သာမန်လူသားတစ်ယောက်လို မွေးဖွားလာခဲ့ခြင်းမရှိပေမယ့် ရရှိလာသည့်ဘဝလေးမှာဘဲ ကျေနပ်စွာဖြင့် ချစ်သူနှစ်ဦးသားပျော်ရွင်စွာဖြင့် ဘဝတစ်ခုကိုတည်ထောင်ပြီး လူတိုင်းအားကျရသည့်ဘဝလေးကို ပိုင်ဆိုင်ခဲ့သည့် စုံတွဲ

Shoon (Cele Daily)
Zawgyi
သာမန်လူသားတစ်ယောက်လို မွေးဖွားလာခဲ့ခြင်းမရှိပေမယ့် ရရှိလာသည့်ဘဝလေးမှာဘဲ ကျေနပ်စွာဖြင့် ချစ်သူနှစ်ဦးသားပျော်ရွင်စွာဖြင့် ဘဝတစ်ခုကိုတည်ထောင်ပြီး လူတိုင်းအားကျရသည့်ဘဝလေးကို ပိုင်ဆိုင်ခဲ့သည့် စုံတွဲ
လူတိုင်းသည် မွေးဖွားလာသော အခြေအနေတွင် ရုပ်ပိုင်းဆိုင်ရာနှင့်ပတ်သတ်ပြီး ရွှေးချယ်ခွင့်မရှိသော်လည်း ဘဝတစ်ခုကို ပျော်ရွင်စွာဖြတ်သန်းနိုင်ရန် ကြိုးစားဆောင်ရွက်နိုင်ခွင့်ရှိပေသည်။
ဗီယက်နမ်နိုင်ငံ Binh Duongမြို့တွင်နေထိုင်သော အသက်၃၃နှစ်အရွယ် Mr.Thien Hai နှင့်အသက်၃၅နှစ်အရွယ် Ms.Thach Lapတို့စုံတွဲနှစ်ဦးသည် သာမန်လူသားတွေလို ခန္ဓာကိုယ် ဖွံ့ဖြိုးမှုမရှိခဲ့ကြပေ။အမျိုးသားဟာ အရပ်၃ပေ၁၁လက်မအထိသာရှိပြီး အမျိုးသမီးကတော့ ၃ပေ၉လက်မသာရှိကြတာဖြစ်ပါတယ်။
သို့သော်လည်း သူတို့စုံတွဲနှစ်ဦးသည် ဘဝမှာအားငယ်ခြင်းမရှိဘဲ လက်တွဲကာရှေ့ဆက်ခဲ့ကြပြီး နှစ်ဖက်မိဘများနှင့်အတူ ပျော်ရွင်ဖွယ်မင်္ဂလာပွဲလေးကို ကျင်းပခဲ့တာဖြစ်ပါတယ်။
Shoon (Cele Daily)
Crd