■သကြားလုံးမပေးရင် ဘာသာရေးဓလေ့ကိုမထီမဲ့မြင်ပြုသည်ဆိုသော

Article Knowledge Travel World

TheGeekText.com Copyright©2021 ကူးယူဖော်ပြခွင့်လုံးဝခွင့်မပြုပါ။

■သကြားလုံးမပေးရင် ဘာသာရေးဓလေ့ကိုမထီမဲ့မြင်ပြုသည်ဆိုသော

ဒီနိုင်ငံမှာတော့ အနောက်တိုင်း ပုံစံ ဟောလိုးဝင်းက အရမ်းကြီး ခေတ်မစားပါဘူး။ ဒါပေမယ့် ဆာဒီးနီးယား(Sardinia) နယ်ရဲ့ ကျွန်းငယ်လေးတစ်ခုမှာတော့ အဲ့လိုပုံစံတူမျိုး ဟောလိုးဝင်းပွဲကို ကျင်းပလေ့ရှိပါတယ်။

ဒီကျွန်းလေးပေါ်က ကလေးတွေက ဟောလိုးဝင်းဆိုရင် ‘ဝိဉာဉ်တွေ အတွက် ငါ့ကို တစ်ခုခုပေးပါ’ တို့၊ ငါက ဝိဉာဉ်တွေအတွက်လာတာပါ’ ၊ ‘ငါကဆုံးပါးပြီးသားသူပါ’ ဆိုတာမျိုး ထူးထူးဆန်းဆန်းစကားတွေ ပြောပြီး သကြားလုံးလေးတွေ လိုက်တောင်းတတ်ပါတယ်၊ ဒီလိုစကားတွေ ပြောတယ်ဆိုကြတာက ကလေးတွေဟာ ဆုံးပါးသူတွေကို ကိုယ်စားပြုတယ်လို့ဆိုလိုတာပါ။

အဲ့လိုသကြားလုံးလေးတွေ တောင်းတာကို မပေးဘူးဆိုတာကတော့ ဝိဉာဉ်တွေနဲ့ ဆိုင်တဲ့ ဘာသာရေးဓလေ့ကို မထီမဲ့မြင်ပြုတာပါပဲ။ အဲ့တာကြောင့် အဲ့ရာသီဆို ကလေးတွေ သကြားလုံးတွေ အများကြီး ရကြတာပေါ့။ လူသိများကြတဲ့ ရွှေဖရုံသီးမှာ ရုပ်ပုံထွင်းတာကတော့ အမေရိကန်တို့၊ အဂ်လန်တို့ ကနေ ယူထားတဲ့ဓလေ့မဟုတ်ပါဘူး။

ဒါပေမယ့် အဲ့ဒီ ကျွန်းက Bono လို့ခေါ်တဲ့ မြိုမှာတော့ အဲ့ဒီဓလေ့က ရှိပြီးသားပါ။ အောက်တိုဘာ ၃၀ ရက်နေ့မှာ လေးထောင့် ပုံကျကျ ရွှေဖရုံသီးကို လိုက်ရှာကြပါတယ်။ အထဲက အသားတွေကို ထုတ်ပြီး လူမျက်နှာပုံထွင်းကြပါတယ်။ ပြီးရင် အထဲမှာ ဖယောင်းတိုင်ထွန်း၊ သူတို့လည်ပင်းမှာဆွဲပီး မြို့ထဲမှာ လျှောက်သွားတတ်ကြပါတယ်။

ကလေးရော လူကြီးရော မြို့ထဲမှာ လျှောက်သွားရင်း အိမ်ရှင်တွေကို ထူးထူးဆန်းဆန်း စကားလေးတွေ ပြောပြီး သကြားလုံးတောင်းကြတာကို တွေ့ရမှာပါနော်။ အဲ့ တစ်နေ့တာ ပြီးဆုံးသွားချိန်မှာတော့ သကြားလုံးတွေလည်း အများကြီးရ၊ ဂုဏ်ပြုသောက်စားကြပြီး သူတို့ရဲ့ ရွှေဖရုံသီးတွေကို ဖျက်ဆီးပစ်လိုက်ပါတော့တယ်။
Ref:youtube
Trans:thegeektext

