သုတေသီများပင် ၎င်းရဲ့ဇာစ်မြစ်ကို အတိအကျမရှာဖွေနိုင်သေးတဲ့ ကမ္ဘာပေါ်က လျှို့ဝှက်ဆန်းကြယ်ဆုံး သရေစာမုန့်တစ်မျိုး

သုတေသီများပင် ၎င်းရဲ့ဇာစ်မြစ်ကို အတိအကျမရှာဖွေနိုင်သေးတဲ့ ကမ္ဘာပေါ်က လျှို့ဝှက်ဆန်းကြယ်ဆုံး သရေစာမုန့်တစ်မျိုး

အောက်တွင် Unicode ဖြင့်ဖတ်နိုင်ပါသည်။

သုေတသီမ်ားပင္ ၎ရဲ႕ဇာစ္ျမစ္ကို အတိအက်မရွာေဖြႏိုင္ေသးတဲ့ ကမာၻေပၚက လွ်ိဳ႕ဝွက္ဆန္းၾကယ္ဆုံး သေရစာမုန႔္တစ္မ်ိဳး

ဒီသေရစာတစ္မ်ိဳးကို အိႏၵိယႏိုင္ငံရဲ႕ လမ္းေတြေပၚမွာ တြင္က်ယ္စြာ ေရာင္းခ်ေနေပမယ့္ ဘယ္ကလာမွန္း ဘယ္သူမွ မသိႏိုင္ပါဘူး။

သိပၸံပညာရွင္ေတြကေတာင္ ဒီမုန႔္က ဘာနဲ႔လုပ္ထားလဲဆိုတာ ေသခ်ာေစဖို႔ ၎၏ဇာစ္ျမစ္ကို စုံစမ္းရန္ DNA စစ္ေဆးမႈမ်ား ျပဳလုပ္ေနဆဲပါဘဲ။

အိႏၵိယႏိုင္ငံ၏ လမ္းမ်ားေပၚက Ram Kand Mool လို႔ေခၚတဲ့ဒီမုန႔္တစ္မ်ိဳးဟာ မၾကာေသးမီႏွစ္မ်ားအတြင္း အေက်ာ္ၾကားဆုံး သေရစာမ်ားထဲမွ တစ္ခုျဖစ္ပါတယ္။

အရသာအရ သေရစာမုန္က ထူးထူးျခားျခားမဟုတ္ေပမဲ့လည္း ၎၏ လွ်ိဳ႕ဝွက္ဆန္းၾကယ္တဲ့ဇာစ္ျမစ္က ေဖာက္သည္မ်ားကို ဆြဲေဆာင္ရာမွာ အဓိကအခ်က္ပါဘဲ။

Ram Kand Mool ဟာ ဒရမ္လို ဆလင္ဒါပုံသ႑ာန္ရွိၿပီး အတြင္းဘက္မွာ ဆင္စြယ္အျဖဴႏွင့္ အျပင္ဘက္မွာ နီညိဳေရာင္ရွိပါတယ္။

ပါးပါးလွီးထားေသာ အလႊာေတြကို အပိုင္းပိုင္းျဖတ္ၿပီး င႐ုတ္သီး၊ ဆား၊ သံပုရာသီးႏွင့္ သၾကားစသည့္ ဟင္းခတ္အေမႊးအႀကိဳင္ေတြနဲ႔ ေရာသုပ္စားရတာပါ။ Ram Kand Moolက

ေႏြရာသီမွာ လူမ်ားကို ေအးျမေစရန္၊ ေရငတ္ျခင္း ႏွင့္ ဆာေလာင္မႈကို ေျပေပ်ာက္ေစၿပီး ေဆးဘက္ဆိုင္ရာ သက္သာရာရမႈ အမ်ိဳးမ်ိဳးကို ေပးစြမ္းႏိုင္တယ္လို႔လည္းဆိုၾကပါတယ္။

