သူရဲ့ခြေသည်းတွေကိုကြည့်ပြီး မိုးလေဝသအခြေအနေကို ခန့်မှန်းနိုင်တာကြောင့် ခြေသည်းမညှပ်ဘဲထားသည့်အမျိုးသား အတော်လေးနာမည်ကြီးလာခဲ့

News Social News




Shoon (Cele Daily)

Zawgyi

သူရဲ့ခြေသည်းတွေကိုကြည့်ပြီး မိုးလေဝသအခြေအနေကို ခန့်မှန်းနိုင်တာကြောင့် ခြေသည်းမညှပ်ဘဲထားသည့်အမျိုးသား အတော်လေးနာမည်ကြီးလာခဲ့

အလုပ်များစွာထဲမှ ရာသီဥတုကိုခန့်မှန်းရသော အလုပ်ဟာ အလွန်မလွယ်ကူသော အလုပ်တစ်ခုဖြစ်ပါတယ်။သို့သော်လည်း ဗီယက်နမ်နိုင်ငံမှ မစ္စတာChau Thanh Ben Treဆိုသည့်အမျိုးသားကတော့ ရာသီဥတုကို ခန့်မှန်းပြောဆိုနိုင်မှုကြောင့် နာမည်ကြီးနေခဲ့သူတစ်ယောက်ဖြစ်ပါတယ်။

အမျိုးသားဟာ သူ၏ခြေသည်းပုံစံကိုကြည့်ပြီး မိုးလေဝသအခြေအနေဟာ မည်သို့ဖြစ်လာမလဲဆိုတာကို ခန့်မှန်းပြောဆိုတာဖြစ်ပါတယ်။ထို့ကြောင့်အမျိုးသားဟာ သူ၏ခြေသည်းတွေကို လုံးဝမညှပ်ဘဲ သေချာစွာဂရုစိုက်ထိမ်းသိန်းထားခဲ့ခြင်းဖြစ်ပါတယ်။

အမျိုးသား၏ပြောဆိုပုံအရဆိုလျှင် အစပိုင်းတွင် သူ၏ခြေသည်းတွေဖြောင့်လာခဲ့ပါက နာရီဝက်အတွင်း မိုးရွာလာမှာဖြစ်တယ်ဟု ပြောပြခဲ့သော်လည်း တစ်ယောက်မှမယုံကြည်ခဲ့ဘဲ နောက်ပိုင်းမှ ယုံကြည်လာခြင်းဖြစ်ပါတယ်။

Shoon (Cele Daily)

Crd