ဝက်ခြံပေါက်တဲ့နေရာကနေ သင့်ခန္ဓာကိုယ်မှာ ဘာဖြစ်နေလဲဆိုတာ သိနိုင်တဲ့အချက်များ

အောက်တွင် Unicode ဖြင့်ဖတ်နိုင်ပါသည်။
ဝက္ၿခံေပါက္တဲ့ေနရာကေန သင့္ခႏၶာကိုယ္မွာ ဘာျဖစ္ေနလဲဆိုတာ သိႏိုင္တဲ့အခ်က္မ်ား
တ႐ုတ္ဆရာဝန္ေတြက လူေတြရဲ႕ မ်က္ႏွာကို “က်န္းမာေရးအတြက္ ျပတင္းေပါက္” လို႔ ေခၚဆိုၾကပါတယ္။
ဘာလို႔လဲ ဆိုေတာ့ လူေတြရဲ႕ အေရျပားဟာ ခ်ိဳ႕ယြင္းခ်က္ေတြႏွင့္ ခႏၶာကိုယ္ လုပ္ေဆာင္မႈဆိုင္ရာ အေျပာင္းအလဲေတြအတြက္


အကဲဆတ္ တုံ႔ျပန္ႏိုင္တာေၾကာင့္ပါ။ ဝက္ၿခံေတြေပါက္တဲ့ ေနရာေတြကေန သင့္ခႏၶာကိုယ္မွာ ဘယ္နားက ဘာျဖစ္ေနၿပီဆိုတာ သိႏိုင္ပါတယ္။
နဖူးႏွင့္ မ်က္ခုံး
နဖူး ဒါမွမဟုတ္ မ်က္ခုံးအထက္မွာရွိတဲ့ အဖုေလးေတြဟာ အခ်ိဳ႕ေသာ အစာအိမ္ႏွင့္ အူလမ္းေၾကာင္းဆိုင္ရာ ျပႆနာေတြကို ၫႊန္ျပေနပါတယ္။


မ်က္ခုံးၾကားႏွစ္ခုၾကားက အဆက္ေလးကလည္း အသည္းရဲ႕ လုပ္ေဆာင္မႈေတြကို ကိုယ္စားျပဳေပးပါတယ္။
– အဆီမ်ားတဲ့ အစားအစာေတြႏွင့္ ေၾကာ္ထားတဲ့ အစားအစာေတြကို ေရွာင္ၿပီး အရက္ေသာက္သုံးမႈကို ေလွ်ာ့ခ်ျခင္းအားျဖင့္ ဒီအေျခအေနကို သိသိသာသာ ေျပာင္းလဲႏိုင္ပါတယ္။
ႏွာေခါင္း

ႏွာေခါင္းေပၚက ဝက္ၿခံေတြဟာ ႏွလုံးေသြးေၾကာစနစ္ဆိုင္ရာ ျပႆနာေတြကို ေဖာ္ျပေပးေနပါတယ္။ အဓိက အေၾကာင္းရင္းကေတာ့ စိတ္ဖိစီးမႈေၾကာင့္ပဲ ျဖစ္ပါတယ္။
– တက္ႂကြတဲ့ လူေနမႈပုံစံကို ေျပာင္းလဲၿပီးေတာ့ မၾကာခဏ အနားယူဖို႔ႏွင့္ အိပ္ခ်ိန္ဇယားကို ေျပာင္းလဲသင့္ပါတယ္။
နား႐ြက္
တ႐ုတ္ဆရာဝန္ေတြရဲ႕ အဆိုအရ နား႐ြက္ေပၚက အေရျပားဟာ ေက်ာက္ကပ္နဲ႔ ဆီးစနစ္ရဲ႕ လုပ္ငန္းေဆာင္တာေတြနဲ႔ ဆက္စပ္ေနပါတယ္။
– နား႐ြက္မွာ ဝက္ၿခံေတြေတြ႕ရင္ အရင္ဆုံး ဆားနဲ႔ ေကာ္ဖီ ေသာက္သုံးမႈကို ေလွ်ာ့ခ်ၿပီး ေရမ်ားမ်ား ေသာက္သင့္ပါတယ္။
ပါးႏွင့္ ပါး႐ိုးမ်ား
