

Unicode

သခင်ဖြစ်သူရဲ့စကားကို နာခံမှုရှိပြီး ချစ်စရာကောင်းသော အပြုအမူလေးတွေနဲ့ ထူးခြားတဲ့အမွှေးမဲ့ကြက်ကလေး

ဗီယကနမ်နိုင်ငံမှ အမျိုးသားတစ်ဦးသည် အနောက်နိုင်ငံများရှိ အလှဆင်ကြက်လေးတွေကို သားဖောက်ကာ မွေးမြူထားပြီး တဖန်ပြန်လည် ရောင်းချသည့် လုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်း ပြုခဲ့သည်။

တစ်နေ့တွင် အမျိုးသားသည် အနောက်နိုင်ငံမှ တင်သွင်းသော ကြက်ဥ၉လုံးအား သားဖောက်ခဲ့ရာ ထူးခြားစွာဖြင့် အမွှေးမဲ့ကြက်လေးတစ်ကောင်ကို တွေ့ရှိခဲ့၍ အံ့အားသင့်သွားပြီး ကလေးလေးတစ်ယောက်လို ဂရုစိုက်ကာ ပြုစုစောင့်ရှောက်ပေးခဲ့သည်။

ထိုကြက်လေးသည် အကုန်လုံးထဲတွင် ထူးခြားနေတာကြောင့် သခင်ဖြစ်သူအား အချစ်ပိုစေကာ ကြက်လေးတွင် အမွှေးမရှိတာကြောင့် ခြင်ကိုက်မည်စိုး၍ နနွမ်းအမြဲလိမ်းပေးပြီး ခြင်ထောင်နှင့်တကွ အိပ်စေခဲ့သည်။

သခင်ဖြစ်သူသည် ထိုကြက်လေးကို တစ်နေ့စားစရာ သုံးနပ်ကျွေးပြီး ကြက်လေးရဲ့အကြိုက်ဆုံး အစားအစာဖြစ်သည့် ထမင်း၊ သင်္ဘောသီးနှင့် ဒူးရင်းသီးတို့ကို ဝယ်ကျွေးကာ လိမ္မာရေးခြားလည်း ရှိတာကြောင့် ရွှေဆွဲကြိုးလေးပင် ဝတ်ဆင်ထားပေးကာ အခြားသူများမှ သဘောကျလို့ဆိုပြီး ဗီယက်နမ်ငွေ သန်း၅၀နဲ့ပေးဝယ်သော်လည်း မရောင်းပဲ ငြင်းဆန်ခဲ့သည်။

crd

Zawgyi






crd

Crd