သူတို့ခန္ဓာကိုယ်တွေ ဘယ်ရောက်သွားလဲ

သူတို့ခန္ဓာကိုယ်တွေ ဘယ်ရောက်သွားလဲ

သူတို့ခန္ဓာကိုယ်တွေ ဘယ်ရောက်သွားလဲ

တချို့သော ကမ္ဘာပေါ်ကလူတွေဟာ ရာထူး၊အာဏာ၊စည်းစိမ်အတွက်ဆိုရင် ဘာမဆို လုပ်ရဲကြပါတယ်။ ရက်စက်ကြမ်းကြုတ်တဲ့ ဒီလိုလူတွေကို အာဏာရှင် (Dictators) လို့ သတ်မှတ်ကြပါတယ်။

သမိုင်းတွေအရတော့ အာဏာရှင်တွေဟာ ဇာတ်သိမ်းမကောင်းကြပါဘူး။ မလှမပ နိဂုံးချုပ်ကြရတာတွေချည်းပါပဲ။

အခုတင်ပြမယ့်သူတွေကတော့ နိဂုံးချုပ်ယုံနဲ့ မပြီးသေးဘဲ ကျန်ရစ်တဲ့ ခန္ဓာကိုယ်တောင် မလုံမခြုံလို့ လူမသိသူမသိ နေရာတွေကို ရွေ့ပြောင်းမြှုပ်နှံခံရသူတွေအကြောင်း ဖြစ်ပါတယ်။ ဖတ်ကြည့်ကြပါအုံးနော်။

(၁) ဆက်ဒမ်ဟူစိန် (Saddam Hussein)

ဆက်ဒမ်ဟူစိန်ရဲ့ ရက်စက်တဲ့ အုပ်ချုပ်မှုကို အီရတ်ပြည်သူတွေဟာ (၂၄)နှစ်ကြာအောင် ခံစားခဲ့ရပါတယ်။ အဲဒီကာလအတွင်းမှာ (၂၅၀,၀၀၀) သော အီရတ်ပြည်သူပြည်သားတွေ သေကျေခဲ့ကြရပါတယ်။

ဟူစိန်ဟာ စစ်ပွဲကြီး (၂)ခုကိုလည်း ဖန်တီးခဲ့ပါတယ်။ အားလုံးသိတဲ့အတိုင်း အီရန်နဲ့ ကူဝိတ်ကို ကျူးကျော်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီစစ်ပွဲအတွင်းမှာလည်း အီရတ်စစ်သားအများအပြား သေဆုံးဒါဏ်ရာ ရခဲ့ကြပါတယ်။ ၂၀၀၃ ခုနှစ်မှာတော့ အမေရိကန်ဟာ အီရတ်ကို ဝင်ရောက်ပြီး ဆက်ဒမ်ဟူစိန်ကို ဖယ်ရှားခဲ့ပါတယ်။

ဆမ်ဒမ်ဟူစိန်ဟာ ထွက်ပြေးသွားပေမဲ့ (၈) လ အကြာမှာ သူ့ကို ဖမ်းမိခဲ့ပါတယ်။ သူဟာ မြေကျင်းတူးပြီး ပုန်းအောင်းနေခဲ့တာ ဖြစ်ပါတယ်။ သူ့ကို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာဥပဒေအရ အရေးယူခဲ့ပါတယ်။

သူ့ရဲ့ ရက်စက်တဲ့လုပ်ရပ်တွေဟာ ထင်ရှားတာကြောင့် တရားရုံးက သေဒါဏ်ချမှတ်ခဲ့ပါတယ်။ ဟူစိန်ကို ၂၀၀၆ ခုနှစ်၊ ဒီဇင်ဘာ ၃၀ ရက်နေ့မှာ ကြိုးပေးကွပ်မျက်ခဲ့ပါတယ်။

