TheGeekText.com Copyright©2021 ကူးယူဖော်ပြခွင့်လုံးဝခွင့်မပြုပါ။
■လျှို့ဝှက်ဆန်းကြယ်ပြီးတစ်စုံတစ်ခုကိုဖုံးကွယ်ဖို့အတွက်တည်ဆောက်ထားတဲ့ ဟိုမီလေဆိပ် သို့မဟုတ် ဂရွန်းရေကန် လေဆိပ်

ဟိုမီလေဆိပ် သို့မဟုတ် ဂရွန်းရေကန် လေဆိပ်လို့တရား၀င်ခေါကာ Area 51 က ပင်လယ်ရေမျက်နှာပြင်အမြင့် ၄၄၆၁ ပေမှာ တည်ရှိပြီးမိုင် ၆၀ ပတ်ပတ်လည် ကျယ်ဝန်းပါတယ်။ သူတို့ရဲ့ လေယာဥ်ပြေးလမ်းတွေဟာလည်း ၁၂၀၀၀ ပေရှည်ပါတယ်။ ဒီ နာမည်က ဘယ်ကနေလာတာလဲ။

ကျွန်မတို့လည်းအသေအချာမသိပါဘူး။ သို့သော်လည်းပဲဖြစ်နိုင်တာကတော့ ၎င်းဟာ နာဗာဒါနျူကလိယားစမ်းသပ်ချက်ဒေသနှင့် ပတ်သက်နေပြီး အခုဆိုရင်တော့ ပျော်ဝင်အက်တမ်ဆိုင်ရာ စွမ်းအင်ကော်မရှင်လို့ ခေါ်ပါတယ်။ ဒီလိုမျိုး လေတပ်နှင့်ပတ်သက်ပြီးတော့ ကျွန်မတို့မသိတာတွေ အများကြီးရှိပါသေးတယ်။

ဂရွန်းရေကန်
ဒီဟာလျှို့ဝှက်ဆန်းကြယ်ပြီး တစ်စုံတစ်ခုကို ဖုံးကွယ်ဖို့အတွက်တည်ဆောက်ထားတာပါ။ ထို့အတူ ပြည်သူတွေ လွယ်လွယ်ဝင်ရောက်လို့ရတဲ့နေရာတော့မဟုတ်ပါဘူး။ ပရိသတ်ကြီးထင်တဲ့ လျှို့ဝှက်ချက်တွေဟာ တစ်ခြားသူတွေနည်းတူ မှန်ကောင်းမှန်နိုင်ပါတယ်။

နာဗာဒါနျူကလိယားစမ်းသပ်ချက်
ဒါကို စိတ်ထဲမှာပဲထားပါတော့ ကျွန်မတို့တကယ်သိတဲ့ အချက်အလက်တွေထက် များစွာရှိနေပါတယ်။သမိုင်းတစ်လျှောက်မှာ သက်သေတွေနှင့်တကွ ရှာဖွေတွေ့ရှိထားတာပါ။

ဆယ်စုနှစ်များစွာတိုင်အောင် နာဗာဒါ စမ်းသပ်မှုနှင့် သူ့ရဲ့ ဧရိယာဟာ တရားဝင် ဘယ်မြေပုံပေါ်မှာမှ မပါပါဘူး။ အခုအချိန်တွေမှာတော့ ကျွန်မတို့ဟာ ဒါဘယ်မှာရှိလဲဆိုတာ အတိအကျ သိကြပါတယ်။ လူပေါင်း ၁၅၀၀ လောက်က ထိုနေရာမှာ အလုပ်လုပ်ကြတယ်လို့ ယုံကြည်ကြပါတယ်။
Ref:youtube
Trans:thegeektext
zawgyi
Ref:youtube
Trans:thegeektext