အိမ်ထောင်ရှင်မိဘများနှင့် ဖိုးဖိုးဖွားဖွားတိုင်းသည် မွေးဖွားလာတော့မည့်ကလေးနှင့်ပတ်သတ်ပြီး ယောကျာ်းလေးရချင်သူရှိသကဲ့သို့ မိန်းကလေးလိုချင်သူလည်းရှိတတ်ကြပါတယ်။ထိုအခါမျိုးတွင် လိုချင်တာမရသည့်အခါမျိုးရှိနိုင်ပြီး နားလည်လက်ခံနိုင်ရမှာဖြစ်ပါတယ်။ယခုတွင်တော့ တရုတ်နိုင်ငံ Guangdongပြည်နယ်တွင် မိသားစုတစ်ခုလုံးက ယောကျာ်းလေးကိုသာ မွေးဖွားစေချင်ခဲ့တာဖြစ်ပါတယ်။
သို့သော်လည်း ချွေးမဖြစ်သူက မိန်းကလေးမွေးလိုက်သောအခါ ယောက္ခမက လက်မခံနိုင်ဘဲ ချွေးမကို အပူချိန်၄၀ဒီဂရီစင်တီဂရိတ်ရှိအခန်းထဲတွင် ဘယ်သူနှင့်မှမပေးတွေ့ဘဲ ပိတ်လှောင်ပြီး အပြစ်ပေးခဲ့ပါတယ်။
ထိုအခါချွေးမဖြစ်သူက စိတ်အားငယ်မှု ဝမ်းနည်းမှုတို့ဖြင့် ကိုယ့်ပါးကိုပြန်ရိုက်ပြီး စိတ်ဖြေကာငိုကြွေးနေခဲ့ပါတယ်။
Shoon (Cele Daily)
Zawgyi
သမီးမိန်းကလေးကိုသာ မွေးဖွားနိုင်ခဲ့သည့်အတွက် အခန်းထဲတွင် ပိတ်လှောင်ပြီး ယောက္ခမဖြစ်သူ၏အပြစ်ပေးခြင်းကိုခံခဲ့ရသောကြောင့် အလွန်ဝမ်းနည်းကာ ကိုယ့်ကိုကိုယ်ပြန်ရိုက်နေခဲ့သည့် အမျိုးသမီး
Shoon (Cele Daily)
Crd