
“လွတ်လပ်ရေးနေ့ အာဏာသိမ်းစစ်ကောင်စီထံ သဝဏ်လွှာပို့သူ သုံးနိုင်ငံသာရှိ အိန္ဒိယ၊ တရုတ်စသည့် အိမ်နီးချင်းနိုင် ငံများမပါ”




crd

Unicode
“လွတ်လပ်ရေးနေ့ အာဏာသိမ်းစစ်ကောင်စီထံ သဝဏ်လွှာပို့သူ သုံးနိုင်ငံသာရှိ အိန္ဒိယ၊ တရုတ်စသည့် အိမ်နီးချင်းနိုင် ငံများမပါ”

အာဏာသိမ်းစစ်ကောင်စီထံ လွတ်လပ်ရေးနေ့ ဂုဏ်ပြုသဝဏ်လွှာပေးပို့သူ သုံးနိုင်ငံသာရှိပြီး ရုရှား၊ ကမ္ဘောဒီးယားနှင့် နီပေါနိုင်ငံတို့ဖြစ်သည်။ ထိုသုံးနိုင်ငံမှ ခေါင်းဆောင်များ က လွတ်လပ်ရေးနေ့ သဝဏ်လွှာပေးပို့ကြောင်း စစ်ကောင်စီထိန်းချုပ် နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြထားသည်။

အင်အားကြီး အိန္ဒိယနှင့် တရုတ်တို့ အပါအဝင် အိမ်နီးချင်းနိုင်ငံများကပင် စစ်ကောင်စီထံ လွတ် လပ်ရေးနေ့ သဝဏ် လွှာပေးပို့ခြင်း မရှိသည်ကို တွေ့ရသည်။

အာဏာသိမ်းပြီးနောက် အနောက်နိုင်ငံ များ၏ ပိတ်ဆို့အ ရေးယူခြင်းအပြင် သံတမန်အသိုင်းအဝိုင်းမှ ဖယ်ကျဉ်ခံထားရသည့် စစ်ကောင်စီ ထံ ပြီးခဲ့သည့်နှစ် လွတ်လပ်ရေးနေ့တွင်လည်း နိုင်ငံအနည်းငယ်ကသာ သဝဏ်လွှာပေးပို့ခဲ့သည်။
နှစ်စဉ် လွတ်လပ်ရေးနေ့ အခါသမယရောက်တိုင်း နိုင်ငံတကာအစိုးရများနှင့် အကြီးအကဲများက ဝမ်းမြောက်ကြောင်း သဝဏ်လွှာများပေးပို့ရှိသည်။ နိုင်ငံခြားရေးဝန်ကြီးဌာ န၏ စာရင်းများအရ မြန်မာနိုင်ငံနှင့် သံတမန်ဆက်ဆံရေး ထူထောင်ထားသည့် နိုင်ငံပေါင်း ၁၂၅ နိုင်ငံရှိသည်။

Crd

Post Views:
8

Crd