■သာမန်ဖြစ်ရိုးဖြစ်စဥ်တစ်ခုလိုဖြစ်နေပြီဖြစ်သော အိန္ဒိယနိုင်ငံ Kerala ပြည်နယ်မှ အနီရောင်မိုးရေစက်များ

Article Knowledge World

TheGeekText.com Copyright©2021 ကူးယူဖော်ပြခွင့်လုံးဝခွင့်မပြုပါ။

■သာမန်ဖြစ်ရိုးဖြစ်စဥ်တစ်ခုလိုဖြစ်နေပြီဖြစ်သော အိန္ဒိယနိုင်ငံ Kerala ပြည်နယ်မှ အနီရောင်မိုးရေစက်များ

၁၉၅၇ ခုနစ် ဂျုလိုင်လ အိန္ဒိယနိုင်ငံ Kerala(ကရာလာ)ပြည်နယ်က သာမန်နေ့လေးတစ်နေ့မှာ အလုပ်ကိုယ်စီနဲ့လူတွေဟာ လမ်းမတွေအပေါ်မှာသွားလာနေကြတာပါ။ရုတ်တရက် မိုးရွာချလိုက်တဲ့အချိန်မှာ လူတွေကကြောက်လန့်တကြားအော်ဟစ်ပြီးထွက်ပြေးကုန်ကြပါတယ်။

ကောင်းကင်ကကျလာတဲ့မိုးစက်တွေက သွေးရောင်အနီရဲရဲတွေဖြစ်တာကြောင့် အားလုံးက ထိတ်လန့်ဖွယ်ဇာတ်ကားတစ်ခုလိုပြောင်းလဲသွားတာပါ။ဒါဟာ ဇာတ်ကားမဟုတ်ဘဲ အမှန်တကယ်ဖြစ်နေတာပါ။

သင့်ရဲ့ပြတင်းပေါက်အပြင်ဘက်က အဲ့လိုမြင်ကွင်းမျိုးကိုစိတ်ကူးကြည့်လိုက်ပါ။တဖြည်းဖြည်းအနီရောင်ပြောင်းသွားတာကကိုမြင်ရင် သင်ဘယ်လိုနေမလဲ။မိုးမိတဲ့လူတွေရဲ့အဝတ်အစားတွေဟာ ပန်းရောင်ပြောင်းသွားပါလိမ့်မယ်။

အခု ကျွန်မရဲ့အတွေးကတော့ ကမ္ဘာပျက်မယ့်နေ့အတွက် ကြိုတင်ပြင်ဆင်ထားသင့်တယ်ဆိုတာပါပဲ။ဒါပေမဲ့ ဒီအနီရောင်မိုးအတွက် ယုတ္တိကျတဲ့ရှင်းပြချက်ရှိပါတယ်။အစကတော့ သိပ္ပံပညာရှင်တွေက မိုးရေစက်တွေဟာ အနီရောင်ဥက္ကာခဲတွေရဲ့အရောင်ဆိုးခံရတာဖြစ်တယ်လို့ ယူဆကြတာပါ။နောက်ထပ်လေ့လာမှုတစ်ခုကတော့ မိုးစက်တွေဟာ လေသယ်ဆောင်လာတဲ့ရေမှော်မျိုးမှုန်တွေရဲ့အရောင်ဆိုးခြင်းခံရတာဆိုတဲ့ သီအိုရီကို ထုတ်ခဲ့ပါတယ်။

မျိုးမှုန်တွေဟာ မိုးတိမ်တွေနဲ့ရောနှောသွားပြီး ရလဒ်အနေနဲ့ လှပ ပေမဲ့ကြောက်စရာကောင်းတဲ့ အနီရောင်မိုးစက်တွေကို ကျွန်မတို့မြင်တွေ့ရတာပါ။သင်အံသြကောင်း အံသြနိုင်ပေမဲ့ အခုခါမှာတော့ လူတွေက အနီရောင်မိုးနဲ့နေသားကျနေပါပြီ။ဒီဒေသမှာတော့ အနီရောင်မိုးက သာမန်ဖြစ်ရိုးဖြစ်စဥ်တစ်ခုပါပဲ။

