TheGeekText.com Copyright©2021 ကူးယူဖော်ပြခွင့်လုံးဝခွင့်မပြုပါ။
■သူ့ကိုယ်သူ နင်ဂျာလို့သတ်မှတ်ထားတဲ့ ဂီဂါ အုဂူရူ

နောက်ထပ်တစ်ယောက်ကတော့သူ့ကိုယ်သူ နင်ဂျာလို့ သတ်မှတ်ထားတဲ့ ယူနိုက်တက်ကင်းဒန်း လန်ဒန်က လူတစ်ယောက်ပါ။သူကတော့ ဘက်စုံကျွမ်းကျင်ပြီး ကိုယ်ခန္ဓာနဲ့ခြိမ်းခြောက်နိုင်တဲ့ ဂီဂါ အုဂူရူဖြစ်ပါတယ်။

သူ့အသက်လေးနှစ်အရွယ်မှာ သူ့မိဘတွေက တိုက်ကွမ်ဒိုသင်ခိုင်းခဲ့တာပါ။ပါရမီရှင်လေးကို သူတို့ဖန်တီးလိုက်တယ်ဆိုတာ သိမှသိကြရဲ့လား။အသက် ဆယ်နှစ်အရွယ်မှာ ထိုင်းလက်ဝှေ့ပညာကို ထပ်မံသင်ယူခဲ့ပါတယ်။

သူရဲ့သေစေနိုင်လောက်တဲ့စွမ်းရည်တွေကို မြှင့်တင်ဖို့ Krav Maga(ကရာ မဂ်ဂါ)နဲ့ကရာတေး လေ့ကျင့်ရေးတွေ ထပ်ဆင့်လုပ်ဆောင်ခဲ့တာပါ။အပျော်သဘောအနေနဲ့ ထူးဆန်းစတန့်ပြကွက်တွေကို ပြုလုပ်ခဲ့ပါသေးတယ်။

ဒါက သူရဲ့တိုက်ခိုက်တဲ့ပုံစံမှာ လျင်မြန်တဲ့လှုပ်ရှားမှုတွေပါဝင်လာအောင် အားဖြည့်ပေးခဲ့ပါတယ်။သင်မြင်တဲ့အတိုင်း သူရဲ့ နောက်ပြန်ကန်ချက်တွေ တံတောင်နဲ့တွက်တာတွေ သစ်ပင်ကိုတရပ်စပ်လက်သီးနဲ့ထိုးနိုင်တာတွေကြောင့် ဂီဂါကို ကျွန်မတို့ပြိုင်ဘက်ဖြစ်ဖို့ထက် ကျွန်မတို့ဘက်ကလူအဖြစ်ရှိစေချင်တာ အသေအချာပါပဲ။
Ref:youtube
Trans:thegeektext
zawgyi
Ref:youtube
Trans:thegeektext