevada ပြည်နယ်ရဲ့ Black Rockကန္နာရမှာနှစ်စဥ်ကျင်းပလေ့ရှိပြီး ပွဲစီစဥ်သူတွေကတော့ဒီနေရာက မိမိရဲ့စိတ်ခံစားချက်တွေကိုထုတ်ဖော်နိုင်မဲ့နေရာလို့ဆိုကြပါတယ်။ပွဲတော်အတွင်းမှာလူတွေက သူတို့ရဲ့စွမ်းရည်တွေကိုပြသနိုင်ပါတယ်။

နေရာတိုင်းမှာ အနုပညာလက်ရာတွေကိုတွေ့နိုင်မှာပါ။ထင်ရှားကျော်ကြားတဲ့လူတွေလည်း သင့်လို လွတ်လွတ်လပ်လပ်နဲ့သဲခုံပေါ်လမ်းလျှောက်နေတာကိုတွေ့မြင်နိုင်မှာပါ။လွန်ခဲ့တဲ့နှစ်တွေတုန်းက Mark Zuckerberg နဲ့ Elon Musk. တို့လာရောက်ခဲ့ကြပါသေးတယ်။ပွဲတော်ရက်တွေအတွင်း လာရောက်တဲ့သူတွေကို ဒေသခံလို့ခေါ်ကြပြီးချစ်ချစ်တောက်ပူနေတဲ့နေရောင်အောက်က အဲ့ဒီကန္နာရက သူတို့ရဲ့ ယာယီအိမ်ဖြစ်ပါတယ်။

ဒါဟာချဲ့ကားပြောနေတာမဟုတ်ပါဘူး။အဲ့ဒီပွဲတော်မှာ ပိုက်ဆံလုံးဝမသုံးရပါဘူး။အဲ့တာကထုံးစံပါပဲ။စကားစမြည်ပြောခြင်းနဲ့လက်ဆောင်တွေကိုလဲရပါတယ်။ဥပမာအနေနဲ့ သင်ကြိုက်နှစ်သက်တဲ့သောက်စရာတစ်ခုရရှိဖို့ အဖျော်ဆရာကို သင့်ဘဝရဲ့စိတ်လှုပ်ရှားဖွယ်ဇာတ်လမ်းတစ်ခုကိုပြောပြရပါတယ်။

ပိုက်ဆံနဲ့ဝယ်လို့ရတာကကော်ဖီနဲ့ရေခဲပဲရှိတာပါ။ယာယီတဲစခန်းတွေမှာလည်း logo တွေထားခွင့်မရှိပါဘူး။ဒီပွဲတော်ရဲ့အဓိကကျတဲ့အရာကတော့ လောင်ကျွမ်းနေတဲ့သစ်သားရုပ်ထုကြီးပဲဖြစ်ပါတယ်။ဒီပွဲတော်ဖြစ်ပေါ်လာရတဲ့အကြောင်းက ၁၉၈၆မှာဖြစ်ခဲ့တာပါ။

