သမ္မတဦးဝင်းမြင့်နဲ့ မိသားစုကို သမ္မတအိမ်တော်ကနေ ပြောင်းရွှေ့
တပ်မတော်က အာဏာသိမ်းပြီးနောက် ဖမ်းဆီးထိန်းသိမ်းပြီး တရားစွဲခံထားရတဲ့ သမ္မတဦးဝင်းမြင့်ကို မိသားစုနဲ့အတူ သမ္မတအိမ်ယာကနေ ဒီနေ့ပဲ ပြောင်းရွှေ့ ပေးလိုက်တယ်လို့ NLD အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ထိပ်တန်းခေါင်းဆောင်တယောက်က ပြောပါတယ်။

သမ္မတကို ဒီကနေ့ညပိုင်းမှာ ဇမ္ဗူသီရိမြို့နယ်ထဲမှာရှိတဲ့ ဝန်ကြီးအိမ်ယာ ၂၅ ကို ပြောင်းရွှေ့လိုက်ပြီး ဆက်လက် ထိန်းသိမ်းထားကြောင်း NLD ပါတီပြောခွင့်ရ ဦးဝင်းထိန်က ဗွီအိုအေကို ပြောပါတယ်။
“ဝန်ထမ်း အိမ်ယာ ၂၅ ကိုပြောင်းတယ်သိရတယ်။ စစ်တပ်က ပြောင်းတာ ဘယ်နဲ့လုပ်တွေ့ရမလဲ။”
သမ္မတနဲ့အတူ အာဏာသိမ်းတဲ့နေ့ကတည်းက ဖမ်းဆီးခံခဲ့ရပြီး သီးခြားခွဲ ထိန်းသိမ်းခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ရဲ့ အခြေအနေကိုတော့ မသိရသေးဘူးလို့လည်း ဦးဝင်းထိန်က ပြောပါတယ်။
တပ်မတော်က အာဏာသိမ်းပြီးနောက် ဖမ်းဆီးထားတဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ဆက်သွယ်ရေး ပစ္စည်းတွေကို ခွင့်ပြုချက်မရဘဲ တင်သွင်းမှု၊ သမ္မတဦးဝင်းမြင့်ကိုတော့ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဥပဒေ ချိုးဖောက်မှုတွေနဲ့ တရားစွဲဆိုထားပြီး မနေ့တုန်းကပဲ ချုပ်ရမာန်ယူထားပါတယ်။
VOA
zawgyi