သိပ္ပံပညာရှင်ကြီး အက်ဒီဆင်ရဲ့ လောကဓံကို ကြံ့ကြံ့ခိုင် ရင်ဆိုင်ခဲ့တဲ့ နည်းလမ်း

သိပ္ပံပညာရှင်ကြီး အက်ဒီဆင်ရဲ့ လောကဓံကို ကြံ့ကြံ့ခိုင် ရင်ဆိုင်ခဲ့တဲ့ နည်းလမ်း

စက်ရုံ မီးအကြီးအကျယ် လောင်တယ် အမေရိကန်ဒေါ်လာ (၂၃) သန်း ဆုံးရှုံးခဲ့တယ် စက်ရုံ ပိုင်ရှင်က မတ်တပ်ရပ် ကြည့်နေတယ်။

ဘေးမှာ သူ့သားက ရပ်နေတယ်.. စက်ရုံပိုင်ရှင်က သူ့သားကို ပြောတယ် သား မင်းအမေကို သွားခေါ် ဒီလောက်ကြီးတဲ့ မီး မင်းတို့ဘဝမှာ တစ်ခါမှ တွေ့ရတော့မှာမဟုတ်ဘူး။ သားက အဖေရယ် သားတို့စက်ရုံ မီးလောင်နေတာလေ။

အဲဒီပိုင်ရှင်က ဘယ်သူလဲ သိလား “သောမတ်အက်ဒီစင်” ပါ။ အဲဒီအချိန်မှာ သူ့အသက်က ၆၇ နှစ်ရှိနေပြီ။ (သောမတ် အယ်လ်ဗာ အက်ဒီဆင် ဆိုတာ လျှပ်စစ်မီးလုံးကို တီထွင်ခဲ့တဲ့ အမေရိကန် တီထွင်သူ၊ သိပ္ပံပညာရှင်နှင့် စီးပွားရေး လုပ်ငန်းရှင်တဦးပါ)။

ဘာဆက်လုပ်မလဲလို့ သတင်းစာသမားတွေက မေးတယ်။ သောမတ်အက်ဒီစင်က.. “ဟ ဘာလုပ်ရမလဲ အသစ်က ပြန်စ ရမှာပေါ့” တဲ့.. ဒါကြောင့်.. အသက် ၆၇ နှစ်အရွယ်တောင် ရောက်နေမှ ဆုံးရှုံးခဲ့ရတယ်.. သူ စိတ်ဓါတ် ကျသွားသလား ။ No ပါ.. ပိုပြီးတောင် အောင်မြင်ခဲ့တယ်။

ဘဝမှာ တစ်ခါတစ်လေ အိပ်မက်တွေ သဲထဲရေသွန်သလို ဖြစ်တတ်တယ်.. ဘဝကို ဖျက်စီးမယ့်သူတွေကတော့ ရှိနေမှာပဲ အောင်မြင်သူတွေက ဆုံးရှုံးသွားလဲ ငိုမနေဘူး ဆက်ကြိုးစားကြတယ်.. ခဲတံကြိုးရင် ဘာလုပ်မလဲ ဆက်ချွန်ရမှာပေါ့။ (Sanomia)

Crd

Crd