သမ္မတကြီး ကျွန်တော့်ကို မေ့မထားပါနဲ့လို့ အသနားခံနေတဲ့ ဘိုင်ဒင်ရဲ့ အသက်သခင်ကျေးဇူးရှင် အာဖဂန်စကားပြန်

၂၀၀၈ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်းက လက်ရှိအမေရိကန်သမ္မတဂျိုးဘိုင်ဒင် (ထိုအချိန်က ဒုသမ္မတသာဖြစ်သေး) နဲ့ သူ့ရဲ့လုပ်ဖော်ကိုင်ဖက်တွေဖြစ်တဲ့ John Kerry ၊ Chuck Hagel တို့ဟာ ဆိုးရွားတဲ့နှင်းမုန်တိုင်းနဲ့ ရင်ဆိုင်ခဲ့ရပြီး အာဖဂန်ကို အရေးပေါ်ဆင်းသက်ခဲ့ရပါတယ်။ဒီလိုဆင်းသက်ခဲ့ရချိန်မှာ အမေရိကန်တပ်ဖွဲ့အတွက် အာဖဂန်စကားပြန်အဖြစ် တာဝန်ထမ်းဆောင်ပေးနေသူ တစ်ဦးက ကူညီကယ်တင်ပေးခဲ့ကာ ဘိုင်ဒင်အတွက်တော့ မှတ်မှတ်ရရဖြစ်ရပ်တစ်ခုနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။

ဒါပေမယ့်လည်း အခုအခါမှာတော့ အာဖဂန်ကနေ အမေရိကန်တပ်ဖွဲ့တွေ ရုတ်သိမ်းမှုနဲ့အတူ အမေရိကန်နိုင်ငံသား၊ အမေရိကန်တပ်ဖွဲ့အတွက် တာဝန်ထမ်းဆောင်ပေးခဲ့တဲ့ အာဖဂန်အရပ်သားတွေကို ကယ်ထုတ် ပေးခဲ့ရာမှာတော့ ဂျိုးဘိုင်ဒင်ကို ကယ်တင်ပေးခဲ့ဖူးတဲ့ အာဖဂန်စကားပြန်ကတော့ ကျန်နေရစ်ခဲ့တယ်လို့ သိရပါတယ်။
ဒီအတွက်ကြောင့် အခုအခါမှာ အသက် ၃၆ နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ မိုဟာမက်က သူ့ကိုချန်မထားရစ်ခဲ့ဘဲ ကယ်တင်ပေးဖို့အတွက် ဘိုင်ဒင်ကို တောင်းပန်ပြောဆိုမှုက လူမှုကွန်ရက်ပေါ်မှာ ပြန့်နှံ့နေခဲ့ပြီဖြစ်ပါတယ်။

“သမ္မတကြီးခင်ဗျာ၊ ကျွန်တော်နဲ့ ကျွန်တော့်မိသားစုကို ကယ်တင်ပေးပါ၊ ကျွန်တော့်ကိုမေ့မသွားပါနဲ့” လို့ ကလေးလေးဦးရဲ့ ဖခင်ဖြစ်သူ မိုဟာမက်က ပြောဆိုခဲ့ကြောင်း The Wall Street Journal က ဖော်ပြခဲ့ပါတယ်။ သူဟာ တာလီဘန်တွေရဲ့ရန်ကိုကြောက်ရွံ့တာကြောင့် ပုန်းအောင်းနေထိုင်နေရတာဖြစ်ပြီး အမေရိကန်က သူတို့ရဲ့မဟာမိတ်အရပ်သားတွေကို ခေါ်ဆောင်သွားခဲ့ရာမှာ ကျန်နေရစ်ခဲ့ရရှာပါတယ်။
ဒါ့အပြင် စကားပြန်တွေကို ကယ်ထုတ်ပေးမယ့် အစီ အစဉ်အတွက် အထူးရွှေ့ပြောင်းအခြေချဗီဇာ လျှောက် လွှာတင်သွင်းခဲ့ပေမယ့်လည်း အထောက်အထားမှတ်တမ်းတွေ ပျောက်ဆုံးခဲ့လို့ အဆင်မပြေခဲ့ဘူးလို့ဆိုပါတယ်။

