

Unicode

သက်သက်လွတ်စားပြီး ဘုရားကျောင်းကို နှစ်ပေါင်း ၇၀အကြာ စောင့်ရှောက်ပေးခဲ့သော မိကျောင်းကြီးတစ်ကောင်

မိကျောင်းဆိုသည်နှင့် ကြီးမားသောကိုယ်ထည်ရှိကာ ချွန်ထက်သောသွားများနှင့်အတူ အသားစား သတ္တဝါလည်း ဖြစ်သည့်အတွက် လူတိုင်းက ကြောက်ရွံ့ကြသည်။သို့ဖြစ်၍ အိန္ဒိယနိုင်ငံ Kerelaပြည်နယ်ရှိ Sri Anantapurအမည်ရှိသော ဘုရားရှိခိုးကျောင်းတစ်ကျောင်းသည် သက်သက်လွတ်စားပြီး သစ္စာစောင့်သိတဲ့ ကြီးမားသော မိကျောင်းကြီးတစ်ကောင်ကြောင့် နာမည်ကြီးလာခဲ့သည်။

မိကျောင်းကြီးသည် ထိုနေရာသို့ ဘယ်လိုရောက်ရှိလာမှန်းမသိသော်လည်း ဘုရားကျောင်းနားက ရေကန်တွင် ငြိမ်သက်စွာ အိပ်ပျော်နေသည်ကို ဒေသခံလူတစ်ဦးမှ တွေ့ရှိခဲ့ရာ သနားလို့ အစာကျွေးခဲ့သော်လည်း ငြင်းဆန်ခဲ့သည်။

အမှန်တကယ်တော့ မိကျောင်းကြီးသည်သာမန်မိကျောင်းတွေလို မည်သည့်အသားငါးမှမစားပဲ ရိုးရိုးဆန်ထမင်းကိုသာစားသုံးခဲ့သည်ကို အံ့အားသင့်ဖွယ် သိရှိခဲ့ပြီး တစ်စုံတစ်ယောက်ကိုမှလည်း အန္တရာယ်ပြုခြင်းမရှိသည့်အတွက် ရွာသားများမှ မောင်းမထုတ်ပဲ လွှတ်ထားပေးခဲ့သည်။

မိကျောင်းကြီးသည် အင်မတန်မှ လိမ်မာယဉ်ကျေးပြီး ပြောစကားလည်း နာခံမှုရှိကာ နှစ်ပေါင်း၇၀ကြာသည်ထိ ဘုရားကျောင်းကို စောင့်ရှောက်ပေးခဲ့ခြင်းဖြင့် လူသိများလာကာ ချီးမွမ်းခြင်းများစွာကို ခံခဲ့ရသည်။

crd

Zawgyi






crd

crd

Crd