အနုပညာသမားသူငယ်ချင်းတစ်စုကဆန်ဖရန်စစ်စကိုကကမ်းခြေတစ်ခုမှာ စာခြောက်ရုပ်တစ်ရုပ်ကိုမီးရှို့ခဲ့ကြပါတယ်။လူတွေကအဲ့တာကြည့်ပြီးစိတ်လှုပ်ရှားကြတဲ့အတွက် သူတို့သူငယ်ချင်းတစ်စုကဂီတပွဲတော်တစ်ခုလုပ်ဖို့အကြံဉာဏ်ရပြီး နောက်ပိုင်းမှာ Nevadaမှာရှိတဲ့ ကန္နာရမှာလုပ်ဖြစ်ခဲ့ကြတာပါ။
Ref:youtube
Trans:thegeektext
zawgyi
TheGeekText.com Copyright©2021 ကူးယူေဖာ္ျပခြင့္လုံးဝခြင့္မျပဳပါ။
■သဲခုံေပၚမွာလမ္းေလၽွာက္ရင္း ပိုက္ဆံလည္းသုံးစြဲစရာမလိုသည့္ Burning Man festival
အႏုပညာပြဲေတာ္။Burning Man festival ကိုသင္ၾကားဖူးပါသလား?လူသန္းေပါင္းမ်ားစြာကဒီပြဲေတာ္ကိုတက္ေရာက္ဖို႔စိတ္ကူးယဥ္ၾကပါတယ္။ဒီပြဲေတာ္ကို Nevada ျပည္နယ္ရဲ့ Black Rockကႏၷာရမွာႏွစ္စဥ္က်င္းပေလ့ရွိၿပီး ပြဲစီစဥ္သူေတြကေတာ့ဒီေနရာက မိမိရဲ့စိတ္ခံစားခ်က္ေတြကိုထုတ္ေဖာ္နိုင္မဲ့ေနရာလို႔ဆိုၾကပါတယ္။ပြဲေတာ္အတြင္းမွာလူေတြက သူတို႔ရဲ့စြမ္းရည္ေတြကိုျပသနိုင္ပါတယ္။
ေနရာတိုင္းမွာ အႏုပညာလက္ရာေတြကိုေတြ႕နိုင္မွာပါ။ထင္ရွားေက်ာ္ၾကားတဲ့လူေတြလည္း သင့္လို လြတ္လြတ္လပ္လပ္နဲ႔သဲခုံေပၚလမ္းေလၽွာက္ေနတာကိုေတြ႕ျမင္နိုင္မွာပါ။လြန္ခဲ့တဲ့ႏွစ္ေတြတုန္းက Mark Zuckerberg နဲ႔ Elon Musk. တို႔လာေရာက္ခဲ့ၾကပါေသးတယ္။ပြဲေတာ္ရက္ေတြအတြင္း လာေရာက္တဲ့သူေတြကို ေဒသခံလို႔ေခၚၾကၿပီးခ်စ္ခ်စ္ေတာက္ပူေနတဲ့ေနေရာင္ေအာက္က အဲ့ဒီကႏၷာရက သူတို႔ရဲ့ ယာယီအိမ္ျဖစ္ပါတယ္။
ဒါဟာခ်ဲ႕ကားေျပာေနတာမဟုတ္ပါဘူး။အဲ့ဒီပြဲေတာ္မွာ ပိုက္ဆံလုံးဝမသုံးရပါဘူး။အဲ့တာကထုံးစံပါပဲ။စကားစျမည္ေျပာျခင္းနဲ႔လက္ေဆာင္ေတြကိုလဲရပါတယ္။ဥပမာအေနနဲ႔ သင္ႀကိဳက္ႏွစ္သက္တဲ့ေသာက္စရာတစ္ခုရရွိဖို႔ အေဖ်ာ္ဆရာကို သင့္ဘဝရဲ့စိတ္လႈပ္ရွားဖြယ္ဇာတ္လမ္းတစ္ခုကိုေျပာျပရပါတယ္။
ပိုက္ဆံနဲ႔ဝယ္လို႔ရတာကေကာ္ဖီနဲ႔ေရခဲပဲရွိတာပါ။ယာယီတဲစခန္းေတြမွာလည္း logo ေတြထားခြင့္မရွိပါဘူး။ဒီပြဲေတာ္ရဲ့အဓိကက်တဲ့အရာကေတာ့ ေလာင္ကၽြမ္းေနတဲ့သစ္သား႐ုပ္ထုႀကီးပဲျဖစ္ပါတယ္။ဒီပြဲေတာ္ျဖစ္ေပၚလာရတဲ့အေၾကာင္းက ၁၉၈၆မွာျဖစ္ခဲ့တာပါ။
အႏုပညာသမားသူငယ္ခ်င္းတစ္စုကဆန္ဖရန္စစ္စကိုကကမ္းေျခတစ္ခုမွာ စာေျခာက္႐ုပ္တစ္႐ုပ္ကိုမီးရွို႔ခဲ့ၾကပါတယ္။လူေတြကအဲ့တာၾကည့္ၿပီးစိတ္လႈပ္ရွားၾကတဲ့အတြက္ သူတို႔သူငယ္ခ်င္းတစ္စုကဂီတပြဲေတာ္တစ္ခုလုပ္ဖို႔အႀကံဉာဏ္ရၿပီး ေနာက္ပိုင္းမွာ Nevadaမွာရွိတဲ့ ကႏၷာရမွာလုပ္ျဖစ္ခဲ့ၾကတာပါ။
Ref:youtube
Trans:thegeektext