TheGeekText.com Copyright©2021 ကူးယူဖော်ပြခွင့်လုံးဝခွင့်မပြုပါ။
■သိုးကျောင်းသားလေးတွေ့ရှိခဲ့သည့် နတ်ဘုရားများရဲ့လက်ဆောင်ဖြစ်သည်ဆိုသောဓား

အခုပြောမဲ့ဓားကတော့ အပြင်မှာ တကယ်ရှိတဲ့ ဓားပါ။အခုအခါမှာတော့ ဗီယန်နာရဲ့ အနုပညာသမိုင်းပြတိုက်မှာ ပြသထားပါတယ်။ အတ်တတ်တလာဓားကိုတော့ ဿည်ဆော အော့ဖ် မာ့စ်လို ခေါ်ကြသလို ယုံကြည်ကြတာတော့ နတ်ဘုရားတွေ ပေးခဲ့တဲ့ လက်ဆောင်ပါ။

ဒဏ္ဍာရီတွေထဲမှာ ဖော်ပြထားတာကတော့ ဓားကို ပိုင်ဆိုင်သူက နတ်တွေရဲ့ အားပေးထောက်ခံမှုကို ရရှိကာ မည်သူကမှ မနှိမ်နင်းနိုင်ဘူးလို့ သိရပါတယ်။ဒီဓားကို အစပိုင်းမှာ ရှာဖွေတွေ့ရှိခဲ့သူကတော့ သိုးကျောင်းသားလေးတစ်ယောက်ဖြစ်ကာ တနေ့ သူက သူ့ရဲ့ သိုးငယ်လေးတွေ ဒဏ်ရာရနေတာကို တွေ့ပြီး စုံစမ်းရန် ဆုံးဖြတ်ခဲ့ပါတယ်။

သူဟာ သွေးစက်ကျရာနောက်ကိုလိုက်ရင်းနဲ့ ဒါဟာ သားရဲကောင်တွေ အမဲလိုက်တာလည်းဖြစ်နိုင်ကြောင်းတွေးတောကာ သူနောက်ဆုံးသွေးစက်ကျရာနေရာရောက်ရှိတဲ့အခါမှာတော့ ထူးခြားပြီး တောက်ပတဲ့အရာတစ်ခုက မြေကြီးထဲနက်ရှိုင်းစွာ စိုက်ဝင်နေတာကို တွေ့ရှိခဲ့ရတာပါ။

သူဟာဓါးကို ဆွဲထုတ်ပြီး အံ့အားသင့်ခဲ့ရပါတယ်။ဒါဟာ လှပတဲ့ ဓားတစ်လက်ဖြစ်ပြီး သူက ဘုရင် အတ်တတ်တယ်လာကို တင်ပြခဲ့ကာ ဘုရင်ကလည်းဒီရှာဖွေတွေ့ရှိမှုကြောင့် အလွန်ပျော်ရွှင်ခဲ့ပါတယ်။သိုးကျောင်းသားလေးကိုလည်း ဆုတွေ ချီးမြင့်ခဲ့ပါတယ်။

