သာကောအစိုးရကြောင့် တပတ်ကို ၃ နာရီပဲ အွန်လိုင်းဂိမ်းကစားခွင့်ရှိတော့မယ့် တရုတ်လူငယ်များ

News

သာကောအစိုးရကြောင့် တပတ်ကို ၃ နာရီပဲ အွန်လိုင်းဂိမ်းကစားခွင့်ရှိတော့မယ့် တရုတ်လူငယ်များ

အသက် ၁၈ နှစ်အောက် ကလေးနဲ့ လူငယ်တွေကို တစ်ပတ်မှာ ၃ နာရီသာ အွန်လိုင်းဂိမ်းတွေကို ကစားဖို့အတွက် တရုတ်အစိုးရက ကန့်သတ်မှုတွေ ပြုလုပ်လိုက်ပြီဖြစ်ပါတယ်။ဒီအတွက်ကြောင့် လူငယ်တွေဟာ သောကြာ၊ စနေ၊ တနင်္ဂနွေလို နေ့တွေမှာ တစ်ရက်ကို တစ်နာရီအထိသာ ဂိမ်းကစားခွင့်ရရှိတော့မှာလည်းဖြစ်ပါတယ်။

ဒီကန့်သတ်လိုက်တဲ့ စည်းမျဉ်းအသစ်ကို နိုင်ငံပိုင်ဆင်ဟွာသတင်းဌာနကနေ ကြေညာခဲ့တာဖြစ်ပြီး ကလေးတွေရဲ့ လေ့လာမှုနဲ့ ကျန်းမာရေးကို ဦးတည်နေတယ်လို့လည်း ဆိုခဲ့ပါတယ်။ဂိမ်းဖန်တီးထုတ်လုပ်သူတွေအနေနဲ့လည်း အလွန်အမင်းစွဲလမ်းမှုကို ဆန့်ကျင့်ရေးနဲ့ နာမည်အမှန်အသုံးပြုမှသာ အတည်ပြုပေးတဲ့စနစ်တွေကို သတ်မှတ်ပေးဖို့ လိုအပ်မယ်လို့ သိရပါတယ်။…

တရုတ်ဂိမ်းထိန်းချုပ်ရေးအဖွဲ့ဖြစ်တဲ့ National Press and Publication Administration က ကုမ္ပဏီတွေကို အချိန်ကန့်သတ်ချက်တွေ သေချာမှုရှိစေဖို့ စစ်ဆေးမှုတွေကို အရှိန်မြှင့်တင်သွားမယ်လို့ ပြောဆိုခဲ့ပါတယ်။ ဂိမ်းစွဲလမ်းမှုကို တားဆီးရာမှာ မိဘတွေနဲ့ ဆရာတွေက အဓိကအခန်းကဏ္ဍကနေလည်း ပါဝင်နိုင်တယ်လို့ သူတို့က ထပ်မံပြောဆိုခဲ့ပါတယ်။

“ဆယ်ကျော်သက်တွေက ကျွန်တော်တို့မိခင်တိုင်းပြည်ရဲ့ အနာဂတ်တွေပါ၊သူတို့ရဲ့ ရုပ်ပိုင်းဆိုင်ရာနဲ့ ကျန်းမာရေးကို အသေးစားလေးတွေက ကာကွယ်ပေးရမှာဖြစ်ပါတယ်၊ အမျိုးသားပြန်လည်နုပျိုမှုခေတ်မှာ မျိုးဆက်သစ်လူငယ်တွေကို ပြုစုပျိုးထောင်ပေးမှုက ဆက်စပ်မှုရှိနေပါတယ်” လို့ အဆိုပါအဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောဆိုခဲ့ကြောင်း Metro က ဖော်ပြခဲ့ပါတယ်။…

အခုလို ကန့်သတ်ချက်မှာတော့ ဖုန်းအပါအဝင် ဘယ် လိုစက်ပစ္စည်းမျိုးနဲ့မဆို သက်ဆိုင်တယ်လို့ သိရပါတယ်။၂၀၁၉ အတွင်းကလည်း တရုတ်ဟာ တရက်ကို တစ်နာရီခွဲသာ ဂိမ်းကစားချိန်ပေးပြီး အားလပ်ရက်တွေမှာ ၃ နာရီသာခွင့်ပြုခဲ့တာဖြစ်ပါတယ်။နာမည်ကျော်နည်းပညာကုမ္ပဏီဖြစ်တဲ့ Tencent က ဖြန့်ချိခဲ့တဲ့ Honor of Kings ဂိမ်းကို ကိုးကားပြီး တရုတ်နိုင်ငံပိုင်မီဒီယာတစ်ခုက အွန်လိုင်းဂိမ်းတွေကို ဝိညာဉ်ဘိန်းလို့ တင်စားသုံးနှုန်းကာ ဖော်ပြမှုလည်းရှိခဲ့ပါတယ်။

အဲဒီနောက်ပိုင်းမှာ Tencent ဘက်က ဂိမ်းကစားခြင်းကြောင့် ကလေးတွေရဲ့ အချိန်နဲ့ ငွေကြေးကုန်ကျမှုတွေကို လျှော့ချနိုင်မယ့် နည်းလမ်းသစ်တွေကို ကြေညာခဲ့ပါတယ်။…