သူ့အလောင်းကို မိသားစုက Awja ဒေသမှာ မြှုပ်နှံခဲ့ကြပါတယ်။ ဒါပေမဲ့ လက်သရမ်းတဲ့လူတွေ၊ အခဲမကျေတဲ့လူတွေက ဖျက်စီးမှား စိုးရိမ်တဲ့အတွက် ၂၀၁၄ ခုနှစ်မှာတော့ သူ့ရဲ့အလောင်းကို လျှို့ဝှက်တဲ့နေရာတစ်ခုကို ပြောင်းရွေ့မြှုပ်နှံခဲ့ရပါတယ်။ ကျန်ခဲ့တဲ့ သင်္ချိုင်းမြေနေရာကို ရှိးယိုက်တွေက ဖျက်ဆီးပစ်လိုက်ကြပါတယ်။

ဆက်ဒမ်ဟူစိန်ရဲ့ ခန္ဓာကိုယ်ဟာ သဲကန္တာရထဲက လူမသိ၊သူမသိတစ်နေရာမှာ လဲလျှောင်းနေပါတယ်။ ဒါဟာ အချိန်ရဲ့ဆုံးဖြတ်ချက် သာဓကတစ်ခုပဲ ဖြစ်ပါတယ်။

(၂) နီကိုလိုင် ချောင်ဆက်စကူး ( Nicolae Ceausescu)

နီကိုလိုင်ရဲ့ ခန္ဓာကိုယ်ကတော့ အငြင်းပွားမှုတွေ ဖြစ်ပေါ်ခဲ့ရတဲ့အထိပါပဲ။ သူကလည်း ရိုမေးနီးယာနိုင်ငံကို (၂၄) နှစ်ကြာ အုပ်စိုးခဲ့သူပါ။

သူ့အုပ်ချုပ်မှုအောက်မှာ ရိုမေးနီးယားပြာ်သူတွေဟာ ဒုက္ခမျိုးစုံ ခံစားခဲ့ရပါတယ်။ ဘဏ်စနစ် လုံးဝပြိုလဲသွားပြီး တိုင်းပြည်ကလည်း ချောက်ထဲကျဖို့ လက်တစ်လုံးသာသာ အခြေအနေ ဖြစ်သွားပါတယ်။

သူဟာ ပြင်းထန်တဲ့ ကွန်မြူနစ်စနစ်ကို ချမှတ်ပြီး အာဏာတည်မြဲဖို့ လုပ်ဆောင်ခဲ့ပါတယ်။

၁၉၈၀ ခုနှစ်မှာ ဆိုဗီယက်ယူနီယံဟာ အပြောင်းအလဲတွေ လျင်လျင်မြန်မြန် ဖြစ်ပေါ်လာပါတယ်။ သမ္မတ မီးခေး ဂေါ်ဘာဂျော့ဟာ ပြုပြင်ရေးတွေ ဆောင်ရွက်လာပါတယ်။ နီကိုလိုင်ဟာ မော်စကိုနဲ့ လျင်မြန်စွာပဲ အဆက်ဖြတ်လိုက်ပါတယ်။

သူဟာ ကိုယ်ဝန်ဖျက်ချခွင့်ဥပဒေကို ပိတ်ပင်တာ၊ လူဦးရေ ၂၀၀၀ အောက်ရှိတဲ့ ရွာတွေကို ဖျက်ပစ်ဖို့ ခြိမ်းခြောက်တာတွေကိုပါ လုပ်ခဲ့ပါတယ်။

ဒါကြောင့် ရိုမေးနီးယားမှာ သူ့ကို ဆန့်ကျင်မှုတွေ ကြီးထွားလာခဲ့ပါတယ်။ ၁၉၈၇ ခုနှစ်မှာတော့ ဆန့်ကျင်သူတွေဟာ ကွန်မြူနစ်ပါတီ ဗဟိုဌာနချုပ်ရှိရာ (Rasov) ရာဆော့မြို့အထိ စုရုံးရောက်ရှိလာပါတယ်။