သြဂုတ်လ ၁၅ ရက်နေ့မှာ တာလီဘန်တို့က ကဘူးလ်ကိုထိန်းချုပ်ခဲ့တဲ့နောက် မိုဟာမက်ဟာ လေဆိပ်ကိုထွက် ပြေးဖို့ကြိုးစားခဲ့ပေမယ့် ဇနီးနဲ့ကလေးတွေကို ချန်ထားရစ်ရမယ့်အရေးကြောင့် နေအိမ်မှာသာ ဆက်နေနေခဲ့ရပါတယ်။အခုအခါမှာတော့ မိုဟာမက်ကို ကူညီပေးဖို့အတွက် သူနဲ့အတူတွဲဖက်လုပ်ကိုင်ခဲ့ဖူးတဲ့ အမေရိကန်စစ်သားတချို့က လွှတ်တော်အမတ်တွေကို တောင်းဆိုပေးနေကြပါတယ်။
၂၀၀၈ မှာ မိုဟာမက်နဲ့ လက်တွဲလုပ်ကိုင်ခဲ့သူ ရှောင်အိုဘရိုင်ယန်က “တကယ်လို့ အာဖဂန်တစ်ဦးတည်းကိုပဲ ခင်ဗျားကူညီနို်င်မယ်ဆိုရင်တောင် မိုဟာမက်ကိုပဲ ရွေးချယ်ပေးပါ” လို့ လူမှုကွန်ရက်မှာ ရေးသားခဲ့ပါတယ်။မိုဟာမက်ဟာ အခုချိန်ထိ ပုန်းအောင်းနေထိုင်နေရဆဲဖြစ်ပြီး နေအိမ်ကထွက်ခွာဖို့ကို ကြောက်ရွံ့နေတယ်လို့လည်း သိရပါတယ်။

သူရင်ဆိုင်နေရမှုဟာ မည်သည့်အမေရိကန်နိုင်ငံသားမဆို ဒါမှမဟုတ် အာဖဂန်တွင်းကျန်နေရစ်တဲ့ ဘယ်လိုမဟာမိတ်မျိုးကိုမဆို ကယ်ထုတ်ပေးမယ်ဆိုတဲ့ အမေရိကန်ရဲ့ ကတိစကားတွေနဲ့ ဆန့်ကျင်ဘက်ဖြစ်နေခဲ့ပါတယ်။အင်္ဂါနေ့မှာတော့ သူက “အိမ်ထဲကနေ ကျွန်တော်ထွက်မရဘူး၊ အရမ်းကြောက်ရွံ့နေပါတယ်” လို့ WSJ ကို ပြောဆိုခဲ့ပါတယ်။

မိုဟာမက်ရဲ့ အခက်အခဲနဲ့ပတ်သက်ပြီးတော့ အဲဒီနေ့နှောင်းပိုင်းမှာမေးမြန်းမှုတွေပြုလုပ်ခဲ့ချိန်မှာတော့ အိမ်ဖြူတော်သတင်းပြန်ကြားရေးအတွင်းဝန် Jen Psaki က “ကျွန်မသဘောကျရတဲ့ လူတွေကို ကူညီပေးခဲ့မှုမှာ ရှင် ပါဝင်ခဲ့တဲ့အခန်းကဏ္ဍအတွက် ကျေး ဇူးတင်ပါတယ်၊ သံတမန်ရေးနည်းလမ်းနဲ့ ကယ်ထုတ်ပေးဖို့ ကြိုးစားပေးပါ့မယ်၊ အမေရိကန်က ကူညီဖို့ ဆက်ကြိုးစားပေးမှာပါ” လို့ ပြောဆိုသွားခဲ့ပါတယ်။ အမေရိကန်ရဲ့ ကယ်ထုတ်ပေးခြင်းအစီအစဉ်ဟာ ၂ပတ်ကြာမြင့်ခဲ့ပြီး လူပေါင်းတစ်သိန်းနှစ်သောင်းကျော်ကို ကယ်ထုတ်ပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။
TRNs
