■ဝတ်ဆင်ထားတဲ့သူကို ကိုယ်ပျောက်အစွမ်းပေးနိုင်တဲ့ လက်စွပ်(The Ring of Gyges)

Article Knowledge World

TheGeekText.com Copyright©2021 ကူးယူဖော်ပြခွင့်လုံးဝခွင့်မပြုပါ။

■ဝတ်ဆင်ထားတဲ့သူကို ကိုယ်ပျောက်အစွမ်းပေးနိုင်တဲ့ လက်စွပ်(The Ring of Gyges)

ဖီလော်ဆိုဖာ ပလေတိုဟာ ပုံပြင်တွေ အများအပြားကို ပြောဆိုခဲ့ပါတယ်။ဒါတွေက ဒဏ္ဍာရီလိုဖြစ်ခဲ့ရာ ဒီထဲကတစ်ခုကတော့ ဿည် ရင်း အော့ဖ် ဂျိုက်ဂျီ ဖြစ်ပါတယ်။

ပလေတိုရဲ့ပြောကြားချက်အရ ဒီလက်စွပ်ကိုရှာတွေ့ခဲ့တာက သိုးကျောင်းသားတစ်ယောက်ဖြစ်ပြီး နာမည်ကတော့ ဂျိုက်ဂျီလို့ခေါ်တာပါ။ဂျိုက်ဂျီဟာ သူ့သိုးအုပ်ကိုထိန်းကျောင်းနေစဉ်မှာပဲ ငလျင်ရုတ်တရက်လှုပ်ခဲ့ပြီးနောက် ဂူတစ်ဂူဟာ အချိန်ကိုက် ပွင့်သွားခဲ့ပါတယ်။

သူဟာလည်း အလောင်းတစ်ခုကိုယ်ပေါ်မှ လက်စွပ်ကို ရရှိခဲ့တာပါ။တခြားအဆိုတစ်ခုကတော့ အလောင်းပေါ်ကမဟုတ်ဘူးလို့ ပြောဆိုမှုတွေ ရှိပါတယ်။ဂျိုက်ဂျီကလည်း လက်စွပ်ကို ယူခဲ့ပြီးနောက် ဝတ်ဆင်ခဲ့ပါတယ်။ဒီမှာ သူသိခဲ့တာကတော့ လက်စွပ်ဟာ ဝတ်ဆင်ထားတဲ့သူကို ကိုယ်ပျောက်အစွမ်းတွေ ပေးတယ်ဆိုတာပါပဲ။

ဘာပဲဖြစ်ဖြစ် လက်စွပ်ကို ကောင်းတဲ့ရည်ရွယ်ချက်နဲ့သုံးရမဲ့အစား ဂျိုက်ဂျီဟာတစ်ကိုယ်ကောင်းဆန်တဲ့ လမ်းကြောင်းကို ရွေးချယ်ခဲ့တာပါ။ဒီနောက်မှာတော့ ဂျိုက်ဂျီဟာ သူ့နိုင်ငံနန်းတော်ကို သွားရောက်ကာ ဘုရင့်မိဖုရားကိုမြူဆွယ်ပြီးနောက်မှာတော့ ဘုရင်ကိုသတ်ကာ ဘုရင့်နေရာကို ရယူခဲ့ပါတယ်။

အခုအချိန်မှာတော့ လက်စွပ်ကတကယ်ရှိမရှိ ငြင်းခုံဆွေးနွေးမှုတွေ ရှိပါတယ်။ဘာလို့လဲဆိုတော့ ပလေတိုပြောခဲ့တာက ယောက်ျားတစ်ယောက်ရဲ့ သင်္ကေတဖြစ်ပြီး သူတို့ရဲ့မကောင်းတဲ့စိတ်ကို ထောက်ပြဝေဖန်နေတာကြောင့်ပါ။

ဘာပဲဖြစ်ဖြစ် ပလေတိုဟာ တခြားပုံပြင်တွေလိုပဲ ဒီပုံပြင်ကိုလည်း ပြောဆိုခဲ့ပြီး လက်စွပ်အကြောင်းကိုလည်း အတိအကျကိုပြောသွားတဲ့အတွက် တော်တော်များများ ဟာ တကယ့်လက်စွပ်လိုပဲ ခံစားရပါတယ်။ကျွန်မတို့ ပရိသတ်တွေလည်း လက်စွပ်တကယ်ရှိနိုင်မရှိနိုင် စဉ်းစားကြည့်ကြပါဦးရှင်။
ref:youtube
trans:thegeektext

zawgyi








ref:youtube
trans:thegeektext