၁၉၈၉ ခုနှစ်မှာတော့ တစ်နိုင်ငံလုံးအတိုင်းအတာအထိ ပျံ့နှံ့လာခဲ့ပါတယ်။ လူထုအုံကြွမှုကြီး ဖြစ်ပေါ်လာပါတယ်။

နီကိုလိုင်ဟာ တန်ပြန်တဲ့အနေနဲ့ လူတစ်သိန်းနီးပါး ပါဝင်တဲ့ လူထုစည်းဝေးပွဲကြီးတစ်ခု လုပ်ပါတယ်။ သူ့ကို သစ္စာခံသူတွေ ရှိနေသေးတယ်ဆိုတဲ့သဘောပါ။

ဒါပေမဲ့ သူ့အစီအစဉ်ဟာ မအောင်မြင်ခဲ့ပါဘူး။ လူထုက သူ မိန့်ခွန်းပြောနေစဉ်မှာပဲ လှောင်ပြောင်သရော်မှုတွေ လုပ်ခဲ့ကြလို့ မိန့်ခွန်းကို ဆုံးအောင်မပြောလိုက်ရပါဘူး။ သူက စစ်တပ်ကို ပစ်မိန့်ပေးခဲ့လို့ စစ်သားတွေက သေနတ်ပစ်ဖောက်ခဲ့ကြတာကြောင့် လူအုပ်ကြီးလဲ ပြိုကွဲသွားပါတယ်။

နောက်တစ်နေ့မှာတော့ စစ်တပ်ဟာ ပြည်သူ့ဖက်က ရပ်တည်လိုက်ပါတယ်။ နီကိုလိုင် ချောင်ဆက်စကူးနဲ့ သူ့ဇနီး အဲလီနာတို့ဟာ ရဟတ်ယာဉ်နဲ့ ထွက်ပြေး ထွက်ပြေးခဲ့ပါတယ်။ ဒါပေမဲ့ လေတပ်က ပစ်ချမယ်လို့ ခြိမ်းခြောက်ခဲ့တာကြောင့် အဝေးပြေးလမ်းတစ်နေရာမှာ ဆင်းသက်ပြီး ကားတစ်စီးကို တားခဲ့ကြပါတယ်။

ကားမောင်းလာသူဟာ ဆရာဝန်တစ်ယောက်ဖြစ်ပြီး နီကိုလိုင်တို့ကို သိရှိတာမို့ နီးစပ်ရာတော်လှန်ရေးတပ်သားတွေဆီကို မောင်းပို့ခဲ့ပါတော့တယ်။ သူတို့ကို ဖမ်းမိပြီးနောက် လျင်မြန်စွာပဲ တရာင်းစီရင်ခဲ့ကြပါတယ်။

၁၉၈၉ ခုနှစ်၊ ဒီဇင်ဘာ ၂၅ ရက်နေ့မှာ သူ့ကို ကွက်မျက်ခဲ့ပါတယ်။ ကွပ်မျက်ပုံကိုလည်း ရိုမေးနီးယန်းရုပ်သံက တိုက်ရိုက်ထုတ်လွှင့်ပေးခဲ့ပါတယ်။

နှစ်တွေကြာပြီးနောက်မှာတော့ ကျန်ရစ်တဲ့ မိသားစုဝင်တွေဟာ နီကိုလိုင် ချောင်ဆက်စကူးရဲ့ ခန္ဓာကိုယ်တွေ မြှုပ်နှံထားတယ်ဆိုတာ အစစ်အမှန်ဟုတ်ရဲ့လားလို့ သံသယဝင်လာကြပါတယ်။

ဒါ့ကြောင့် တရားရုံးကို ဦးတိုက်လျှောက်ထားခဲ့လို့ ၂၀၁၀ ခုနှစ်မှာ တရားရုံက အုတ်ဂူကို ပြန်လည်တူးဖော်ပြီး DNA (ဒီအန်အေ) စစ်ဆေးဖို့ အမိန့်ချခဲ့ပါတယ်။ ဒီအန်အေ စစ်ဆေးချက်အရ နီကိုလိုင် အစစ်အမှန်ဖြစ်ကြောင်း သက်သေပြနိုင်ခဲ့လို့ တဖန်ပြန်လည် မြှုပ်နှံခဲ့ရပါတယ်။

