သင်္ကန်းခြုံထားပြီး အသိဉာဏ်မရှိတဲ့ ဒီလိုလူမျိုးကို တွေ့ရင် ဝေးဝေးရှောင်ကြပါ

သင်္ကန်းခြုံထားပြီး အသိဉာဏ်မရှိတဲ့ ဒီလိုလူမျိုးကို တွေ့ရင် ဝေးဝေးရှောင်ကြပါ













စိတ်တိုတာ အသားတွေပါတုန်ပြီး မနေနိုင်လို့ လာပြောတာပါ..

ဒီနေ့အလုပ်သွားတော့ ထိုင်ခုံနေရာမရဘူး.. အဲ့တာကို အကို တစ်ယောက်က ထမင်းချိုင့် ကိုင်ပေးထားတာ.. အဲ့အကိုကိုညီမလဲ ပြောထားပါတယ် ဟင်းရည်ပါတယ်လို့.. ချိုင့်က စောင်းသွားတယ်ပါရဲ့ အရည်တွေဖိတ်တော့ အိတ်မှာစိုနေရော..

အဲ့တာကို အဲ့အကိုဘေးမှထိုင်နေတဲ့ သီလရှင်လိုလိုဘာလိုလိုနဲ့ ကျပ်မပြည့်တာလား ဘာလားတော့မသိ ရိုင်းတယ်လို့ထင်ရင်လဲ ထင်နိုင်ပါတယ်နော်.. ညီမခေါ်တဲ့ အခေါ်အဝေါ်က သူ့လုပ်ရက်လောက်တော့ မရိုင်းဘူးထင်တာပဲ.. ခုနကဟာပဲ ဆက်ပြောမယ်.. အဲ့အကိုက ထမင်းချိုင့်အိတ်ကို နှစ်ယောက်ကြားမှာ ထားထားတော့သူ့သင်္ကန်း အဖျားလေးတွေ စိုသွားတယ်..

အဲ့တာကိုလေ သင်္ကန်းပြန်လျော်ပေးပါပြောတယ်.. သင်္ကန်းတစ်ထည်ကို ၃၅၀၀၀ ရှိတယ်တဲ့ မလျော်ပေးရင် သေနတ်နဲ့ပစ်မယ်ဆိုပဲ.. ဟိုအကိုကလည်း အကုန် YBS စီးနေတာ မတော်တဆဖြစ်တာတောင်းပန်ပါတယ် ပြောတာကို သူ့မှာ ငပိရည်ဘူးပါလာလို့ အဲ့အကိုပေါ်ဖိတ်ကျရင် ရလားဆိုပြီး ခနငြိမ်သွားတယ်..

ခနနေလဲကျတော့ သူစားနေတဲ့ကွမ်းတံတွေးကို အိတ်ထဲထည့်ပြီး အဲ့အကိုပေါင်ပေါ်ကို လောင်းချပါတယ်.. ပြီးတော့ ရီနေရော.. ညီမမှာက တစ်ရှုးလဲ မပါ.. ရေဗူးလဲ မပါ.. အဲ့အကိုကို အားနာတာ.. အလုပ်ကလဲနောက်ကျနေလို့ ဘာလုပ်ပေးရမှန်းလဲမသိဘူး..

အဲ့အကို ဒီပို့စ်လေးကိုမြင်ရင် ညီမတောင်းပန်ပါတယ်.. ဘာမှမလုပ်ပေးနိုင်ခဲ့လို့ ညီမလေ စိတ်တိုပြီး အသားတွေတောင်တုန်တယ်.. ဟိုအကိုကိုပဲ တောင်းပန်မိနေတာ.. အဲ့လို သင်္ကန်းခြုံထားပြီး တိရိစ္ဆာန်လောက်တောင် အသိဉာဏ်မရှိတဲ့သူတွေကို ရှောင်ရှားနိုင်ကြပါစေ..

(MMH, YBS လမ်းညွှန်)



Post Views:
1








Crd