၎ရဲ႕အရသာက မခ်ိဳလြန္းသလို ကိုက္ရလြယ္ကူပါတယ္။ Ram Kand Mool ရဲ႕မူလဇစ္ျမစ္ကို လြန္ခဲ့သည့္ရာစုႏွစ္ 80s ကတည္းက

သိပၸံပညာရွင္မ်ားက သတိျပဳမိခဲ့ေပမဲ့လည္း ယခုအခ်ိန္အထိ တိက်တဲ့အေျဖတစ္ခုမွမရွိေသးပါဘူး။ ေဈးသည္ေတြကလည္း

၎ရဲ႕ဇာစ္ျမစ္ကို မေဖာ္ျပခ်င္ၾကသလို အခ်ိဳ႕ကလည္း တဆင့္ျပန္ယူေရာင္းတာလို႔ ဆိုၾကပါတယ္။

1994 ခုႏွစ္မွာ ေဒါက္တာ Koppula Hemadri က Ram Kand Mool ရဲ႕လွ်ိဳ႕ဝွက္ဆန္းၾကယ္တဲ့အေျဖကိုရွာေဖြဖို႔ အိႏၵိယႏိုင္ငံတစ္ဝွမ္းသို႔သြားေရာက္ခဲ့ၿပီး

ျခဴးပင္က ၎ရဲ႕အရင္းအျမစ္ျဖစ္ႏိုင္ေၾကာင္း နိဂုံးခ်ဳပ္ခဲ့ေပမဲ့လည္း သူ႔မွာ တိက်တဲ့သက္ေသမရွိခဲ့ပါဘူး။ တစ္ခ်ိန္တည္းမွာ ေဒါက္တာ Ali Moulali ကလည္း

ေဈးေရာင္းသူအခ်ိဳ႕ကို ေငြေပးေခ်ခဲ့ၿပီး ၎ဟာ Kitta Nara ဆိုတဲ့အပင္တစ္မ်ိဳးရဲ႕ပင္စည္ျဖစ္ေၾကာင္း ေတြ႕ရွိခဲ့ပါတယ္။ Ram Kand Mool ရဲ႕မူလဇစ္ျမစ္ကို

သုေတသနျပဳမႈမွာ သိပၸံပညာရွင္အဖြဲ႕တစ္ဖြဲ႕က သေရစာအခ်ပ္တစ္ခ်ပ္ေပၚတြင္ DNA စမ္းသပ္မႈျပဳလုပ္တဲ့အခါ 2010 ခုႏွစ္မွာ အေျဖထြက္ေပၚလာခဲ့ပါတယ္။

ရလဒ္မ်ားအရ ၎ဟာ agave သစ္ပင္အမ်ိဳးအစားမ်ားရဲ႕ DNA ႏွင့္ 89% ကိုက္ညီေၾကာင္းျပသခဲ့ၿပီး ၊

ထင္ရွားသည္မွာ အခ်ိဳ႕ေသာ agave အပင္မ်ားက အမ်ားအျပားအသုံးျပဳရင္ အဆိပ္သင့္ေစသည့္ အယ္ကာလြိဳက္ဓာတ္မ်ား ပါဝင္တာေၾကာင့္

Ram Kand Mool ကိုလည္း ပါးပါးေလးလႊာၿပီးသာ ေရာင္းခ်ၾကတာပါဘဲ။ သို႔ေပမဲ့ Agave အပင္ေတြမွာ Sisalana ၊ Americana စတဲ့ ဆင္တူတဲ့သစ္ပင္မ်ားစြာရွိတာေၾကာင့္

သိပၸံပညာရွင္မ်ားက Ram Kand Mool ျပဳလုပ္တဲ့အပင္ကို အတိအပ် မဆုံးျဖတ္ႏိုင္ေသးပါဘူး။ Ram Kand Mool ရဲ႕ဇာစ္ျမစ္ကိုဖုံးကြယ္ထားျခင္းက

၎ရဲ႕ဝယ္လိုအားမ်ားစြာရွိေနေစတဲ့လွ်ိဳ႕ဝွက္ခ်က္ျဖစ္တဲ့အတြက္ စီးပြားေရးလုပ္ငန္းမ်ား ရွင္သန္ႀကီးထြားရန္အတြက္ေသာ့ခ်က္တစ္ခုျဖစ္ၿပီး

