TheGeekText.com Copyright©2021 ကူးယူဖော်ပြခွင့်လုံးဝခွင့်မပြုပါ။
■သူမခေါင်းကိုဖြတ်ပြီးမြှုပ်နှံဖို့ အမိန့်ပေးခဲ့သည့် Nakano Takeko
ဆာမူရိုင်းတွေကတော့ သူတို့ရဲ့ ကြီးမားတဲ့စည်းကမ်းတွေနှင့် ကာတာနားဓားတွေကို ကိုယ့်ကိုယ်ကို မထိခိုက်မိအောင် အသုံးပြုတဲ့နေရာမှာ ကျွမ်းကျင်တာကြောင့် လူသိများကြပါတယ်။ နီခါနိုကတော့ သမိုင်းတစ်လျှောက်မှာ နာမည်ကြီးတဲ့ အမျိုးသမီးဆာမူရိုင်းတစ်ဦးပါ။
သူမဟာ ကိုယ်ခံပညာကိုကောင်းစွာတတ်မြောက်သူဖြစ်ပြီး ၁၈၆၈ ခုနှစ် ဇန်နဝါရီလ ၃ ရက်နေ့ကနေ ၁၈၆၉ ခုနှစ် မေလ ၁၈ ရက်နေ့အထိဖြစ်တဲ့ ဂျပန် ပြည်တွင်းစစ်ရဲ့ အရေးကြီးတဲ့နေရာကနေပါဝင်ခဲ့ပါတယ်။ သူမဟာ စစ်တပ်ထဲမှာ မပါပေမယ့်လည်းဂျိုရှီတိုင်းလို့ခေါ်တဲ့ သူမရဲ့တပ်ကို ကိုယ်တိုင်ဦးစီးပါတယ်။
ဒါကတော့ စစ်ပွဲမှာပါတဲ့ အမျိုးသမီးစစ်တပ်ပါပဲ။ စစ်ပွဲအတွင်းသူမရဲ့ မှတ်သားစရာ စစ်ပွဲအတွင်းစွမ်းရည်ကတော့ ဂျပန်အဲမောင်းတမျိူးဖြစ်တဲ့ နာဂီနာတာဓားကိုကောင်းစွာ သုံးတတ်ခြင်းပဲဖြစ်ပါတယ်။
ဒါပေမယ့် သူမဟာ စစ်ပွဲအတွင်းမှာ ရင်ဘတ်ကို အပစ်ခံခဲ့ရပီး။ သူမရဲ့ခေါင်းကို စစ်အောင်နိုင်ခြင်းသဘောဖြင့် အသုံးပြုခံရမှာကြောက်တဲ့အတွက်ကြောင့် သူမရဲ့ စစ်သားကို သူမခေါင်းကိုဖြတ်ပြီးမြှုပ်နှံဖို့ အမိန့်ပေးခဲ့ပါတယ်။
သူမရဲ့စစ်သားကလည်း တကယ်လိုက်နာခဲ့ကာ။ ယနေ့မှာတော့သူမရဲ့ခေါင်းဟာ ဖူကူရှီးမားက ဟိုခက်ဂျီဘုရားကျောင်းရဲ့ ထင်းရှူးပင်အောက်မှာ မြှုပ်နှံထားပါတယ်။
Ref:youtube
Trans:thegeektext
zawgyi
Ref:youtube
Trans:thegeektext