

Unicode

သာမာန်ကားတစ်စီးကို ဆံပင်အစစ်နဲ့ တွဲဖက်အလှဆင်ရန်အတွက် ပေါင် 75,000 သုံးခဲ့တဲ့ ဒီဇိုင်နာအမျိုးသမီး

အီတလီဒီဇိုင်နာအမျိုးသမီးတစ်ဦးက ၎င်းရဲ့ကားနဲ့ တွဲဖက်ပြင်ဆင်ရန်အတွက် ဆံပင်အစစ် 100 ကီလိုဂရမ်ကို ဝယ်ယူဖို့ ပေါင် 75,000 (2 ဘီလီယံနီးပါးနှင့်ညီမျှသည်) ကို အသုံးပြုရန် ဆုံးဖြတ်ခဲ့ပါတယ် ။

ကားပိုင်ရှင် Maria Lucia Mugno က တစ်ချိန်က “ဆံပင်အများဆုံး အလှဆင်ထားတဲ့ ကား” ကမ္ဘာ့စံချိန်ကို ရရှိဖို့အတွက် ၎င်းကို ရက်ပေါင်း 20 ကြာ ပြီးမြောက်အောင် လုပ်ဆောင်ခဲ့ရပါတယ် ။

100 ကီလိုဂရမ်ရှိတဲ့ ဆံပင်များကို ပိုးသတ်ဆေး၊ ဆေးကြောပြီး အရောင်ချွတ်ကာ ကားအတွင်းပိုင်းနဲ့ အပြင်ပိုင်းကို အလှဆင်ရန်အတွက် အသုံးမပြုမီ ဆေးဆိုးပေးခဲ့ပါတယ် ။

အဆိုပါအမျိုးသမီး ဒီဇိုင်နာက စွဲမှတ်စေရန် ကျစ်ဆံမြီးများနဲ့ ခေတ်မီဆန်းသစ်တဲ့ ဆံပင်ပုံစံများကို စေ့စေ့စပ်စပ် ဖန်တီးထားတာပါ။ တမူထူးခြားတဲ့ ဆံပင်နဲ့ကားဟာ အီတလီမှာ အလွန်ကျော်ကြားတဲ့ မှတ်တမ်းရှိုးတစ်ခုရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်ပါတယ် ။

Crd

Zawgyi






Crd

21

Crd



Post Views:
12

Crd