လွန်ခဲ့တဲ့ (၂) နှစ်ကတည်းက ဖျက်စီးခံနေရတဲ့ ပျူမြို့ဟောင်းနှင့် နှုတ်ဆိတ်နေတဲ့ ဆရာကြီးများ

လွန်ခဲ့တဲ့ (၂) နှစ်ကတည်းက ဖျက်စီးခံနေရတဲ့ ပျူမြို့ဟောင်းနှင့် နှုတ်ဆိတ်နေတဲ့ ဆရာကြီးများ













လွန်ခဲ့တဲ့ (၂) နှစ်ကတည်းက ဖျက်စီးခံနေရတဲ့ ကမ္ဘာ့အမွေနှစ်စာရင်းဝင် ပျူမြို့ဟောင်းနှင့် နှုတ်ဆိတ်နေတဲ့ ဆရာကြီးများ..

ပျူမြို့ဟောင်းတွေ ကမ္ဘာ့အမွေနှစ်စာရင်းဝင်ဖြစ်တော့ we did it ဆိုပီး လက်မထောင်ပြတဲ့ ဖားပြုတ်လည်း ခုတော့ ပင်စင်ယူသွားပါဘီ။ ဘာသံမှ မထွက်ကြပါဘူး။ ထို့အတူဘဲ တစ်ချိန်က ဒုဝန်ကြီးအပါဝင် သူတို့မရှိရင် ပျူဟာ ကမ္ဘာ့အမွေနှစ်စာရင်းမဝင်ဘူးလို့ ပြောတဲ့အဖွဲ့လည်း ဘာသံမှ မထွက်ကြတော့ဘူး။ ထို့အတူဘဲ မြောက်များစွာသော ပျူရေးရာကျွမ်းကျင်ပညာရှင်တွေလည်း အသံမထွက်ကြပါဘူး။

ကျနော်တို့လည်း တတ်နိုင်သလောက် လုပ်နေပါတယ် ပြောရင် အဲ့ဒါအပိုတွေပါ။ တတ်နိုင်သလောက် လုပ်ပါတယ်ဆိုကတည်းက မတတ်နိုင်တာတော့ မလုပ်ဘူး၊ ဘာမှလာမပြောနဲ့ဆိုတဲ့ သဘောပါဘဲ။

ရှေးဟောင်းယဉ်ကျေးမှုအမွေနှစ် ထိန်းသိမ်းရေးလုပ်ငန်းမှာ တတ်နိုင်တာ၊ မတတ်နိုင်တာဆိုတာ မရှိဘူး။ လုပ်သင့်တာနှင့် လုပ်ကိုလုပ်ရမယ်ဆိုတာဘဲရှိပါတယ်။ ကျနော်တို့ ဘာတွေ လုပ်ကိုင်ဆောင်ရွက်ထားပါတယ်ဆိုတာက work done ဆိုတဲ့ အလုပ်ပီးမြာက်မှုနဲ့ဘဲ တိုင်းတာပါ။ ထားတော့။

Focal department ဆိုတာကြီးကိုက ခါးချိုး ဘမ ဌာနကြီးဆိုတော့ကာ ဘာများပြောစရာရှိပါဦးမလဲဗျာ။ ပျူမြို့တွေ ဖျက်စီးခံရတာ လွန်ခဲ့တဲ့ ၂ နှစ်ကတည်းက။ ဘာတွေများ ဆောင်ရွက်ခဲ့ကြလို့လဲ။ ဘာတွေများ ပီးမြောက်ခဲ့ကြလို့လဲ၊ ဘာတွေများ ကြိုတင်ကာကွယ်ထိန်းသိမ်းပေးခဲ့ကြလို့လဲ။ ဒါကြောင့် တတ်နိုင်သလောက်ဆိုတဲ့ အပြောကို ကျနော်လက်မခံတာပါ။

ပျူမြို့တွေထဲမှာ ဟန်လင်းဟာ ထိန်းသိမ်းမှုအညံ့ဖျင်းဆုံး ၊ အားအနည်းဆုံး။ သို့ပေမယ့် ခေတ်အဆက်ဆက် အပိုင်းလိုက်ဖြတ်ပြနိုင်တာ ဟန်လင်းပါ။ ပုဂံဟာ ဗိသုကာ နှင့် တည်ဆောက်ရေးပညာထွန်းကားတယ်ဆိုရင် ကျန်တဲ့ ရှေးဟောင်း သုတေသနဆိုင်ရာ တန်ဖိုးကြီးနေရာက ဟန်လင်းပါဘဲ။ မြန်မာပြည်ရဲ့ တန်ဖိုးအကြီးဆုံး ရတနာသိုက်ကြီးပါဘဲ။ ဒီလို ကမ္ဘာ့ယဉ်ကျေးမှုအမွေနှစ်စာရင်းဝင် ဝင်တာခြင်းတူသလို သေနတ်သံတွေ တဒိန်းဒိန်းကြားရတာ၊ သွေးမြေကျရတာ ပျူမြို့တွေရော ပုဂံရော အတူတူဘဲ။

ယူနစ်စကိုကို လှမ်းကြည့်မနေနဲ့ အဲ့ဒါလည်း အပိုဘဲ။ ဂျီနီဗာကွန်ဗန်းရှင်းတောင် အပိုဖြစ်နေတာ world heritage rule and regulation ဆိုတာဟာလည်း သူတို့အတွက်က စာအုပ်ကြီးပါဘဲ။ ဒီတော့ ကိုယ့်အား ကိုယ်ကိုးပါ။ ကိုယ့်ရပ် ကိုယ့်ရွာကို ကာကွယ်ကြပါလို့သာပြောချင် တော့တယ်။ ပြောသာပြောရတယ် ကျနော်တို့မှာ ပြောရင်းနဲ့ အညိုးခံရပါတယ်။ (Zay Myo Lin)



Post Views:
1








Crd