■သူမနှင့်သူမရဲ့ လူတွေအသက်ရှင်ဖို့အတွက်ဘာမဆိုပေးဆပ်ရဲတဲ့ Artemisia 1 of caria

Article Knowledge World

TheGeekText.com Copyright©2021 ကူးယူဖော်ပြခွင့်လုံးဝခွင့်မပြုပါ။

■သူမနှင့်သူမရဲ့ လူတွေအသက်ရှင်ဖို့အတွက်ဘာမဆိုပေးဆပ်ရဲတဲ့ Artemisia 1 of caria

နာမည်ကြီးတိုက်ခိုက်ရေး နတ်ဘုရားမအာတီမက်စ်ရဲ့ နာမည်ကိုလိုက်ပြီး ပေးထားတဲ့ အာတာမီစီယားကတော့ ဟာလီကာနက်စပ်စ်ရဲ့ ဘုရင်မတစ်ပါးပါပဲ။ ဒါကတော့ ယနေ့ခေတ်မှာ တူရကီနိုင်ငံလို့ သိကြတဲ့နေရာပါ။

သူမဟာ ပါရှားဘုရင်ရဲ့ မဟာမိတ်ဖြစ်ခဲ့ပြီး သူ့ရဲ့စစ်တပ်မှာ စစ်တပ်ရေးရာ ဗိုလ်ချုပ်အဖြစ် တာဝန်ယူခဲ့သူပါ။ သူရဲ့စစ်တပ်ရေးရာ ပရိယာယ်ကြွယ်ဝမှုတွေကြောင့် ထင်ရှားရုံသာမက ရက်စက်ကြမ်းကြုတ်မှုကြောင့်လည်းနာမည်ကြီးသလို သူမနှင့် သူမရဲ့ လူတွေ အသက်ရှင်ဖို့အတွက် ဘာမဆို ပေးဆပ်ရဲတဲ့သူတစ်ယောက်ဖြစ်ပါတယ်။

ဒါအတွက် အကောင်းဆုံး ဥပမာကတော့ ဂရိလူမျိုးတွေနှင့်တိုက်ခိုက်ရတဲ့ ပါးရှားစစ်ပွဲပဲဖြစ်ပါတယ်။ သူမဆီကို ဂရိသင်္ဘောကြီးလာနေတာကိုတွေ့လျက်နဲ့ သူမဟာ ပါရှန် သင်္ဘောတွေထဲကတစ်ခုနှင့် ထိုးစစ်ဆင်ခဲ့ပြီး နှစ်မြုပ်ခဲ့တာပါ။

ဒါကိုလုပ်တဲ့အချိန် သူမဟာ ဂရိတွေနှင့် အတူတူပဲဖြစ်တဲ့ပုံစံဖြင့်လှည့်စားခဲ့ပြီး ဇာစီကတော့ သူမဟာ ဂရိသင်္ဘောကို တကယ်တမ်း ထိုးစစ်စင်ခဲ့တယ်လို့ယုံကြည်ခဲ့ပါတယ်။ မှတ်တမ်းတွေအရ သူမဟာ စစ်ပွဲမှာ သေဆုံးခဲ့တာမဟုတ်ပါဘူး။

ဒါပေမယ့်လည်း သူမချစ်ရတဲ့ အမျိုးသားဟာ သူမကိုငြင်းဆိုခဲ့တာကြောင့် ဂရိနိုင်ငံအလယ်မှာရှိတဲ့ ကျောက်တုံးအမြင့်ပေါ်ကနေ ခုန်ချခဲ့တယ်လို့ဆိုပါတယ်။ ပြောပုံတွေအရတော့ သူမကို သူမခုန်ချခဲ့တဲ့ တောင်စွန်းနားမှာ မြှုပ်နှံခဲ့တယ်လို့သိရပါတယ်။
Ref:youtube
Trans:thegeektext

zawgyi

TheGeekText.com Copyright©2021 ကူးယူေဖာ္ျပခြင့္လုံးဝခြင့္မျပဳပါ။

■သူမႏွင့္သူမရဲ့ လူေတြအသက္ရွင္ဖို႔အတြက္ဘာမဆိုေပးဆပ္ရဲတဲ့ Artemisia 1 of caria

နာမည္ႀကီးတိုက္ခိုက္ေရး နတ္ဘုရားမအာတီမက္စ္ရဲ့ နာမည္ကိုလိုက္ၿပီး ေပးထားတဲ့ အာတာမီစီယားကေတာ့ ဟာလီကာနက္စပ္စ္ရဲ့ ဘုရင္မတစ္ပါးပါပဲ။ ဒါကေတာ့ ယေန႔ေခတ္မွာ တူရကီနိုင္ငံလို႔ သိၾကတဲ့ေနရာပါ။

သူမဟာ ပါရွားဘုရင္ရဲ့ မဟာမိတ္ျဖစ္ခဲ့ၿပီး သူ႔ရဲ့စစ္တပ္မွာ စစ္တပ္ေရးရာ ဗိုလ္ခ်ဳပ္အျဖစ္ တာဝန္ယူခဲ့သူပါ။ သူရဲ့စစ္တပ္ေရးရာ ပရိယာယ္ႂကြယ္ဝမႈေတြေၾကာင့္ ထင္ရွား႐ုံသာမက ရက္စက္ၾကမ္းၾကဳတ္မႈေၾကာင့္လည္းနာမည္ႀကီးသလို သူမႏွင့္ သူမရဲ့ လူေတြ အသက္ရွင္ဖို႔အတြက္ ဘာမဆို ေပးဆပ္ရဲတဲ့သူတစ္ေယာက္ျဖစ္ပါတယ္။

ဒါအတြက္ အေကာင္းဆုံး ဥပမာကေတာ့ ဂရိလူမ်ိဳးေတြႏွင့္တိုက္ခိုက္ရတဲ့ ပါးရွားစစ္ပြဲပဲျဖစ္ပါတယ္။ သူမဆီကို ဂရိသေဘၤာႀကီးလာေနတာကိုေတြ႕လ်က္နဲ႔ သူမဟာ ပါရွန္ သေဘၤာေတြထဲကတစ္ခုႏွင့္ ထိုးစစ္ဆင္ခဲ့ၿပီး ႏွစ္ျမဳပ္ခဲ့တာပါ။

ဒါကိုလုပ္တဲ့အခ်ိန္ သူမဟာ ဂရိေတြႏွင့္ အတူတူပဲျဖစ္တဲ့ပုံစံျဖင့္လွည့္စားခဲ့ၿပီး ဇာစီကေတာ့ သူမဟာ ဂရိသေဘၤာကို တကယ္တမ္း ထိုးစစ္စင္ခဲ့တယ္လို႔ယုံၾကည္ခဲ့ပါတယ္။ မွတ္တမ္းေတြအရ သူမဟာ စစ္ပြဲမွာ ေသဆုံးခဲ့တာမဟုတ္ပါဘူး။

ဒါေပမယ့္လည္း သူမခ်စ္ရတဲ့ အမ်ိဳးသားဟာ သူမကိုျငင္းဆိုခဲ့တာေၾကာင့္ ဂရိနိုင္ငံအလယ္မွာရွိတဲ့ ေက်ာက္တုံးအျမင့္ေပၚကေန ခုန္ခ်ခဲ့တယ္လို႔ဆိုပါတယ္။ ေျပာပုံေတြအရေတာ့ သူမကို သူမခုန္ခ်ခဲ့တဲ့ ေတာင္စြန္းနားမွာ ျမႇုပ္ႏွံခဲ့တယ္လို႔သိရပါတယ္။
Ref:youtube
Trans:thegeektext