သိပ်မကြာခင် အတ်တတ်တယ်လာနားလည်ခဲ့တာကတော့ ဓားက သာမန်ဓားမဟုတ်ကြောင်းနဲ့ အထူးစွမ်းအားများပါရှိကာ နတ်ဘုရားတွေဆီကဒီအရာဟာ သူ့ကိုလောကကြီးတစ်ခုလုံးမှာ အမြင့်မြတ်ဆုံးလူတစ်ယောက်ဖြစ်စေနိုင်တယ်လို့ ခံစားရစေခဲ့ပါတယ်။ဓားကို ပိုင်ဆိုင်ပြီးကတည်းက ဘယ်တိုက်ပွဲမှာမှ မကျရှုံးခဲ့ဘဲ ဒါးဟာ ရန်သူတွေကို အလွယ်တကူပဲ ချေမှုန်းနိုင်ခဲ့တယ်လို့ ယုံကြည်ကြပါတယ်။
Ref:youtube
Trans:thegeektext
zawgyi
TheGeekText.com Copyright©2021 ကူးယူေဖာ္ျပခြင့္လုံးဝခြင့္မျပဳပါ။
■သိုးေက်ာင္းသားေလးေတြ႕ရွိခဲ့သည့္ နတ္ဘုရားမ်ားရဲ့လက္ေဆာင္ျဖစ္သည္ဆိုေသာဓား
အခုေျပာမဲ့ဓားကေတာ့ အျပင္မွာ တကယ္ရွိတဲ့ ဓားပါ။အခုအခါမွာေတာ့ ဗီယန္နာရဲ့ အႏုပညာသမိုင္းျပတိုက္မွာ ျပသထားပါတယ္။ အတ္တတ္တလာဓားကိုေတာ့ ႆည္ေဆာ ေအာ့ဖ္ မာ့စ္လို ေခၚၾကသလို ယုံၾကည္ၾကတာေတာ့ နတ္ဘုရားေတြ ေပးခဲ့တဲ့ လက္ေဆာင္ပါ။
ဒ႑ာရီေတြထဲမွာ ေဖာ္ျပထားတာကေတာ့ ဓားကို ပိုင္ဆိုင္သူက နတ္ေတြရဲ့ အားေပးေထာက္ခံမႈကို ရရွိကာ မည္သူကမွ မႏွိမ္နင္းနိုင္ဘူးလို႔ သိရပါတယ္။ဒီဓားကို အစပိုင္းမွာ ရွာေဖြေတြ႕ရွိခဲ့သူကေတာ့ သိုးေက်ာင္းသားေလးတစ္ေယာက္ျဖစ္ကာ တေန႔ သူက သူ႔ရဲ့ သိုးငယ္ေလးေတြ ဒဏ္ရာရေနတာကို ေတြ႕ၿပီး စုံစမ္းရန္ ဆုံးျဖတ္ခဲ့ပါတယ္။
သူဟာ ေသြးစက္က်ရာေနာက္ကိုလိုက္ရင္းနဲ႔ ဒါဟာ သားရဲေကာင္ေတြ အမဲလိုက္တာလည္းျဖစ္နိုင္ေၾကာင္းေတြးေတာကာ သူေနာက္ဆုံးေသြးစက္က်ရာေနရာေရာက္ရွိတဲ့အခါမွာေတာ့ ထူးျခားၿပီး ေတာက္ပတဲ့အရာတစ္ခုက ေျမႀကီးထဲနက္ရွိုင္းစြာ စိုက္ဝင္ေနတာကို ေတြ႕ရွိခဲ့ရတာပါ။
သူဟာဓါးကို ဆြဲထုတ္ၿပီး အံ့အားသင့္ခဲ့ရပါတယ္။ဒါဟာ လွပတဲ့ ဓားတစ္လက္ျဖစ္ၿပီး သူက ဘုရင္ အတ္တတ္တယ္လာကို တင္ျပခဲ့ကာ ဘုရင္ကလည္းဒီရွာေဖြေတြ႕ရွိမႈေၾကာင့္ အလြန္ေပ်ာ္ရႊင္ခဲ့ပါတယ္။သိုးေက်ာင္းသားေလးကိုလည္း ဆုေတြ ခ်ီးျမင့္ခဲ့ပါတယ္။
သိပ္မၾကာခင္ အတ္တတ္တယ္လာနားလည္ခဲ့တာကေတာ့ ဓားက သာမန္ဓားမဟုတ္ေၾကာင္းနဲ႔ အထူးစြမ္းအားမ်ားပါရွိကာ နတ္ဘုရားေတြဆီကဒီအရာဟာ သူ႔ကိုေလာကႀကီးတစ္ခုလုံးမွာ အျမင့္ျမတ္ဆုံးလူတစ္ေယာက္ျဖစ္ေစနိုင္တယ္လို႔ ခံစားရေစခဲ့ပါတယ္။ဓားကို ပိုင္ဆိုင္ၿပီးကတည္းက ဘယ္တိုက္ပြဲမွာမွ မက်ရႈံးခဲ့ဘဲ ဒါးဟာ ရန္သူေတြကို အလြယ္တကူပဲ ေခ်မႈန္းနိုင္ခဲ့တယ္လို႔ ယုံၾကည္ၾကပါတယ္။
Ref:youtube
Trans:thegeektext