ဝါးတားဂိတ် အရှုပ်တော်ပုံ ( သို့မဟုတ် ) အမေရိကန်သမိုင်းမှာ ပထမဆုံး နှုတ်ထွက် ပေးလိုက်ရတဲ့ သမ္မတ

News

အမေရိကန်နိင်ငံသမိုင်းတွင်ပထမဆုံး သမ္မတနုတ်ထွက်ပေးရသည့် နိင်ငံရေးအရှုပ်အထွေး တစ်ခုဖြစ်သည် ။ ထိုသမ္မတမှာ ရီပါပလီကန် ပါတီမှ သမ္မတ Richard Nixon (၁၉၆၉ – ၁၉၇၄) ဖြစ်ပြီး သူနှင့် သူ့ကိုထောက်ခံသူများသည် တရားမဝင်သည့် လုပ်ရပ်များနှင့် ဥပဒေအများအပြားကို ချိုးဖေါက်ခဲ့ကြသည် ။

Stranger | 29/01/2021 | News | No Comments

ပြသာနာအစမှာ ၁၉၇၂ ခုနှစ်ဇွန်လ ၁၇ ရက်တွင် ဝါရှင်တန်ဒီစီ၌ တည်ရှိသည့် Watergate အဆောက်အအုံမှ ဒီမိုကရက်တစ်ပါတီ၏ ရုံးခန်းသို့ အချက် အလက်စာရွက် စာတမ်း များခိုးယူရန် ဝင်ရောက်လာသည့်သူခိုး (၅) ဦးကိုဖမ်းမိရာမှ စတင်ခဲ့သည် ။

ထိုသတင်းမှာအစတွင် သေးငယ်သည့် မီဒီယာစိတ်ဝင်စားမှု တစ်ခုသာဖြစ်သော်လည်း ဝါရှင်တန်ပို့စ်သတင်းစာမှ ထိုအမှုနှင့်ဆက်စပ်နေသည့် အချက်များစွာကို White House-sponsored plan များဟု ဖွင့်ချလိုက်သည် ။

သတင်းစာများမှ ထို Watergate ရှုပ်အထွေးတွင် အဓိကပါဝင်သူများမှာ.. သမ္မတနယ်ဆင် နှင့်အတူ ရှေ့နေချုပ် John Mitchell, အိမ်ဖြူတော် အကြီးအကဲ John Dean, အိမ်ဖြူတော် ဝန်ထမ်းအကြီးအကဲ H. R. Haldeman, အိမ်ဖြူတော်၏ ပြည်ထဲရေးတာဝန်ခံ John Ehrlichman တို့ဖြစ်သည်ဟု ဖွင့်ချခဲ့သည် ။

ဖေါက်ထွင်းဝိဇ္ဇာ (၅) ဦး ကိုဖမ်းဆီးထားပြီး ၁ နှစ် အကြာတွင် ဆီးနိတ်လွှတ်တော်မှ Watergate အရှုပ်အထွေးကို ကြားနာစစ်ဆေးရန်ညွှန်ကြားလိုက်သည် ။ ထိုညွှန်ကြားမှုကို သမ္မတနယ်ဆင်မှ လက်ခံပြီး ၁၉၇၃ မေလတွင် စတင်ကြားနာခဲ့သည် ။

အိမ်ဖြူတော် အကြီးအကဲ John Dean မှ ထွက်ဆိုရာတွင်.. John Mitchell သည်ထို Watergate အရှုပ်အထွေးတွင်သူ့အားအမိန့် ပေးခဲ့သည် ၊ ဤပြသာနာတွင် တာဝန်အရှိဆုံးမှာ သမ္မတဖြစ်သည်ဟု သက်သေထွက်ဆိုခဲ့သည် ။

သို့သော်ထိုအချက်ကို သမ္မတနယ်ဆင် မှ အခိုင်အမာငြင်းဆိုခဲ့သည် ။ အိမ်ဖြူတော်တွင် သမ္မတရုံးခန်း၌ သမ္မတပြောစကားကို သမိုင်းမှတ်တမ်းအနေဖြင့် သိမ်းဆည်းသည့် အသံဖမ်းစနစ် ရှိသည် ။

