သိပ္ပံပညာရှင် အိုင်းစတိုင်းရဲ့ ဒေါ်လာ (၁.၆) သန်းတန် ပျော်ရွှင်ခြင်း သီအိုရီ စာရွက်လေး

သိပ္ပံပညာရှင် အိုင်းစတိုင်းရဲ့ ဒေါ်လာ (၁.၆) သန်းတန် ပျော်ရွှင်ခြင်း သီအိုရီ စာရွက်လေး

1922 ခုနှစ်တုန်း က အိုင်းစတိုင်း ဟာ ဂျပန်ကို ရောက်သွားခဲ့တယ်။ ဟိုတယ်တခုမှာ တည်းနေတုန်း သူ့ကို ဟိုတယ်ဝန်ထမ်းတယောက်က အပြင်ကရောက်လာတဲ့ စာတစောင် လာပေးတယ်။ ဝန်ဆောင်မှုလာပေးတဲ့ ဝန်ထမ်းကို မုန့်ဖိုးပေးဖို့ အိုင်းစတိုင်း မှာ ငွေလဲမထားရသေးဘူး။

ဒါနဲ့သူ က ဝန်ထမ်းလေးကို ခဏနေဦး ဆိုပြီး စာရွက်အလွတ်တရွက်မှာ ပျော်ရွှင်ခြင်းသီအိုရီ theory of happiness ဆိုတာလေးရေးပြီး လက်မှတ်ထိုးပေးလိုက်တယ်။ ပျော်ရွှင်ခြင်းဟာ ဘာလဲ? လူတယောက် ဘဝမှာ ဘယ်လိုပျော်ရွှင်ခြင်းကို ဘယ်လို ရှာဖွေနိုင်သလဲ ဆိုတဲ့ ဖေါ်မြူလာပေါ့။

အဲ့ဒီဝန်ထမ်းလေးက သိပ္ပံပညာရှင်ကြီး အိုင်းစတိုင်းရေးပေးတာမို့ မြတ်မြတ်နိုးနိုး သိမ်းထားတယ်။ အဲ့ဒီ စာရွက်ကလေးကို ဟိုတယ်ဝန်ထမ်းရဲ့ မိသားစု က လေလံတင်ရောင်းချတာ ဒေါ်လာ တသန်း နဲ့ ခြောက်သိန်း ရသွားတယ်။

အိုင်းစတိုင်းရဲ့ Theory of Happiness က A calm and modest life brings more happiness than the pursuit of success combined with constant restlessness”. မြန်မာလို အဓိပ္ပါယ်က..

“အေးအေးချမ်းချမ်း ရောင့်ရဲတင်းတိမ်မှုနဲ့ ဖြတ်သန်းရတဲ့ ဘဝတခုက အောင်မြင်မှုတခု ထိမ်းထားဖို့ အမြဲ ပူပူလောင်လောင် လှုပ်ရှားနေရတဲ့ ဘဝထက် ပိုပြီး ပျော်ရွှင်မှုကို ဆောင်ကြဉ်းပေးတယ်” တဲ့။ ကိုကျော်စွာမင်း(ပုဂံ)

1

Crd

Crd