မူရင်းရေးသားသူအားလေးစားစွာခရက်ဒစ်ပေးပါသည်။ကူးယူမျှဝေဖော်ပြခြင်းသာဖြစ်ပါသည်။
zawgyi
သမၼတႀကီး ကၽြန္ေတာ့္ကို ေမ့မထားပါနဲ႔လို႔ အသနားခံေနတဲ့ ဘိုင္ဒင္ရဲ့ အသက္သခင္ေက်းဇူးရွင္ အာဖဂန္စကားျပန္
၂၀၀၈ ခုႏွစ္၊ ေဖေဖာ္ဝါရီလအတြင္းက လက္ရွိအေမရိကန္သမၼတဂ်ိဳးဘိုင္ဒင္ (ထိုအခ်ိန္က ဒုသမၼတသာျဖစ္ေသး) နဲ႔ သူ႔ရဲ့လုပ္ေဖာ္ကိုင္ဖက္ေတြျဖစ္တဲ့ John Kerry ၊ Chuck Hagel တို႔ဟာ ဆိုးရြားတဲ့ႏွင္းမုန္တိုင္းနဲ႔ ရင္ဆိုင္ခဲ့ရၿပီး အာဖဂန္ကို အေရးေပၚဆင္းသက္ခဲ့ရပါတယ္။ဒီလိုဆင္းသက္ခဲ့ရခ်ိန္မွာ အေမရိကန္တပ္ဖြဲ႕အတြက္ အာဖဂန္စကားျပန္အျဖစ္ တာဝန္ထမ္းေဆာင္ေပးေနသူ တစ္ဦးက ကူညီကယ္တင္ေပးခဲ့ကာ ဘိုင္ဒင္အတြက္ေတာ့ မွတ္မွတ္ရရျဖစ္ရပ္တစ္ခုနဲ႔ ရင္ဆိုင္ခဲ့ရပါတယ္။
ဒါေပမယ့္လည္း အခုအခါမွာေတာ့ အာဖဂန္ကေန အေမရိကန္တပ္ဖြဲ႕ေတြ ႐ုတ္သိမ္းမႈနဲ႔အတူ အေမရိကန္နိုင္ငံသား၊ အေမရိကန္တပ္ဖြဲ႕အတြက္ တာဝန္ထမ္းေဆာင္ေပးခဲ့တဲ့ အာဖဂန္အရပ္သားေတြကို ကယ္ထုတ္ ေပးခဲ့ရာမွာေတာ့ ဂ်ိဳးဘိုင္ဒင္ကို ကယ္တင္ေပးခဲ့ဖူးတဲ့ အာဖဂန္စကားျပန္ကေတာ့ က်န္ေနရစ္ခဲ့တယ္လို႔ သိရပါတယ္။
ဒီအတြက္ေၾကာင့္ အခုအခါမွာ အသက္ ၃၆ ႏွစ္အရြယ္ ရွိေနၿပီျဖစ္တဲ့ မိုဟာမက္က သူ႔ကိုခ်န္မထားရစ္ခဲ့ဘဲ ကယ္တင္ေပးဖို႔အတြက္ ဘိုင္ဒင္ကို ေတာင္းပန္ေျပာဆိုမႈက လူမႈကြန္ရက္ေပၚမွာ ျပန႔္ႏွံ့ေနခဲ့ၿပီျဖစ္ပါတယ္။
“သမၼတႀကီးခင္ဗ်ာ၊ ကၽြန္ေတာ္နဲ႔ ကၽြန္ေတာ့္မိသားစုကို ကယ္တင္ေပးပါ၊ ကၽြန္ေတာ့္ကိုေမ့မသြားပါနဲ႔” လို႔ ကေလးေလးဦးရဲ့ ဖခင္ျဖစ္သူ မိုဟာမက္က ေျပာဆိုခဲ့ေၾကာင္း The Wall Street Journal က ေဖာ္ျပခဲ့ပါတယ္။ သူဟာ တာလီဘန္ေတြရဲ့ရန္ကိုေၾကာက္ရြံ့တာေၾကာင့္ ပုန္းေအာင္းေနထိုင္ေနရတာျဖစ္ၿပီး အေမရိကန္က သူတို႔ရဲ့မဟာမိတ္အရပ္သားေတြကို ေခၚေဆာင္သြားခဲ့ရာမွာ က်န္ေနရစ္ခဲ့ရရွာပါတယ္။
ဒါ့အျပင္ စကားျပန္ေတြကို ကယ္ထုတ္ေပးမယ့္ အစီ အစဥ္အတြက္ အထူးေရႊ႕ေျပာင္းအေျခခ်ဗီဇာ ေလၽွာက္ လႊာတင္သြင္းခဲ့ေပမယ့္လည္း အေထာက္အထားမွတ္တမ္းေတြ ေပ်ာက္ဆုံးခဲ့လို႔ အဆင္မေျပခဲ့ဘူးလို႔ဆိုပါတယ္။