ထိုစနစ်ကို လူအနည်းငယ်သာသိရှိပြီး ထိုလျှို့ဝှက် tape recorder သည်နာရီ ၄၀၀၀ အထိ ထိန်းသိမ်းထားနိင်သည် ။ သက်သေများကို စစ်ဆေးပြီးနောက် ဆီးနိတ် ကြားနာမှုကော်မတီမှ သမ္မတနယ်ဆင် အနေဖြင့် အပြစ်မရှိကြောင်း သက်သေပြရန် အိမ်ဖြူတော်ရှိ လျှို့ဝှက်စကားပြော အသံဖမ်းစက်ရှိအခွေကို ပို့ပေးရန်တောင်းဆိုလိုက်သည် ။ သို့သော်လဲသမ္မတနယ်ဆင်မှ အမျိုးသားလုံခြုံရေးကို အကြောင်းပြပြီး ငြင်းဆန်ခဲ့သည် ။

ထိုအခါ အမေရိကန်တရားသူကြီးချုပ်မှ “နယ်ဆင်” အနေဖြင့် ထိုအသံဖမ်းအခွေကို ကြားနာမှုကော်မတီသို့ ပို့ပေးရမည်ဟု ဆုံးဖြတ်ခဲ့သည် ။ နောက်ဆုံးသမ္မတနယ်ဆင်သည် တည်းဖြတ်ထားသည့် White house tape ကိုသာပေးအပ်ခဲ့သည် ။

စုံစမ်းစစ်ဆေးရေးကော်မရှင်မှလဲ ထိုတည်းဖြတ်လုပ်ထားသည့် အခွေကိုငြင်းပါယ်ခဲ့သည် ။ ၁၉၇၄ ဇူလိုင် ၃၀ တွင် စုံစမ်းရေးကော်မရှင်မှ သမ္မတနယ်ဆင်သည် အမေရိကန်ဖွဲ့စည်းပုံအခြေခံ ဥပဒေကိုချိုးဖေါက်ပြီး အာဏာကိုမမှန်မကန် အသုံးချခဲ့သည်ဟု ဆုံးဖြတ်ခဲ့သည် ။ Watergate ရှုပ်အထွေးကာလအတွင်း သမ္မတနယ်ဆင်သည် လူထုထောက်ခံမှု အကြီးအကျယ် ကျဆင်းခဲ့သည် ။

၁၉၇၄ သြဂုတ် ၅ ရက်တွင် FBI မှ Watergate နှင့် ပတ်သက်သည့် လျှို့ဝှက်အသံဖမ်းအခွေ စစ်ဆေးမှုကို ရပ်တန့်ရန် အမိန့်ပေးခဲ့သည် ။ နောက်ဆက်တွဲပြသာနာ.. Watergate အရှုပ်အထွေးနဲ့အတူပေါ်ထွက်လာသည့် နယ်ဆင်အာဏာအလွဲသုံးစားမှုတွင် သူနှင့်သူ့နောက်လိုက်များဆက်နွယ်သည့် စီးပွားရေးအုပ်စုများအား လုပ်ပိုင်ခွင့်များမမှန်မကန် သြဇာသုံးပေးခဲ့ခြင်း ၊

သမ္မတမဲဆွယ်ပွဲအတွက်ငွေများစွာကို စီးပွားရေးလုပ်ငန်းများမှ လျှို့ဝှက်ရယူကာ သုံးစွဲခဲ့ခြင်း ၊ ကမ္ဘောဒီးယားဒေသအား သူ၏ သြဇာအာဏာသုံးကာ လျှို့ဝှက်ဗုံးကြဲခဲ့ခြင်း ၊ ဗီယက်နမ်စစ်ပွဲ အပျက်အစီးစာရင်းပြုစုသည့်ကိစ္စများတွင် မမှန်မကန်ဖြည့်စွက်ခဲ့ခြင်း ၊ သမ္မတ John F. Kennedy လက်ထက် ဗီယက်နမ်စစ်ပွဲနှင့်သက်ဆိုင်သည့် စာရွက်စာတမ်းများ ကိုလဲအမှားပြန်လည်ဖြည့်စွက်ရေးသားခဲ့သည် ။

