TheGeekText.com Copyright©2021 ကူးယူဖော်ပြခွင့်လုံးဝခွင့်မပြုပါ။
■သဲကန္တာရထဲပူပြင်းတဲ့နေရောင်အောက်မှာ ၈ရက်တာလမ်းပျောက်နေခဲ့ပြီး အသက်ရှင်ခဲ့တဲ့သူ

လူတွေကတော့ ဆာဟာရာ သဲကန္တာရမှာ ၆ ရက်လောက်အပြေးပြိုင်ရတဲ့ပြိုင်ပွဲဟာ ကမ္ဘာပေါ်က အကြမ်းတမ်းဆုံး ပြိုင်ပွဲလို့မှတ်ယူထားပါတယ်။ ဒါဟာ မှန်ကောင်းမှန်နိုင်ပါတယ်။ ဒီပြိုင်ပွဲမှာတော့ ကြမ်းတမ်းတဲ့ သဲကန္တာရကိုပူပြင်းတဲ့နေရောင်အောက်မှာ ၆ ရက်တာ အမြန်ဆုံးဖြတ်ပြေးခိုင်းတာပဲဖြစ်ပါတယ်။

မာရိုအတွက်တော့ အခြားသော အားကစားပြိုင်ပွဲအကြောင်းစဥ်းစားဖို့ခက်ခဲပါတယ်။ ပြိုင်ပွဲအလယ်မှာ သူဟာ ၈ နာရီလောက်ကြာတဲ့ သဲမုန်တိုင်းမိခဲ့ပြီး ညဘက် အမိုးအကာတခုအောက်မှာ နားခဲ့ရတာပါ။ ကံဆိုးစွာဖြင့် မနက်ပိုင်းမှာတော့ သူဟာ သဲကန္တာရထဲမှ လမ်းပျောက်နေတာကို သိခဲ့ပြီး သူ့မှာရေဘူးတဝက်သာကျန်ပါတော့တယ်။

အသက်ရှင်ဖို့အတွက် မာရိုဟာ မယုံနိုင်လောက်တဲ့အရာများစွာကိုပြုလုပ်ခဲ့ရကာ ဥပမာ သူဟာ ကိုယ့်ရဲ့ကျင်ငယ်ရေကို သောက်ခဲ့ပြီး လင်းနို့တွေရဲ့သွေးတွေကိုလည်း ရေဆာပြေအောင်သောက်ခဲ့ပါတယ်။

၃ ရက်အကြာမှာတော့ သူဟာ ကယ်တင်ခံရဖို့လမ်းမမြင်တော့ပဲသူ့ရဲ့လက်ကောက်ဝတ်ကိုဖြတ်ကာ သေဖို့ရွေးချယ်ခဲ့ပါတယ်။ ဒါပေမယ့် သူ့ရဲ့သွေးတွေဟာရေဓာတ်ပြတ်လပ်မှုကြောင့် ထူပျစ်နေပြီး သွေးတောင်မထွက်ခဲ့ပါဘူး။