ပါး႐ိုးႏွင့္ ပါးျပင္ရဲ႕ အေပၚပိုင္းဟာ အဆုတ္ႏွင့္ ရင္က်ပ္ျခင္းတို႔ကို ေဖာ္ျပေနပါတယ္။ ဒီေနရာေတြမွာ ေပၚလာတဲ့ ဝက္ၿခံေတြဟာ
အသက္ရႉလမ္းေၾကာင္းဆိုင္ရာ ျပႆနာေတြကို ၫႊန္ျပေနပါတယ္။ ဓာတ္မတည့္ရင္လည္း ဒီလိုမ်ိဳးေတြ ေပၚလာတတ္ပါတယ္။
ဒါေပမယ့္ ပါးျပင္ေအာက္ပိုင္းမွာရွိတဲ့ အဖုေတြကေတာ့ သြားႏွင့္ခံတြင္းဆိုင္ရာ ျပႆနာေတြကို ၫႊန္ျပေနပါတယ္။
– ပထမဆုံးအေနနဲ႔ သင့္အသက္ရႉလမ္းေၾကာင္းဆိုင္ရာ က်န္းမာေရးကို အာ႐ုံစိုက္ပါ။ လမ္းေလွ်ာက္ၿပီး လတ္ဆတ္တဲ့ေလကို ရႉပါ၊ ေဆးလိပ္ျဖတ္ပါ၊ ေဆးလိပ္ေသာက္တဲ့ ေနရာမ်ိဳးေတြကို ေရွာင္ပါ။
– သင္ရဲ႕ ခံတြင္းသန႔္ရွင္းေရးကို အထူးဂ႐ုျပဳပါ။ အခ်ိဳေတြကို ေလွ်ာ့စားၿပီး ခ်ိဳေဖ်ာ္ရည္ေတြကို မေသာက္ပါနဲ႔။
ႏႈတ္ခမ္း
ခံတြင္းတစ္ဝိုက္မွာရွိတဲ့ အေရျပားဆိုင္ရာ ျပႆနာေတြဟာ အစာေျခလမ္းေၾကာင္းဆိုင္ရာ ျပႆနာေတြျဖစ္ေနေၾကာင္းကို ေဖာ္ျပေနပါတယ္။ အစာမေၾကျခင္းႏွင့္ အူလမ္းေၾကာင္းမွာ တစ္ခုခုျဖစ္ေနၿပီ ဆိုတာကို ျပတဲ့သေဘာပါပဲ။
– ဒါေၾကာင့္ အဆင္သင့္ စားစရာေတြ၊ ေခါက္ဆြဲဗူးေတြကို မစားပါနဲ႔။ အမွ်င္ဓာတ္ႂကြယ္ဝတဲ့ အစားအစာေတြျဖစ္တဲ့ သစ္သီးေတြႏွင့္ ဟင္းသီးဟင္း႐ြက္ေတြကိုပဲ တတ္ႏိုင္သမွ် စားေပးပါ။
ေမးေစ့
ေမးေစ့နားမွာေပါက္တဲ့ အဖုေလးေတြဟာ မ်ိဳးပြားမႈစနစ္မွာ တစ္ခုခုျဖစ္ေနၿပီ ဆိုတာကို ေျပာျပေနပါတယ္။ ဒီအတြက္ ေနာက္ထပ္ အေၾကာင္းရင္းကေတာ့
ေဟာ္မုန္းဟန္ခ်က္ မညီမႈ ျပႆနာေတြနဲ႔ ရာသီစက္ဝန္းရဲ႕ အခ်ိဳ႕ေသာ ျပႆနာတစ္ခုေၾကာင့္ ျဖစ္ႏိုင္ပါတယ္။ ေမးေစ့ေပၚမွာ ဝက္ၿခံေပါက္လာတိုင္း စိတ္ပူစရာ မလိုပါဘူး။
lotion ဒါမွမဟုတ္ zinc ointment လိုမ်ိဳး ခရင္မ္ေတြကို လိမ္းေပးပါ။ ေမးေစ့မွာ အၿမဲတမ္း အဖုေပါက္လာရင္ေတာ့ ဆရာဝန္ဆီသြားျပတာ ပိုေကာင္းပါတယ္။