Ref:youtube
Trans:thegeektext

zawgyi

TheGeekText.com Copyright©2021 ကူးယူေဖာ္ျပခြင့္လုံးဝခြင့္မျပဳပါ။

■သာမန္ျဖစ္ရိုးျဖစ္စဥ္တစ္ခုလိုျဖစ္ေနၿပီျဖစ္ေသာ အိႏၵိယနိုင္ငံ Kerala ျပည္နယ္မွ အနီေရာင္မိုးေရစက္မ်ား

၁၉၅၇ ခုနစ္ ဂ်ဳလိုင္လ အိႏၵိယနိုင္ငံ Kerala(ကရာလာ)ျပည္နယ္က သာမန္ေန႔ေလးတစ္ေန႔မွာ အလုပ္ကိုယ္စီနဲ႔လူေတြဟာ လမ္းမေတြအေပၚမွာသြားလာေနၾကတာပါ။႐ုတ္တရက္ မိုးရြာခ်လိုက္တဲ့အခ်ိန္မွာ လူေတြကေၾကာက္လန္႔တၾကားေအာ္ဟစ္ၿပီးထြက္ေျပးကုန္ၾကပါတယ္။

ေကာင္းကင္ကက်လာတဲ့မိုးစက္ေတြက ေသြးေရာင္အနီရဲရဲေတြျဖစ္တာေၾကာင့္ အားလုံးက ထိတ္လန္႔ဖြယ္ဇာတ္ကားတစ္ခုလိုေျပာင္းလဲသြားတာပါ။ဒါဟာ ဇာတ္ကားမဟုတ္ဘဲ အမွန္တကယ္ျဖစ္ေနတာပါ။

သင့္ရဲ့ျပတင္းေပါက္အျပင္ဘက္က အဲ့လိုျမင္ကြင္းမ်ိဳးကိုစိတ္ကူးၾကည့္လိုက္ပါ။တျဖည္းျဖည္းအနီေရာင္ေျပာင္းသြားတာကကိုျမင္ရင္ သင္ဘယ္လိုေနမလဲ။မိုးမိတဲ့လူေတြရဲ့အဝတ္အစားေတြဟာ ပန္းေရာင္ေျပာင္းသြားပါလိမ့္မယ္။

အခု ကၽြန္မရဲ့အေတြးကေတာ့ ကမၻာပ်က္မယ့္ေန႔အတြက္ ႀကိဳတင္ျပင္ဆင္ထားသင့္တယ္ဆိုတာပါပဲ။ဒါေပမဲ့ ဒီအနီေရာင္မိုးအတြက္ ယုတၱိက်တဲ့ရွင္းျပခ်က္ရွိပါတယ္။အစကေတာ့ သိပၸံပညာရွင္ေတြက မိုးေရစက္ေတြဟာ အနီေရာင္ဥကၠာခဲေတြရဲ့အေရာင္ဆိုးခံရတာျဖစ္တယ္လို႔ ယူဆၾကတာပါ။ေနာက္ထပ္ေလ့လာမႈတစ္ခုကေတာ့ မိုးစက္ေတြဟာ ေလသယ္ေဆာင္လာတဲ့ေရေမွာ္မ်ိဳးမႈန္ေတြရဲ့အေရာင္ဆိုးျခင္းခံရတာဆိုတဲ့ သီအိုရီကို ထုတ္ခဲ့ပါတယ္။

မ်ိဳးမႈန္ေတြဟာ မိုးတိမ္ေတြနဲ႔ေရာေႏွာသြားၿပီး ရလဒ္အေနနဲ႔ လွပ ေပမဲ့ေၾကာက္စရာေကာင္းတဲ့ အနီေရာင္မိုးစက္ေတြကို ကၽြန္မတို႔ျမင္ေတြ႕ရတာပါ။သင္အံၾသေကာင္း အံၾသနိုင္ေပမဲ့ အခုခါမွာေတာ့ လူေတြက အနီေရာင္မိုးနဲ႔ေနသားက်ေနပါၿပီ။ဒီေဒသမွာေတာ့ အနီေရာင္မိုးက သာမန္ျဖစ္ရိုးျဖစ္စဥ္တစ္ခုပါပဲ။

Ref:youtube
Trans:thegeektext