လေယာဉ်တင်သင်္ဘောတွေက အလန်းစားဆိုတာကို Top Gun ကိုကြည့်ဖူးတဲ့သူတိုင်းထောက်ခံပါတယ်၊

သို့သော် ကမ္ဘာ့ရေတပ်အနည်းငယ်၌သာ၎င်းတို့ကိုတည်ဆောက်ရန်စက်မှုနှင့်နည်းပညာစွမ်းရည်များရှိပါတယ်၊၂၀၁၇ ခုနှစ်တွင်တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်ရေတပ် (PLAN) သည်Shandongကို စတင်ပူးပေါင်း၍ နိုင်ငံ၏ပထမဆုံးပြည်တွင်းဒီဇိုင်းနှင့်လေယာဉ်တင်သင်္ဘောကိုတည်ဆောက်ခဲ့ပါတယ်၊
ထိုသင်္ဘောသည် PLAN အား ကမ္ဘာအကြီးဆုံးရေတပ်ဖြစ်လာစေသည့်သင်္ကေတတစ်ခုဖြစ်ပြီးခေတ်မီ၊ အင်အားကြီးပြီးချောမွေ့ပြောင်လက်သောစစ်သင်္ဘောများနှင့်အတူလျင်မြန်သောအရှိန်ဖြင့်စစ်ရေယာဉ်များနှင့်ပူးပေါင်းခဲ့ပါတယ်၊

Shandong အား ရင်းနှီးမြှုပ်နှံကာ တရုတ်သည် တရုတ်စစ်တပ်အား လူငယ်များအကြား ရေပန်းစားစေရန် ကြိုးစားမှုကြောင့် လေယာဉ်တင်သင်္ဘော တွေကို အဝတ်အထည် ထုတ်လုပ်မှုအပိုင်းမှာပါ အသုံးပြုလျက်ရှိပါတယ်၊ တီရှပ်၊ဂျက်ကတ်၊ကုတ်အင်္ကျီ နဲ့ ဘတ်စကတ်ဘော အားကစားအင်္ကျီ များကို လေယာဉ်တင်သင်္ဘောပေါ်တွင် ရိုက်ကူးကြော်ငြာကြပါတယ်၊
တန် 70,000 ရှိတဲ့ သင်္ဘောရဲ့အရှေ့တွင် မော်ဒယ်တွေဟာ street-style နဲ့ ဓာတ်ပုံရိုက်နေကြပြီး သူတို့ဟာ ကာတွန်းရုပ်ပုံပါဝင်တဲ့ လုပ်ငန်းခွင်ဝတ်စုံတွေကို ဝတ်ထားကြပါတယ်၊ တီရှပ်ပေါ်မှာဆိုရင် စက်ရုပ်ပန်ဒါပုံနဲ့ ဂျက်လေယာဉ်ပုံကိုပါ ဆေးရိုက်ထားတာတွေ့ရပါတယ်၊

PLA websiteတစ်ခုက ယခုပုံစံကို မျိုးချစ်စိတ်အပြည့်နဲ့ ထုတ်လုပ်သကဲ့သို့ ဖော်ပြထားပါတယ်၊
စိတ်အားထက်သန်မှုဟာ လေယာဉ်တင်သင်္ဘောကို ချစ်တာဖြစ်ပြီး ဒါဟာ စစ်ပွဲ အခြေအနေကို သဘောကျနှစ်သက်တာဖြစ်ပါတယ်လို့ ဆိုပါတယ်၊
Shandong ပေါ်က ယခု ကဲ့သို့ဝန်ဆာင်မှုပြုခြင်းဟာဆိုရင် အဝတ်အစားများကတဆင့် “ငါကတရုတ်ရေတပ်ရဲ့ Shandong သင်္ဘောကဖြစ်ပါတယ်” လို့ သူတို့ရဲ့ ဂုဏ်သိက္ခာကို ကမ္ဘာကိုပြောပြတာနဲ့အတူတူဖြစ်ပါတယ်၊
ဒါကသင်္ဘောသားတွေအတွက်ဂုဏ်ယူဝင့်ကြွားတဲ့ကြေငြာချက်တခုဖြစ်ပါတယ် လို့ဆိုပါတယ်၊
ရောင်းကုန်ထုတ်လုပ်သူ Glory Made သည် ငယ်ရွယ်နုပျိုသောဖက်ရှင်ဒီဇိုင်းရဲ့နောက်ကွယ်တွင်ရှိနေသည်ဟု ဗုဒ္ဓဟူးနေ့ တွင် နိုင်ငံပိုင် Global Times သတင်းအရ သိရပါတယ်၊ ကုမ္ပဏီသည်လေယာဉ်တင်သင်္ဘော Logo အပြင်ဘေ့စ်ဘော ဦး ထုပ်နှင့်နေကာမျက်မှန်တို့ကိုပါ တွဲ၍ ဒီဇိုင်းထုတ်ထားပြီးဖြစ်ကြောင်း tabloid ကဖော်ပြထားပါတယ်၊