အိႏၵိယရွိ စက္႐ုံမ်ားရဲ႕ သတင္းအခ်က္အလက္ သို႔မဟုတ္ စက္႐ုံမ်ားရဲ႕ဆက္သြယ္မႈကို မီဒီယာသို႔ထုတ္ေဖာ္ရန္ တားျမစ္ထားၿပီး ဒီသေရစာရဲ႕အမ်ားအျပားဝယ္ယူမႈကိုလည္း ပယ္ခ်ထားပါတယ္။

Mia (Mckzone daily) Credit

Unicode

သုတေသီများပင် ၎င်းရဲ့ဇာစ်မြစ်ကို အတိအကျမရှာဖွေနိုင်သေးတဲ့ ကမ္ဘာပေါ်က လျှို့ဝှက်ဆန်းကြယ်ဆုံး သရေစာမုန့်တစ်မျိုး

ဒီသရေစာတစ်မျိုးကို အိန္ဒိယနိုင်ငံရဲ့ လမ်းတွေပေါ်မှာ တွင်ကျယ်စွာ ရောင်းချနေပေမယ့် ဘယ်ကလာမှန်း ဘယ်သူမှ မသိနိုင်ပါဘူး။

သိပ္ပံပညာရှင်တွေကတောင် ဒီမုန့်က ဘာနဲ့လုပ်ထားလဲဆိုတာ သေချာစေဖို့ ၎င်း၏ဇာစ်မြစ်ကို စုံစမ်းရန် DNA စစ်ဆေးမှုများ ပြုလုပ်နေဆဲပါဘဲ။

အိန္ဒိယနိုင်ငံ၏ လမ်းများပေါ်က Ram Kand Mool လို့ခေါ်တဲ့ဒီမုန့်တစ်မျိုးဟာ မကြာသေးမီနှစ်များအတွင်း အကျော်ကြားဆုံး သရေစာများထဲမှ တစ်ခုဖြစ်ပါတယ်။

အရသာအရ သရေစာမုန်က ထူးထူးခြားခြားမဟုတ်ပေမဲ့လည်း ၎င်း၏ လျှို့ဝှက်ဆန်းကြယ်တဲ့ဇာစ်မြစ်က ဖောက်သည်များကို ဆွဲဆောင်ရာမှာ အဓိကအချက်ပါဘဲ။

Ram Kand Mool ဟာ ဒရမ်လို ဆလင်ဒါပုံသဏ္ဍာန်ရှိပြီး အတွင်းဘက်မှာ ဆင်စွယ်အဖြူနှင့် အပြင်ဘက်မှာ နီညိုရောင်ရှိပါတယ်။

ပါးပါးလှီးထားသော အလွှာတွေကို အပိုင်းပိုင်းဖြတ်ပြီး ငရုတ်သီး၊ ဆား၊ သံပုရာသီးနှင့် သကြားစသည့် ဟင်းခတ်အမွှေးအကြိုင်တွေနဲ့ ရောသုပ်စားရတာပါ။ Ram Kand Moolက

နွေရာသီမှာ လူများကို အေးမြစေရန်၊ ရေငတ်ခြင်း နှင့် ဆာလောင်မှုကို ပြေပျောက်စေပြီး ဆေးဘက်ဆိုင်ရာ သက်သာရာရမှု အမျိုးမျိုးကို ပေးစွမ်းနိုင်တယ်လို့လည်းဆိုကြပါတယ်။

၎င်းရဲ့အရသာက မချိုလွန်းသလို ကိုက်ရလွယ်ကူပါတယ်။ Ram Kand Mool ရဲ့မူလဇစ်မြစ်ကို လွန်ခဲ့သည့်ရာစုနှစ် 80s ကတည်းက