Zombie (lovemedia) Credit
Unicode
ဝက်ခြံပေါက်တဲ့နေရာကနေ သင့်ခန္ဓာကိုယ်မှာ ဘာဖြစ်နေလဲဆိုတာ သိနိုင်တဲ့အချက်များ
တရုတ်ဆရာဝန်တွေက လူတွေရဲ့ မျက်နှာကို “ကျန်းမာရေးအတွက် ပြတင်းပေါက်” လို့ ခေါ်ဆိုကြပါတယ်။
ဘာလို့လဲ ဆိုတော့ လူတွေရဲ့ အရေပြားဟာ ချို့ယွင်းချက်တွေနှင့် ခန္ဓာကိုယ် လုပ်ဆောင်မှုဆိုင်ရာ အပြောင်းအလဲတွေအတွက်
အကဲဆတ် တုံ့ပြန်နိုင်တာကြောင့်ပါ။ ဝက်ခြံတွေပေါက်တဲ့ နေရာတွေကနေ သင့်ခန္ဓာကိုယ်မှာ ဘယ်နားက ဘာဖြစ်နေပြီဆိုတာ သိနိုင်ပါတယ်။
နဖူးနှင့် မျက်ခုံး
နဖူး ဒါမှမဟုတ် မျက်ခုံးအထက်မှာရှိတဲ့ အဖုလေးတွေဟာ အချို့သော အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာ ပြဿနာတွေကို ညွှန်ပြနေပါတယ်။
မျက်ခုံးကြားနှစ်ခုကြားက အဆက်လေးကလည်း အသည်းရဲ့ လုပ်ဆောင်မှုတွေကို ကိုယ်စားပြုပေးပါတယ်။
– အဆီများတဲ့ အစားအစာတွေနှင့် ကြော်ထားတဲ့ အစားအစာတွေကို ရှောင်ပြီး အရက်သောက်သုံးမှုကို လျှော့ချခြင်းအားဖြင့် ဒီအခြေအနေကို သိသိသာသာ ပြောင်းလဲနိုင်ပါတယ်။
နှာခေါင်း
နှာခေါင်းပေါ်က ဝက်ခြံတွေဟာ နှလုံးသွေးကြောစနစ်ဆိုင်ရာ ပြဿနာတွေကို ဖော်ပြပေးနေပါတယ်။ အဓိက အကြောင်းရင်းကတော့ စိတ်ဖိစီးမှုကြောင့်ပဲ ဖြစ်ပါတယ်။
– တက်ကြွတဲ့ လူနေမှုပုံစံကို ပြောင်းလဲပြီးတော့ မကြာခဏ အနားယူဖို့နှင့် အိပ်ချိန်ဇယားကို ပြောင်းလဲသင့်ပါတယ်။
နားရွက်
တရုတ်ဆရာဝန်တွေရဲ့ အဆိုအရ နားရွက်ပေါ်က အရေပြားဟာ ကျောက်ကပ်နဲ့ ဆီးစနစ်ရဲ့ လုပ်ငန်းဆောင်တာတွေနဲ့ ဆက်စပ်နေပါတယ်။
– နားရွက်မှာ ဝက်ခြံတွေတွေ့ရင် အရင်ဆုံး ဆားနဲ့ ကော်ဖီ သောက်သုံးမှုကို လျှော့ချပြီး ရေများများ သောက်သင့်ပါတယ်။
ပါးနှင့် ပါးရိုးများ
