TheGeekText.com Copyright©2021 ကူးယူဖော်ပြခွင့်လုံးဝခွင့်မပြုပါ။
■ဝင်ငွေများသော ပရောဖက်ရှင်နယ်ကျကျထွေးပွေ့သူအလုပ်
တကယ်လို့ပရိသတ်ကြီးဟာ အထွေးပွေ့ခံ အဖက်ခံချင်ပေမယ့် တစ်ယောက်တည်းဖြစ်နေရင် တော့ သင်ဟာ ပရောဖက်ရှင်နယ်ကျကျ ထွေးပွေ့သူကို ငှားရမ်းနိုင်ပါတယ်။
ကုမ္ပဏီအချို့ဟာ သက်တောင့်သက်သာရှိပြီး ပျော်ရွှင်စေမယ့် ပွေ့ဖက်ခြင်း အတွေ့အကြုံကိုရစေဖို့အတွက် ပရောဖက်ရှင်နယ် ပွေ့ဖက်သူတွေကို ငှားရမ်းပေးနေပါတယ်။တစ်ယောက်ယောက်ကိုဖက်ဖို့ဆိုရင်တော့တစ်နာရီကိုဒေါ်လာ ၆၀ မှ ၈၀ အထိ ပေးရမှာဖြစ်ပြီး ပွေ့ဖက်တာထက်မပိုရဘူးဆိုတာကိုတော့ သတိထားရမှာပါ။
စကားမစပ် သူတို့ရဲ့လေ့ကျင့်ချိန်တွေမှာ ပရောဖက်ရှင်နယ်ပွေ့ဖက်သူတွေကတော်တော်ကို ပြည့်စုံတဲ့စာအုပ်တစ်အုပ်ကို ဖတ်ရပါတယ်။
ပွေ့ဖက်ခြင်းစူတြာဆိုတဲ့စာအုပ်ပါ။ ကြားဖူးတယ်မလား။ ဒီစာအုပ်ဟာဆိုရင် သီအိုရီအရ ပွေ့ဖက်ခြင်းအကြောင်းကိုပြောပြထားပြီး နောက်ထပ်လူတစ်ယောက်ကိုပွေ့ဖက်ရမယ့်နည်းလမ်းတွေအကြောင်းရေးသားထားပါတယ်။
ဒီလိုပွေ့ဖက်ဖို့ကလည်း အနေအထားပေါင်း ၅၀လောက်ရှိပါတယ်။ ဒီလိုပညာရပ်မှာ ပါဝင်တဲ့လူတိုင်းမှာဆိုရင် ၉၉% လောက်ဟာ အမျိုးသမီးတွေပဲဖြစ်ပါတယ်။Ref:youtube
Trans:thegeektext
zawgyi
■တစ်နာရီကိုဒေါ်လာ၆၀မှ၈၀အထိပေးရမှာဖြစ်တဲ့ ပရောဖက်ရှင်နယ်ကျကျထွေးပွေ့သူအလုပ်
Trans:thegeektext