(၃) ကဒါဖီ (Muammar Gaddafi)

မွမ်မာ ကဒါဖီကတော့ လစ်ဗျားရဲ့ အာဏာရှင်တစ်ဦးဆိုတာ ပြောစရာမလိုပါဘူး။ သူ့ရဲ့ ခန္ဓာကိုယ်ကို အသားတွေ အအေးခံတဲ့ သေတ္တာထဲ ထည့်ထားခံရပါတယ်။

သူဟာ လစ်ဗျားကို နှစ်(၄၀)ကြာ အုပ်စိုးခဲ့သူ ဖြစ်ပါတယ်။ အနှစ် (၄၀) အတွင်း လူ့အခွင့်အရေးချိုးဖောက်မှုတွေ မရေတွက်နိုင်အောင် များပြားခဲ့ပါတယ်။

ကဒါဖီဟာ ကမ္ဘာတလွှားက အကြမ်းဖက်အုပ်စုတွေရဲ့ နောက်ခံကျောရိုးဖြစ်ခဲ့ပါတယ်။ ဘယ်အကြမ်းဖက်အုပ်စုကိုမဆို သူက ထောက်ပံ့ပေးပါတယ်။

၂၀၁၁ ခုနှစ်မှာတော့ လစ်ဗျားမှာ ပြည်တွင်းစစ် ဖြစ်ပါတော့တယ်။ ဒီတစ်ခါတော့ နေတိုး(NATO)တပ်တွေ ဝင်ရောက်လာလို့ ကဒါဖီ ထွက်ပြေးရပါတယ်။ သူ့ကို ၂၀၁၁ ခုနှစ်၊ အောက်တိုဘာ ၂၀ ရက်နေ့မှာ တော်လှန်ရေးသမားတွေက ဖမ်းဆီးရမိခဲ့ပါတယ်။ အဲဒီနောက် ရိုက်နှက်နှိပ်စက်ပြီး သေနဝာ်နဲ့ သုတ်သင်ရှင်းလင်းပစ်လိုက်ကြပါတယ်။

ဒါဏ်ရာတွေဗလပွနဲ့သူ့ကို လူနာတင်ကားနဲ့ သယ်ဆောင်လာကြပါတယ်။ နောက်ပိုင်း ဖြစ်ရပ်တွေကတော့ သဲသဲကွဲကွဲ မရှိလှပါဘူး။ (တချို့ကတော့ ကဒါဖီကို သစ်သားချောင်းနဲ့ သပ်လျှိုပြီး သုတ်သင်ရှင်းလင်းလိုက်တယ်လို့ ဆိုကြပါတယ်။ )

သူဟာ ဆေးရုံမရောက်ခင်မှာဘဲ သေဆုံးခဲ့တာပါ။ သူ့ခန္ဓာကိုယ်ကို အသားတွေ အအေးခံတဲ့ အအေးခန်းထဲမှာ ပစ်ထားလိုက်ကြပါတယ်။ လူပေါင်းများစွာဟာ သူ့အလောင်းကိုကြည့်ဖို့ စုဝေးခဲ့ကြပါတယ်။

အလောင်းထုတ်လာတဲ့အခါ ဆိုးဝါးတဲ့ အနံ့ကြောင့် ခွဲစိတ်ခန်းသုံး မျက်နှာဖုံးတွေစွပ်ပြီး သယ်ခဲ့ကြပါတယ်။ ကဲ တရားကျစရာ အာဏာရှင်ဇာတ်သိမ်းတွေပါပဲ။ အဆုံးထိ ဖတ်ရှု့ပေးလို့ ကျေးဇူးတင်ပါတယ်။

Knight News Team

Knight News © 2022

Crd

Crd