ပါးရိုးနှင့် ပါးပြင်ရဲ့ အပေါ်ပိုင်းဟာ အဆုတ်နှင့် ရင်ကျပ်ခြင်းတို့ကို ဖော်ပြနေပါတယ်။ ဒီနေရာတွေမှာ ပေါ်လာတဲ့ ဝက်ခြံတွေဟာ
အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာတွေကို ညွှန်ပြနေပါတယ်။ ဓာတ်မတည့်ရင်လည်း ဒီလိုမျိုးတွေ ပေါ်လာတတ်ပါတယ်။
ဒါပေမယ့် ပါးပြင်အောက်ပိုင်းမှာရှိတဲ့ အဖုတွေကတော့ သွားနှင့်ခံတွင်းဆိုင်ရာ ပြဿနာတွေကို ညွှန်ပြနေပါတယ်။
– ပထမဆုံးအနေနဲ့ သင့်အသက်ရှူလမ်းကြောင်းဆိုင်ရာ ကျန်းမာရေးကို အာရုံစိုက်ပါ။ လမ်းလျှောက်ပြီး လတ်ဆတ်တဲ့လေကို ရှူပါ၊ ဆေးလိပ်ဖြတ်ပါ၊ ဆေးလိပ်သောက်တဲ့ နေရာမျိုးတွေကို ရှောင်ပါ။
– သင်ရဲ့ ခံတွင်းသန့်ရှင်းရေးကို အထူးဂရုပြုပါ။ အချိုတွေကို လျှော့စားပြီး ချိုဖျော်ရည်တွေကို မသောက်ပါနဲ့။
နှုတ်ခမ်း
ခံတွင်းတစ်ဝိုက်မှာရှိတဲ့ အရေပြားဆိုင်ရာ ပြဿနာတွေဟာ အစာခြေလမ်းကြောင်းဆိုင်ရာ ပြဿနာတွေဖြစ်နေကြောင်းကို ဖော်ပြနေပါတယ်။ အစာမကြေခြင်းနှင့် အူလမ်းကြောင်းမှာ တစ်ခုခုဖြစ်နေပြီ ဆိုတာကို ပြတဲ့သဘောပါပဲ။
– ဒါကြောင့် အဆင်သင့် စားစရာတွေ၊ ခေါက်ဆွဲဗူးတွေကို မစားပါနဲ့။ အမျှင်ဓာတ်ကြွယ်ဝတဲ့ အစားအစာတွေဖြစ်တဲ့ သစ်သီးတွေနှင့် ဟင်းသီးဟင်းရွက်တွေကိုပဲ တတ်နိုင်သမျှ စားပေးပါ။
မေးစေ့
မေးစေ့နားမှာပေါက်တဲ့ အဖုလေးတွေဟာ မျိုးပွားမှုစနစ်မှာ တစ်ခုခုဖြစ်နေပြီ ဆိုတာကို ပြောပြနေပါတယ်။ ဒီအတွက် နောက်ထပ် အကြောင်းရင်းကတော့
ဟော်မုန်းဟန်ချက် မညီမှု ပြဿနာတွေနဲ့ ရာသီစက်ဝန်းရဲ့ အချို့သော ပြဿနာတစ်ခုကြောင့် ဖြစ်နိုင်ပါတယ်။ မေးစေ့ပေါ်မှာ ဝက်ခြံပေါက်လာတိုင်း စိတ်ပူစရာ မလိုပါဘူး။
lotion ဒါမှမဟုတ် zinc ointment လိုမျိုး ခရင်မ်တွေကို လိမ်းပေးပါ။ မေးစေ့မှာ အမြဲတမ်း အဖုပေါက်လာရင်တော့ ဆရာဝန်ဆီသွားပြတာ ပိုကောင်းပါတယ်။
Zombie (lovemedia) Credit
Crd
Crd