Shoon (Cele Daily)
Zawgyi
သူများအိမ်ရှေ့မှာရပ်ထားတဲ့ ဆိုင်ကယ်ကို ခိုးယူဖို့ကြိုးစားခဲ့သော်လည်း ဆိုင်ကယ်ယူရင်း တစ်ယောက်တည်း၁၈ခါလောက်မှောက်လဲနေလို့ အဖမ်းမခံရအောင် ထွက်ပြေးလိုက်ရသည့် သူခိုး၏သနားစရာအဖြစ်
လောကတွင်သူတစ်ပါး၏ပစ္စည်းဥစ္စာကို ခိုးယူခြင်းလောက် ရုပ်ညံ့အောက်တန်းကျသောအရာမရှိနိုင်တော့ပေ။သို့သော်လည်း လောက၏နေရာအနှံအပြားတွင် ခိုးယူပြီး အလွယ်လိုက်ချင်ကြသည့် လူအနည်းငယ်တော့ရှိနေပါတယ်။
ယခုတွင်လည်း ဗီယက်နမ်နိုင်ငံတွင် အိမ်ရှေ့၌ရပ်ထားသော ဆိုင်ကယ်တစ်စီးကို လူလစ်တုန်းလေး သူခိုးတစ်ယောက်က လာခိုးခဲ့ပါတယ်ယာလာခိုးသည့်အချိန်တွင် သူခိုးက ဆိုင်ကယ်ယူရင်းနဲ့ တစ်ယောက်တည်းပြာယာခတ်နေပြီး ဆိုင်ကယ်နှင့်မှောက်လှဲနေခဲ့ပါတယ်။
ခဏခဏမှေညက်လှဲနေသည့် အခါမှာတော့ အခြားသူများက ရိပ်မိပြီး ဝိုင်းဖမ်းတော့မှာကို သိနေသည့်အတွက် သူခိုးဟာလည်း ဆိုင်ကယ်ကိုထားခဲ့ပြီး အဖမ်းမခံရအောင် ပြေးခဲ့ရပါတော့တယ်။သူခိုး၏ရယ်စရာဗီဒီယိုလေးဟာ လိုင်းပေါ်မှာပျံနှံလာခဲ့ပြီး မကောင်းတာလုပ်နေတဲ့သူကိုတောင် သနားရမလိုဖြစ်နေပါတယ်။
Shoon (Cele Daily)
Crd