ယခုအခါကုမ္ပဏီကထုတ်ကုန်များကို “ လူငယ်ဆန်သည့်ခံစားချက်ဖြင့်ရေတပ်ယဉ်ကျေးမှုကိုလူအများစိတ်ဝင်စားလာစေရန်နှင့်လေယာဉ်တင်သင်္ဘောအားနိုင်ငံသို့ပို့ဆောင်ပေးသော အပြုသဘောဆောင်သောစွမ်းအင်ကိုခံစားခွင့်ပြုရန် ” ဒီဇိုင်းဆွဲထုတ်လုပ် ခဲ့ပါတယ်လို့ ဆိုပါတယ်၊
လူထုဆက်ဆံရေးသည် တရုတ်လူထုကြားတွင်စစ်တပ်ကိုမြှင့်တင်ရန် PLA၏ ကြိုးပမ်းမှုနှင့်အံဝင်ဂွင်ကျရှိပါတယ်၊
တရုတ်ရုပ်ရှင်ထုတ်လုပ်ရေးက ၂၀၁၇ ခုနှစ်တွင် လူကြိုက်များတဲ့ Wolf Worrier 2ကို ရိုက်ကူးခဲ့ပါတယ်၊ ထိုရုပ်ရှင်ဟာဆိုရင် Operation Red Sea ရဲ့ Theme နဲ့ ဆင်ပြီး တရုတ် စစ်သားတွေဟာ အာဖရိက က ဓားစာခံတွေကို ကယ်ဆယ်တဲ့ ပုံစံ ရိုက်ကူးထားတာဖြစ်ပါတယ်၊ သို့ပေမယ့် စစ်ပွဲ ရိုက်ကွင်းတွေနဲ့ စစ်တပ် Hardware ရိုက်ချက်တွေဟာဆိုရင် အမေရိကန် ရုပ်ရှင်ရိုက်ကူးသူတွေရဲ့ ကြိုးပမ်းအားထုတ်မှုနဲ့တောင်ညီမျှပါတယ်၊
တစ်ချိန်တည်းမှာပင်တရုတ်စစ်တပ်ကိုယ်တိုင်က Guam ရှိ US Andersen လေတပ်အခြေစိုက်စခန်းအား ဒုံးကျည်ဖြင့်တိုက်ခိုက်ရန် ပစ်မှတ်အဖြစ် အသုံးပြုထားသည့်Controversial 2020 PLA Air Force ရုပ်ရှင် အား ထုတ်လုပ်ခဲ့ပါတယ်၊
အစောပိုင်းနှစ်တွေမှာ PLA ရေတပ်က Shandong လေယာဉ်တင်သင်္ဘော ရဲ့ စွမ်းဆောင်ရည်ကိုပြသတဲ့ သုံးမိနစ်ခွဲဗီဒီယိုတပုဒ်ကို ထုတ်လွှင့်ခဲ့ပါတယ်၊

လွန်ခဲ့သောတစ်နှစ်ခွဲကျော်ခန့်ကမှ တာဝန်ပေးခဲ့သော်လည်းသင်္ဘောသည်၎င်း၏စနစ်များကိုအကျွမ်းတဝင်ရှိပြီးပင်လယ်ပြင်အခြေအနေများအရစမ်းသပ်နေစဉ် လည်ပတ်မှုအခြေအနေကိုအရှိန်မြှင့်နေလျက်ရှိပါတယ်၊
အခုဆိုရင် ထိုကဲ့သို့လုပ်ဆောင်ဖို့အတွက် ဂီယာအသ်တချို့ ရရှိပီးဖြစ်ပါတယ်၊
Writer:Evelyn
Arkarta.com Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။
zawgyi
Writer:Evelyn
Arkarta.com Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။