မည်သို့ပင်ဆိုစေ သမ္မတနယ်ဆင်သည် အမေရိကန် စစ်သားများစွာကို ဗီယက်နမ်စစ်မြေပြင်မှ နေရပ်သို့ပြန်လည်ခေါ်ဆောင်ပေးခဲ့သည် ။ သမ္မတနယ်ဆင် နုတ်ထွက်ခြင်း.. သမ္မတအာဏာဖြင့် ထိုစွဲချက်ကို ပယ်ချရန်ကြိုးပမ်းခဲ့သော်လည်း မအောင်မြင်သဖြင့် အဆိုပါအရှုပ်တော်ပုံနှင့် ပက်သက်သည့်အထောက်အထားများအား ၁၉၇၄ ခုနှစ်၊ ဩဂုတ်လ၊ ၅ ရက်နေ့တွင် တရားရုံးသို့တင်ပြပေးခဲ့ရသည်။

အပြစ်ထင်ရှားကြောင်းဆုံးဖြတ်ခံရသဖြင့် ဩဂုတ်လ၊ ၉ ရက်နေ့တွင် ရာထူးမှ နုတ်ထွက်ပေးခဲ့ရသည်။ သို့ဖြင့်နစ်ဆင်သည် အမေရိကန်သမိုင်းတစ်လျှောက်တွင် ထိုကဲ့သို့အရှုပ်တော်ပုံကြောင့် ရာထူးမှနှုတ်ထွက်ပေးရသည့် တစ်ဦးတည်းသော သမ္မတဖြစ်သွားရသည်။

နယ်ဆင် သမ္မတရာထူးမှ နုတ်ထွက်ခဲ့ပြီးနောက် ဒုတိယသမ္မတ Gerald Ford မှ အမေရိကန်သမ္မတတာဝန်ကို ရယူခဲ့သည် ။ နောက်တလအကြာတွင်သမ္မတ Gerald Ford မှ နယ်ဆင်တာဝန်ထမ်းဆောင်စဉ်က ဖြစ်ပေါ်ခဲ့သည့် ပြစ်မှုများ အားလုံးကို လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့သည် ။

သမ္မတရာထူးမှ နုတ်ထွက်ပေးရသော်လည်း နစ်ဆင်သည် ဝါရင့်ခေါင်းဆောင်တစ်ဦးအနေဖြင့် နိုင်ငံရေးလောကတွင် ဆက်လက်၍လှုပ်ရှားခဲ့ပြီး ၁၉၉၄ ခုနှစ်၊ ဧပြီလ၊ ၂၂ ရက်နေ့တွင် နယူးယောက်မြို့၌ ကွယ်လွန်ခဲ့သည်။

သူသေဆုံးပြီးနောက် ၁၉၉၆ အချိန်ရောက်မှ အိမ်ဖြူတော်၏ သမ္မတရုံးခန်းမှ နယ်ဆင်လက်ထက် လျှို့ဝှက်အသံဖိုင်နာရီ ၃၀၀၀ ခန့်ကို ပြည်သူအား အသိပေးဖွင့်ချပြခဲ့သည် ။ Watergate အရှုပ်အထွေးသည် အမေရိကန်သမိုင်းတွင် သမ္မတနှင့်တရားသူကြီးချုပ်အကြား အမေရိကန်ဖွဲ့စည်းပုံအခြေခံကို အားပြိုင်မှုဖြစ်ခဲ့သည် ။

ဒီအချက်သည်ပင်လျှင် အမေရိကန်ဖွဲ့စည်းပုံ အခြေခံဥပဒေစနစ် ၏ Checks and Balances ကိုဖေါ်ပြနေသည် ။ Watergate သည်လည်း အမေရိကန်အမျိုးသား အကျိုးစီးပွားဥပဒေ အထက်တွင် သမ္မတအပါအဝင် မည်သူမှ မရှိဆိုသည်ကို သမိုင်းအဖြစ် ထောက်ပြခဲ့သည်ဟု ဆိုသည် ။

CRD_Knightnews

မူရင်းရေးသားသူအားလေးစားစွာခရက်ဒစ် ပေးပါသည်။
ကူးယူမျှဝေဖော်ပြခြင်းသာဖြစ်ပါသည်။

zawgyi

Leave a Reply