zawgyi

TheGeekText.com Copyright©2021 ကူးယူေဖာ္ျပခြင့္လုံးဝခြင့္မျပဳပါ။

■သၾကားလုံးမေပးရင္ ဘာသာေရးဓေလ့ကိုမထီမဲ့ျမင္ျပဳသည္ဆိုေသာ

ဒီနိုင္ငံမွာေတာ့ အေနာက္တိုင္း ပုံစံ ေဟာလိုးဝင္းက အရမ္းႀကီး ေခတ္မစားပါဘူး။ ဒါေပမယ့္ ဆာဒီးနီးယား(Sardinia) နယ္ရဲ့ ကၽြန္းငယ္ေလးတစ္ခုမွာေတာ့ အဲ့လိုပုံစံတူမ်ိဳး ေဟာလိုးဝင္းပြဲကို က်င္းပေလ့ရွိပါတယ္။

ဒီကၽြန္းေလးေပၚက ကေလးေတြက ေဟာလိုးဝင္းဆိုရင္ ‘ဝိဉာဥ္ေတြ အတြက္ ငါ့ကို တစ္ခုခုေပးပါ’ တို႔၊ ငါက ဝိဉာဥ္ေတြအတြက္လာတာပါ’ ၊ ‘ငါကဆုံးပါးၿပီးသားသူပါ’ ဆိုတာမ်ိဳး ထူးထူးဆန္းဆန္းစကားေတြ ေျပာၿပီး သၾကားလုံးေလးေတြ လိုက္ေတာင္းတတ္ပါတယ္၊ ဒီလိုစကားေတြ ေျပာတယ္ဆိုၾကတာက ကေလးေတြဟာ ဆုံးပါးသူေတြကို ကိုယ္စားျပဳတယ္လို႔ဆိုလိုတာပါ။

အဲ့လိုသၾကားလုံးေလးေတြ ေတာင္းတာကို မေပးဘူးဆိုတာကေတာ့ ဝိဉာဥ္ေတြနဲ႔ ဆိုင္တဲ့ ဘာသာေရးဓေလ့ကို မထီမဲ့ျမင္ျပဳတာပါပဲ။ အဲ့တာေၾကာင့္ အဲ့ရာသီဆို ကေလးေတြ သၾကားလုံးေတြ အမ်ားႀကီး ရၾကတာေပါ့။ လူသိမ်ားၾကတဲ့ ေရႊဖ႐ုံသီးမွာ ႐ုပ္ပုံထြင္းတာကေတာ့ အေမရိကန္တို႔၊ အဂ္လန္တို႔ ကေန ယူထားတဲ့ဓေလ့မဟုတ္ပါဘူး။

ဒါေပမယ့္ အဲ့ဒီ ကၽြန္းက Bono လို႔ေခၚတဲ့ ၿမိဳမွာေတာ့ အဲ့ဒီဓေလ့က ရွိၿပီးသားပါ။ ေအာက္တိုဘာ ၃၀ ရက္ေန႔မွာ ေလးေထာင့္ ပုံက်က် ေရႊဖ႐ုံသီးကို လိုက္ရွာၾကပါတယ္။ အထဲက အသားေတြကို ထုတ္ၿပီး လူမ်က္ႏွာပုံထြင္းၾကပါတယ္။ ၿပီးရင္ အထဲမွာ ဖေယာင္းတိုင္ထြန္း၊ သူတို႔လည္ပင္းမွာဆြဲပီး ၿမိဳ႕ထဲမွာ ေလၽွာက္သြားတတ္ၾကပါတယ္။

ကေလးေရာ လူႀကီးေရာ ၿမိဳ႕ထဲမွာ ေလၽွာက္သြားရင္း အိမ္ရွင္ေတြကို ထူးထူးဆန္းဆန္း စကားေလးေတြ ေျပာၿပီး သၾကားလုံးေတာင္းၾကတာကို ေတြ႕ရမွာပါေနာ္။ အဲ့ တစ္ေန႔တာ ၿပီးဆုံးသြားခ်ိန္မွာေတာ့ သၾကားလုံးေတြလည္း အမ်ားႀကီးရ၊ ဂုဏ္ျပဳေသာက္စားၾကၿပီး သူတို႔ရဲ့ ေရႊဖ႐ုံသီးေတြကို ဖ်က္ဆီးပစ္လိုက္ပါေတာ့တယ္။
Ref:youtube
Trans:thegeektext