Shoon (Cele Daily)
Zawgyi
သူများကသနားပြီး အလှူငွေတွေအများအပြားလာပေးစေဖို့အတွက် လိမ်လည်ပြီး တံတားပေါ်မှ ခုန်ချချင်ယောင်ဆောင်ခဲ့သည့် ကောင်မလေးအဖမ်းခံခဲ့ရ
သူတစ်ပါး၏ချွေးနည်းစားကို မသမာသောနည်းဖြင့်ရယူပြီး ငွေကြေးကိုရှာဖွေခြင်းသည် စားရသောထမင်းတစ်နပ်အတွက် စိတ်မသက်မသာဖြစ်စေမှာသေချာပါတယ်။သို့သော်လည်း အချို့လူသားများသည် ကိုယ်တိုင်ကြိုးစားပြီး ဝင်ငွေရှာဖွေဖို့ထက် ကလိမ်ကကျစ်နည်းဖြင့် ပိုက်ဆံအလွယ်တကူရရန် စဉ်းစားနေတတ်ကြပါတယ်။
ယခုတွင်လည်း ကောင်မလေးတစ်ဦးသည် တံတားအမြင့်ပေါ်မှ ခုန်ချချင်ယောင်ဆောင်နေခဲ့ပြီး အခြားသူများက မလုပ်ဖို့ တားမြစ်ချိန်မှာတော့ သူကငွေကြေးအခက်အခဲဖြစ်နေပုံကို သနားအောင်ပြောပြီး အလှူငွေတွေရယူနေခဲ့တာဖြစ်ပါတယ်။
ကောင်မလေးသည် ထိုကဲ့သို့ ၈ကြိမ်တိတိလုပ်ဆောင်ပြီး ပိုက်ဆံရှာဖွေကာ လိမ်လည်ခဲ့ရာမှာတော့ တာဝန်ရှိသူများက သိသွားခဲ့ပြီး ဖမ်းဆီးကာအရေးယူသွားခဲ့တာဖြစ်ပါတယ်။
Shoon (Cele Daily)
Crd