ၾသဂုတ္လ ၁၅ ရက္ေန႔မွာ တာလီဘန္တို႔က ကဘူးလ္ကိုထိန္းခ်ဳပ္ခဲ့တဲ့ေနာက္ မိုဟာမက္ဟာ ေလဆိပ္ကိုထြက္ ေျပးဖို႔ႀကိဳးစားခဲ့ေပမယ့္ ဇနီးနဲ႔ကေလးေတြကို ခ်န္ထားရစ္ရမယ့္အေရးေၾကာင့္ ေနအိမ္မွာသာ ဆက္ေနေနခဲ့ရပါတယ္။အခုအခါမွာေတာ့ မိုဟာမက္ကို ကူညီေပးဖို႔အတြက္ သူနဲ႔အတူတြဲဖက္လုပ္ကိုင္ခဲ့ဖူးတဲ့ အေမရိကန္စစ္သားတခ်ိဳ႕က လႊတ္ေတာ္အမတ္ေတြကို ေတာင္းဆိုေပးေနၾကပါတယ္။
၂၀၀၈ မွာ မိုဟာမက္နဲ႔ လက္တြဲလုပ္ကိုင္ခဲ့သူ ေရွာင္အိုဘရိုင္ယန္က “တကယ္လို႔ အာဖဂန္တစ္ဦးတည္းကိုပဲ ခင္ဗ်ားကူညီနို္င္မယ္ဆိုရင္ေတာင္ မိုဟာမက္ကိုပဲ ေရြးခ်ယ္ေပးပါ” လို႔ လူမႈကြန္ရက္မွာ ေရးသားခဲ့ပါတယ္။မိုဟာမက္ဟာ အခုခ်ိန္ထိ ပုန္းေအာင္းေနထိုင္ေနရဆဲျဖစ္ၿပီး ေနအိမ္ကထြက္ခြာဖို႔ကို ေၾကာက္ရြံ့ေနတယ္လို႔လည္း သိရပါတယ္။
သူရင္ဆိုင္ေနရမႈဟာ မည္သည့္အေမရိကန္နိုင္ငံသားမဆို ဒါမွမဟုတ္ အာဖဂန္တြင္းက်န္ေနရစ္တဲ့ ဘယ္လိုမဟာမိတ္မ်ိဳးကိုမဆို ကယ္ထုတ္ေပးမယ္ဆိုတဲ့ အေမရိကန္ရဲ့ ကတိစကားေတြနဲ႔ ဆန႔္က်င္ဘက္ျဖစ္ေနခဲ့ပါတယ္။အဂၤါေန႔မွာေတာ့ သူက “အိမ္ထဲကေန ကၽြန္ေတာ္ထြက္မရဘူး၊ အရမ္းေၾကာက္ရြံ့ေနပါတယ္” လို႔ WSJ ကို ေျပာဆိုခဲ့ပါတယ္။
မိုဟာမက္ရဲ့ အခက္အခဲနဲ႔ပတ္သက္ၿပီးေတာ့ အဲဒီေန႔ေႏွာင္းပိုင္းမွာေမးျမန္းမႈေတြျပဳလုပ္ခဲ့ခ်ိန္မွာေတာ့ အိမ္ျဖဴေတာ္သတင္းျပန္ၾကားေရးအတြင္းဝန္ Jen Psaki က “ကၽြန္မသေဘာက်ရတဲ့ လူေတြကို ကူညီေပးခဲ့မႈမွာ ရွင္ ပါဝင္ခဲ့တဲ့အခန္းက႑အတြက္ ေက်း ဇူးတင္ပါတယ္၊ သံတမန္ေရးနည္းလမ္းနဲ႔ ကယ္ထုတ္ေပးဖို႔ ႀကိဳးစားေပးပါ့မယ္၊ အေမရိကန္က ကူညီဖို႔ ဆက္ႀကိဳးစားေပးမွာပါ” လို႔ ေျပာဆိုသြားခဲ့ပါတယ္။ အေမရိကန္ရဲ့ ကယ္ထုတ္ေပးျခင္းအစီအစဥ္ဟာ ၂ပတ္ၾကာျမင့္ခဲ့ၿပီး လူေပါင္းတစ္သိန္းႏွစ္ေသာင္းေက်ာ္ကို ကယ္ထုတ္ေပးနိုင္ခဲ့တယ္လို႔ သိရပါတယ္။
TRNs
မူရင္းေရးသားသူအားေလးစားစြာခရက္ဒစ္ေပးပါသည္။ကူးယူမၽွေဝေဖာ္ျပျခင္းသာျဖစ္ပါသည္။