TRNs
မူရင်းရေးသားသူအားလေးစားစွာခရက်ဒစ်ပေးပါသည်။ကူးယူမျှဝေဖော်ပြခြင်းသာဖြစ်ပါသည်။

zawgyi

တပတ္ကို ၃ နာရီပဲ အြန္လိုင္းဂိမ္းကစားခြင့္ရွိေတာ့မယ့္ တ႐ုတ္လူငယ္မ်ား

အသက္ ၁၈ ႏွစ္ေအာက္ ကေလးနဲ႔ လူငယ္ေတြကို တစ္ပတ္မွာ ၃ နာရီသာ အြန္လိုင္းဂိမ္းေတြကို ကစားဖို႔အတြက္ တ႐ုတ္အစိုးရက ကန႔္သတ္မႈေတြ ျပဳလုပ္လိုက္ၿပီျဖစ္ပါတယ္။ဒီအတြက္ေၾကာင့္ လူငယ္ေတြဟာ ေသာၾကာ၊ စေန၊ တနဂၤေႏြလို ေန႔ေတြမွာ တစ္ရက္ကို တစ္နာရီအထိသာ ဂိမ္းကစားခြင့္ရရွိေတာ့မွာလည္းျဖစ္ပါတယ္။

ဒီကန႔္သတ္လိုက္တဲ့ စည္းမ်ဥ္းအသစ္ကို နိုင္ငံပိုင္ဆင္ဟြာသတင္းဌာနကေန ေၾကညာခဲ့တာျဖစ္ၿပီး ကေလးေတြရဲ့ ေလ့လာမႈနဲ႔ က်န္းမာေရးကို ဦးတည္ေနတယ္လို႔လည္း ဆိုခဲ့ပါတယ္။ဂိမ္းဖန္တီးထုတ္လုပ္သူေတြအေနနဲ႔လည္း အလြန္အမင္းစြဲလမ္းမႈကို ဆန႔္က်င့္ေရးနဲ႔ နာမည္အမွန္အသုံးျပဳမွသာ အတည္ျပဳေပးတဲ့စနစ္ေတြကို သတ္မွတ္ေပးဖို႔ လိုအပ္မယ္လို႔ သိရပါတယ္။…

တ႐ုတ္ဂိမ္းထိန္းခ်ဳပ္ေရးအဖြဲ႕ျဖစ္တဲ့ National Press and Publication Administration က ကုမၸဏီေတြကို အခ်ိန္ကန႔္သတ္ခ်က္ေတြ ေသခ်ာမႈရွိေစဖို႔ စစ္ေဆးမႈေတြကို အရွိန္ျမႇင့္တင္သြားမယ္လို႔ ေျပာဆိုခဲ့ပါတယ္။ ဂိမ္းစြဲလမ္းမႈကို တားဆီးရာမွာ မိဘေတြနဲ႔ ဆရာေတြက အဓိကအခန္းက႑ကေနလည္း ပါဝင္နိုင္တယ္လို႔ သူတို႔က ထပ္မံေျပာဆိုခဲ့ပါတယ္။

“ဆယ္ေက်ာ္သက္ေတြက ကၽြန္ေတာ္တို႔မိခင္တိုင္းျပည္ရဲ့ အနာဂတ္ေတြပါ၊သူတို႔ရဲ့ ႐ုပ္ပိုင္းဆိုင္ရာနဲ႔ က်န္းမာေရးကို အေသးစားေလးေတြက ကာကြယ္ေပးရမွာျဖစ္ပါတယ္၊ အမ်ိဳးသားျပန္လည္ႏုပ်ိဳမႈေခတ္မွာ မ်ိဳးဆက္သစ္လူငယ္ေတြကို ျပဳစုပ်ိဳးေထာင္ေပးမႈက ဆက္စပ္မႈရွိေနပါတယ္” လို႔ အဆိုပါအဖြဲ႕ရဲ့ ေျပာေရးဆိုခြင့္ရွိသူက ေျပာဆိုခဲ့ေၾကာင္း Metro က ေဖာ္ျပခဲ့ပါတယ္။…

အခုလို ကန႔္သတ္ခ်က္မွာေတာ့ ဖုန္းအပါအဝင္ ဘယ္ လိုစက္ပစၥည္းမ်ိဳးနဲ႔မဆို သက္ဆိုင္တယ္လို႔ သိရပါတယ္။၂၀၁၉ အတြင္းကလည္း တ႐ုတ္ဟာ တရက္ကို တစ္နာရီခြဲသာ ဂိမ္းကစားခ်ိန္ေပးၿပီး အားလပ္ရက္ေတြမွာ ၃ နာရီသာခြင့္ျပဳခဲ့တာျဖစ္ပါတယ္။နာမည္ေက်ာ္နည္းပညာကုမၸဏီျဖစ္တဲ့ Tencent က ျဖန႔္ခ်ိခဲ့တဲ့ Honor of Kings ဂိမ္းကို ကိုးကားၿပီး တ႐ုတ္နိုင္ငံပိုင္မီဒီယာတစ္ခုက အြန္လိုင္းဂိမ္းေတြကို ဝိညာဥ္ဘိန္းလို႔ တင္စားသုံးႏႈန္းကာ ေဖာ္ျပမႈလည္းရွိခဲ့ပါတယ္။

အဲဒီေနာက္ပိုင္းမွာ Tencent ဘက္က ဂိမ္းကစားျခင္းေၾကာင့္ ကေလးေတြရဲ့ အခ်ိန္နဲ႔ ေငြေၾကးကုန္က်မႈေတြကို ေလၽွာ့ခ်နိုင္မယ့္ နည္းလမ္းသစ္ေတြကို ေၾကညာခဲ့ပါတယ္။…

TRNs
မူရင္းေရးသားသူအားေလးစားစြာခရက္ဒစ္ေပးပါသည္။ကူးယူမၽွေဝေဖာ္ျပျခင္းသာျဖစ္ပါသည္။