သိပ္ပံပညာရှင်များက သတိပြုမိခဲ့ပေမဲ့လည်း ယခုအချိန်အထိ တိကျတဲ့အဖြေတစ်ခုမှမရှိသေးပါဘူး။ ဈေးသည်တွေကလည်း

၎င်းရဲ့ဇာစ်မြစ်ကို မဖော်ပြချင်ကြသလို အချို့ကလည်း တဆင့်ပြန်ယူရောင်းတာလို့ ဆိုကြပါတယ်။

1994 ခုနှစ်မှာ ဒေါက်တာ Koppula Hemadri က Ram Kand Mool ရဲ့လျှို့ဝှက်ဆန်းကြယ်တဲ့အဖြေကိုရှာဖွေဖို့ အိန္ဒိယနိုင်ငံတစ်ဝှမ်းသို့သွားရောက်ခဲ့ပြီး

ခြူးပင်က ၎င်းရဲ့အရင်းအမြစ်ဖြစ်နိုင်ကြောင်း နိဂုံးချုပ်ခဲ့ပေမဲ့လည်း သူ့မှာ တိကျတဲ့သက်သေမရှိခဲ့ပါဘူး။ တစ်ချိန်တည်းမှာ ဒေါက်တာ Ali Moulali ကလည်း

ဈေးရောင်းသူအချို့ကို ငွေပေးချေခဲ့ပြီး ၎င်းဟာ Kitta Nara ဆိုတဲ့အပင်တစ်မျိုးရဲ့ပင်စည်ဖြစ်ကြောင်း တွေ့ရှိခဲ့ပါတယ်။ Ram Kand Mool ရဲ့မူလဇစ်မြစ်ကို

သုတေသနပြုမှုမှာ သိပ္ပံပညာရှင်အဖွဲ့တစ်ဖွဲ့က သရေစာအချပ်တစ်ချပ်ပေါ်တွင် DNA စမ်းသပ်မှုပြုလုပ်တဲ့အခါ 2010 ခုနှစ်မှာ အဖြေထွက်ပေါ်လာခဲ့ပါတယ်။

ရလဒ်များအရ ၎င်းဟာ agave သစ်ပင်အမျိုးအစားများရဲ့ DNA နှင့် 89% ကိုက်ညီကြောင်းပြသခဲ့ပြီး ၊

ထင်ရှားသည်မှာ အချို့သော agave အပင်များက အများအပြားအသုံးပြုရင် အဆိပ်သင့်စေသည့် အယ်ကာလွိုက်ဓာတ်များ ပါဝင်တာကြောင့်

Ram Kand Mool ကိုလည်း ပါးပါးလေးလွှာပြီးသာ ရောင်းချကြတာပါဘဲ။ သို့ပေမဲ့ Agave အပင်တွေမှာ Sisalana ၊ Americana စတဲ့ ဆင်တူတဲ့သစ်ပင်များစွာရှိတာကြောင့်

သိပ္ပံပညာရှင်များက Ram Kand Mool ပြုလုပ်တဲ့အပင်ကို အတိအပျ မဆုံးဖြတ်နိုင်သေးပါဘူး။ Ram Kand Mool ရဲ့ဇာစ်မြစ်ကိုဖုံးကွယ်ထားခြင်းက

၎င်းရဲ့ဝယ်လိုအားများစွာရှိနေစေတဲ့လျှို့ဝှက်ချက်ဖြစ်တဲ့အတွက် စီးပွားရေးလုပ်ငန်းများ ရှင်သန်ကြီးထွားရန်အတွက်သော့ချက်တစ်ခုဖြစ်ပြီး

အိန္ဒိယရှိ စက်ရုံများရဲ့ သတင်းအချက်အလက် သို့မဟုတ် စက်ရုံများရဲ့ဆက်သွယ်မှုကို မီဒီယာသို့ထုတ်ဖော်ရန် တားမြစ်ထားပြီး ဒီသရေစာရဲ့အများအပြားဝယ်ယူမှုကိုလည်း ပယ်ချထားပါတယ်။

Mia (Mckzone daily) Credit

Crd



Post Views:
9

Crd