■သူစိမ်းတစ်ယောက်ရဲ့အိမ်ကိုမီးရှို့ခဲ့တယ်လို့တောင်သတင်းထွက်ခဲ့သည့် Amanda Bynes

Article Celebrity Hollywood World

TheGeekText.com Copyright©2021 ကူးယူဖော်ပြခွင့်လုံးဝခွင့်မပြုပါ။

■သူစိမ်းတစ်ယောက်ရဲ့အိမ်ကိုမီးရှို့ခဲ့တယ်လို့တောင်သတင်းထွက်ခဲ့သည့် Amanda Bynes

သူမကတော့၂၀၀၀နောက်ပိုင်းခုနှစ်တွေမှာလက်တစ်ဆုပ်စာရုပ်ရှင်ဇာတ်ကားတွေနဲ့အောင်မြင်လာတဲ့ကလေးသရုပ်ဆောင်ပါ။ဒါပေမယ့်၂၀၁၂ခုနှစ်မှာသူမကသရုပ်ဆောင်အလုပ်ကနေအနားယူပြီဖြစ်ကြောင်းကြေငြာခဲ့ပါတယ်။

သူမကသတင်းစာတွေမှမကောင်းတဲ့ဝေဖန်ချက်တွေကနေရုန်းထွက်ခဲ့တာပါ။သူမကအရက်မူးပြီးကားမောင်းတဲ့အပြစ်နဲ့အဖမ်းခံရပြီးမကြာခင်မှာပဲထူးဆန်းတဲ့ကိစ္စတွေစဖြစ်လာတော့တာပါပဲ။

2013ခုနှစ်မှာတရားမဝင်ပစ္စည်းလက်ဝယ်တွေ့ရှိမှုနဲ့ထပ်အဖမ်းခံရပြီးလူတွေပြောဆိုမှုအရဆိုရင်သူမဟာသူစိမ်းတစ်ယောက်ရဲ့အိမ်ကိုမီးရှို့ခဲ့တယ်လို့တောင်ဆိုပါတယ်။ဘိုင်းစ်ကမိသားစုဆက်ဆံရေးတွေပေါ်မှာအာရုံစိုက်ပြီးသူမရဲ့ဘဝကိုတည့်မတ်နိုင်ခဲ့ပါတယ်။

ကယ်လီဖိုးနီးယားဒီဇိုင်းနဲ့ကြော်ငြာတက္ကသိုလ်ကိုတက်ရောက်ပြီး၂၀၁၉ခုနှစ်မှာဘွဲရခဲ့တာပါ။သူမကိုကြည့်ရတာအပြင်ပန်းမှာတော့ကျန်းမာပြီးပျော်ရွှင်နေတဲ့ပုံပါပဲ။

ဒါပေမယ့်၂၀၁၀အမ်မာစတုမ်းနဲ့တွဲဖက်သရုပ်ဆောင်ခဲ့တဲ့”easy A(အီးဇီးအေ)”ဇာတ်ကားကသူမရဲ့နောက်ဆုံးကားဆိုတာအခုထိမယုံနိုင်ကြသေးပါဘူး။အောင်မြင်တဲ့ကလေးသရုပ်ဆောင်တစ်ယောက်ဖြစ်ရတာလွယ်တယ်ထင်ရပေမယ့်ကျွန်မတို့တွေးတောင်မတွေးမိတဲ့ဖိအားတွေတပုံတပင်ကြီးရှိနေတာပါ။
Ref:youtube
Trans:thegeektext

zawgyi







Ref:youtube
Trans:thegeektext