မာရိုဟာ ဒါကို လက္ခဏာတစ်ရပ်အဖြစ် ယူဆခဲ့ပြီး လမ်းဆက်လျှောက်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။ လမ်းပျောက်ပြီး ၈ ရက်မြောက်နေ့မှာ သူဟာ အိုအေစစ်ရေကန်ကိုတွေ့ပြီးရေသောက်နိုင်ခဲ့ကာ။ နောက်နေ့မနက်မှာတော့ ကယ်တင်မယ့်သူကိုဆက်သွယ်ပေးနိုင်မယ့် သိုးထိန်းတွေကိုရှာတွေ့ခဲ့ပါတယ်။ ဘယ်လောက်တောင်မှ ကံကောင်းလိုက်သလဲ။
Ref:youtube
Trans:thegeektext
TheGeekText.com Copyright©2021 ကူးယူေဖာ္ျပခြင့္လုံးဝခြင့္မျပဳပါ။
■သဲကႏၲာရထဲပူျပင္းတဲ့ေနေရာင္ေအာက္မွာ ၈ရက္တာလမ္းေပ်ာက္ေနခဲ့ၿပီး အသက္ရွင္ခဲ့တဲ့သူ
လူေတြကေတာ့ ဆာဟာရာ သဲကႏၲာရမွာ ၆ ရက္ေလာက္အေျပးၿပိဳင္ရတဲ့ၿပိဳင္ပြဲဟာ ကမၻာေပၚက အၾကမ္းတမ္းဆုံး ၿပိဳင္ပြဲလို႔မွတ္ယူထားပါတယ္။ ဒါဟာ မွန္ေကာင္းမွန္နိုင္ပါတယ္။ ဒီၿပိဳင္ပြဲမွာေတာ့ ၾကမ္းတမ္းတဲ့ သဲကႏၲာရကိုပူျပင္းတဲ့ေနေရာင္ေအာက္မွာ ၆ ရက္တာ အျမန္ဆုံးျဖတ္ေျပးခိုင္းတာပဲျဖစ္ပါတယ္။
မာရိုအတြက္ေတာ့ အျခားေသာ အားကစားၿပိဳင္ပြဲအေၾကာင္းစဥ္းစားဖို႔ခက္ခဲပါတယ္။ ၿပိဳင္ပြဲအလယ္မွာ သူဟာ ၈ နာရီေလာက္ၾကာတဲ့ သဲမုန္တိုင္းမိခဲ့ၿပီး ညဘက္ အမိုးအကာတခုေအာက္မွာ နားခဲ့ရတာပါ။ ကံဆိုးစြာျဖင့္ မနက္ပိုင္းမွာေတာ့ သူဟာ သဲကႏၲာရထဲမွ လမ္းေပ်ာက္ေနတာကို သိခဲ့ၿပီး သူ႔မွာေရဘူးတဝက္သာက်န္ပါေတာ့တယ္။
အသက္ရွင္ဖို႔အတြက္ မာရိုဟာ မယုံနိုင္ေလာက္တဲ့အရာမ်ားစြာကိုျပဳလုပ္ခဲ့ရကာ ဥပမာ သူဟာ ကိုယ့္ရဲ့က်င္ငယ္ေရကို ေသာက္ခဲ့ၿပီး လင္းနို႔ေတြရဲ့ေသြးေတြကိုလည္း ေရဆာေျပေအာင္ေသာက္ခဲ့ပါတယ္။
၃ ရက္အၾကာမွာေတာ့ သူဟာ ကယ္တင္ခံရဖို႔လမ္းမျမင္ေတာ့ပဲသူ႔ရဲ့လက္ေကာက္ဝတ္ကိုျဖတ္ကာ ေသဖို႔ေရြးခ်ယ္ခဲ့ပါတယ္။ ဒါေပမယ့္ သူ႔ရဲ့ေသြးေတြဟာေရဓာတ္ျပတ္လပ္မႈေၾကာင့္ ထူပ်စ္ေနၿပီး ေသြးေတာင္မထြက္ခဲ့ပါဘူး။
မာရိုဟာ ဒါကို လကၡဏာတစ္ရပ္အျဖစ္ ယူဆခဲ့ၿပီး လမ္းဆက္ေလၽွာက္ဖို႔ဆုံးျဖတ္ခဲ့ပါတယ္။ လမ္းေပ်ာက္ၿပီး ၈ ရက္ေျမာက္ေန႔မွာ သူဟာ အိုေအစစ္ေရကန္ကိုေတြ႕ၿပီးေရေသာက္နိုင္ခဲ့ကာ။ ေနာက္ေန႔မနက္မွာေတာ့ ကယ္တင္မယ့္သူကိုဆက္သြယ္ေပးနိုင္မယ့္ သိုးထိန္းေတြကိုရွာေတြ႕ခဲ့ပါတယ္။ ဘယ္ေလာက္ေတာင္မွ ကံေကာင္းလိုက္သလဲ။
Ref:youtube
Trans:thegeektext